က​လေးမြို့ မဟာမြိုင်တောရကျောင်းက အလှူ​ငွေ​တွေကိုယူ​ဆောင်သွားတဲ့ PDFများ

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မဟာမြိုင်ရှိ
သဲဖြူဆရာတော်ကျောင်းကို PDF အကြမ်းဖက်များဝင်မွှေခဲ့ပြီး သီလရှင်နှစ်ပါးကိုဖမ်းဆီးသွားခဲ့တဲ့အပြင် ဘက်ဟိုး ၃ စီးနဲ့ သဲဖြူဆရာတော်ကြီး မဟာမြိုင်တောထဲမှာ ရွှေတိဂုံစေတီတော် ပုံတူတည်ဖို့ထားတဲ့ အလှူငွေ သိန်း ၂ သောင်းကျော်ကိုလည်း ဓားပြတိုက်ယူဆောင်သွားတယ်လို့ သိရပါတယ်။ ပိုဆိုးတာက သီလရှင်အငယ်တစ်ပါးကိုလည်း မုဒိမ်းကျင့်ယုတ်မာခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 ဒါ့အပြင် မင်းရွာ၊ မြစ်သာမြစ် မြောက်ဘက်အခြမ်းရှိ အလောင်းစည်သူမင်းတည်ထားခဲ့တဲ့ ရှေးဟောင်းမြသိန်းတန်စေတီအပါအဝင် အခြားသော ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦများကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ပါသေးတယ်။ အခု သဲဖြူဆရာတော်ကြီးကတော့ ဘူတန်က ပြန်ရောက်ပြီး လောလောဆယ် မှော်ဘီမှာ အန္တရာယ်
ကင်းရှင်းစွာ သီတင်းသုံးနေတယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post