ဒေသခံပြည်သူများကို ခြိမ်းခြောက်ဆက်ကြေးကောက်ပြီး ကိုယ်ကျိုးစီးပွားရှာသည့် ULA အဖွဲ့ဝင်များ တစ်နေ့တစ်ခြားများပြားလာ

ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA အနေဖြင့် ၎င်းတို့ရန်ပုံငွေအတွက်ဟုဆိုကာ ရပ်ကွက်ကျေးရွာများတွင် ရန်ပုံငွေ(ဆက်ကြေး)ကောက်ခံရေး တာဝန်ခံများထားရှိကာ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် လမ်းဘေးဈေးသည်များပါမကျန် ခေါင်းစဉ်အမျိုးမျိုးပြ၍ ဆက်ကြေးငွေ ခြိမ်းခြောက်တောင်းခံမှုများကို ကိုယ်ကျိုးစီးပွားသဖွယ် ပြုလုပ်လျက်ရှိသည်။

ထိုသို့ပြုလုပ်လျက်ရှိရာ ULA/AA အမ်းမြို့မ ဒုတိုက်နယ်မှူး အောင်တင်သိန်းဆိုသူမှာ ဒေသခံများထံမှ အဓမ္မကောက်ခံထားသည့် ငွေကျပ်သိန်း ၂၀၀ ကျော်ကို ၎င်းတစ်ယောက်တည်းသုံးစွဲလိုက်သဖြင့် ဝေစုမရသူများက မကျေနပ်မှုမရှိသောကြောင့် အချင်းချင်းပြန်လည်တိုင်ကြားကာ ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရသည်ဟု ULA/AA နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေလား၊ မပြေလားဆိုတာ သူတို့မသိဘူး။ သူတို့တောင်းတာ မပေးရင် ဖမ်းဆီးနှိပ်စက်ခံရမယ်ဆိုပြီး ဓားပြပုံစံဆန်ဆန် ခြိမ်းခြောက်နေတော့ ကြောက်လို့ ပေးနေရတာပေါ့ဗျာ။ ULA/AA အဖွဲ့ဝင်အားလုံး ဒီအတိုင်းပဲ၊ ရတဲ့ပိုက်ဆံတွေကို ကိုယ်ကျိုးအသုံးချနေတာ၊ ဖမ်းချုပ်မယ်ဆိုရင် တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူး။ အကုန်လုံး ဒီပုတ်ထဲက ဒီပဲတွေချည်းပဲ၊ အခုက ဝေစုမရတဲ့သူတွေ တိုင်လိုက်လို့ အောင်တင်သိန်းကို နွားရုံတောင်ရွာအနားက ခြံတစ်ခုမှာ ချုပ်ထားတယ်။” ဆိုပြီး ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ULA/AA နယ်မြေမှူး၊ တိုက်နယ်မှူးများသည် သစ်၊ နွား၊ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ကိုင်သူများ၊ လူကုန်ကူးသူများထံမှ ရန်ပုံငွေ(ဆက်ကြေး) အမြောက်အများရယူ၍ ကိုယ်ကျိုးစီးပွားသဖွယ် လုပ်ကိုင်ခွင့်ပြုပေးထားသဖြင့် ရခိုင်ဒေသရှိ လူငယ်များအကြား မူးယစ်ဆေးဝါးများ ပြန့်နှံ့လျက်ရှိပြီး ULA/AA နယ်မြေမှူး၊ တိုက်နယ်မှူးများမှာ စီးပွားဖြစ်ကာ ချမ်းသာလာသည်ဟု ဒေသခံပြည်သူများက ပြောဆိုကြသည်။

#MayYuHtarNay

Post a Comment

Previous Post Next Post