Special(အထူးတပ်ဖွဲ့)


မြန်မာ့တပ်မတော်မှာ အထူး ဆိုပြီး တရားဝင် ခေါ်တဲ့တပ်ဖွဲ့ ၃ခုရှိတယ်။

ကြည်း တပ်မှာ ၂ခု။ ရေတပ်မှာ ၁ခုရှိတယ်။ လေတပ်အတွက်တစ်ခုဖွဲ့သင့်တယ်လို့ သတင်းပို့ခဲ့ဖူးတယ်။

ရေတပ် အထူးတပ်ဖွဲ့ကတော့ ခများတို့သိထားတဲ့ Sealအဖွဲ့ပေါ့။
သူကတော့ ရေပြင်နဲ့ကမ်းတက်အတွက် တာဝန်ယူပေးတယ်။

ကြည်းတပ်မှာကြတော့ အကြမ်းဖက်နှိမ်နင်းရေးတပ်နဲ့ လုံခြုံရေးတပ်ရယ်ဆိုပြီး
၂ခုရှိတယ်။

အကြမ်းဖက်နှိမ်နင်းရေးတပ်ဆိုတာ SOTF (Special Operations Task Force)လုံခြုံရေးတပ် ဆိုတာ SSF(Special Security Force)။

လူတွေကတော့ အကြမ်းဖက်(အကဖ)လို့ပဲသိထားတယ်။

အကြမ်းဖက်တပ်ကို ၁၉၉၆မှာ ရန်ကုန် ရဲမွန်တပ်မြို့မှာ
US armyရဲ့ လေ့ကျင့်မှုနဲ့ စတင်ဖွဲ့စည်းခဲ့တယ်။

အဲဒီ့မတိုင်ခင်ထ လ ရ ခေတ်ဦးကတည်းက အထူးလုံခြုံရေးတပ်ရင်းကို
''လှမ်း''အောက်မှာ
ဖွဲ့ခဲ့တာ။

စဖွဲ့ကတည်းက အရေးကြီးပုဂ္ဂိုလ်အနီးကပ်လုံခြုံရေး နဲ့ မြို့ပြလုံခြုံရေးအတွက်သာ
အသုံးပြုခဲ့တယ်။

၂၀၀၄ ထောက်လှမ်းရေးပျက်တော့ အထူးလုံတပ်ကို အကြမ်းဖက်က အရာရှိ စစ်သည်တွေနဲ့ ဆက်ပြီး
တည်ဆောက်တယ်။

နှစ်ပေါင်း အတော်ကြာအောင် အရေးကြီးပုဂ္ဂိုလ်တွေရဲ့ အိမ်တော်၊ ရုံး၊ အဆောက်အဦ၊လမ်း၊နေရာ တွေကိုဘဲ လုံခြုံရေးလိုက်ပေးခဲ့ကြတယ်။

အရင်ကရှိခဲ့တဲ့ အကြမ်းဖက်နှိမ်နင်းရေးသင်တန်းဟာ
တစ်နှစ်ကို တစ်ကြိမ်ပဲဖွင့်ပါတယ်။
သင်ရိုးညွှန်တမ်းပြောင်းပြီး ၂၀၁၂ကစပြီး အထူးတာဝန်တပ်ဖွဲ့သင်တန်းဆိုပြီး ဖွင့်ခဲ့တယ်။

၂၀၁၃မှာ တရုတ်စစ်ကော်မရှင်နာချုပ်နဲ့
မြန်မာဒုတပ်ချုပ်တို့ဟာ
တပ်မတော်က အရာရှိငယ် ၄၀ကို အထူးတပ်ဖွဲ့ သင်တန်းပို့ချရန်နဲ့ အထူးတပ်ဖွဲ့အတွက်
လေ့ကျင့်ရေးကွင်းဆောက်ဖို့
သဘောတူညီမှု
ရခဲ့တယ်။
ကြံ့ခိုင်ရေး၊ကျန်းမာရေး၊စာပေ စတာတွေကို ဗိုလ်ချုပ်တင်အောင်ချစ်ကိုယ်တိုင် လာစစ်ပြီး ရွေးချယ်ထားတဲ့ လူပေါင်း၁၈၀ကျော်  ထဲမှာမှာ
အရာရှိငယ် ၄၀ကို ဇကာတင် ရွေးချယ်ခဲ့တယ်။

ပြည်ပကို မလွှတ်ခင်မှာ အကြမ်းဖက်နှိမ်နင်းရေးတပ်မှာ
အကြမ်းဖက်နဲ့လုံခြုံရေးတပ်က နည်းပြများနဲ့ Campသွင်းပြီး
လေ့ကျင့်ပေးခဲ့တယ်။

လူ၄၀ ကို အကြမ်းဖက်(အကဖ)၂၀နဲ့
လုံခြုံရေး(လခရ)၂၀ဆိုပြီး ခွဲလိုက်တယ်။

တရုတ်ပြည် ဘေဂျင်း နမ့်ကျင်းနဲ့ ၊ချင်းချောင်းမြို့က
(မြေခွေးတပ်ဖွဲ့ သင်တန်းကျောင်း)ဆီမှာ သင်ကြားစေခဲ့တယ်။

ပညာသင်ကြားပြီးပြန်လာတော့ အဲဒီ့ ၂ဝ ကို တပ်၂ခုမှာခွဲပြီး တွဲဖက်တာဝန်ထမ်းဆောင်စေခဲ့တယ်။

မြန်မာပြည်အထူးတာဝန်တပ်ဖွဲ့သင်တန်း က ထူးချွန်သင်တန်းသားအရာရှိစစ်သည်တွေကိုလည်း တပ်တွေမှာ
ခွဲပြီးတာဝန်ထမ်းဆောင်စေခဲ့တယ်။

နေပြည်တော်က အထူးတာဝန်တပ်ဖွဲ့လေ့ကျင့်ရေးကွင်းကို တရုတ်တပ်မတော်က လာဆောက်ပေးခဲ့တယ်။
သင်တန်းသား၄၀ထဲကနည်းပြ ၅ယောက်ဆီ ပြန်လည်စေလွှတ်ပေးဖို့ တရုတ်တပ်မတော်က တောင်းဆိုတယ်။
နည်းပြတွေ ပြန်ရောက်တော့ အဲဒီ့ကွင်းနေရာမှာပဲ အထူးတာဝန်တပ်ဖွဲ့သင်တန်းကို
စတင်ဖွင့်လှစ်ခဲ့တယ်။
နည်းပြတွေကတော့ အကြမ်းဖက်နဲ့ လုံခြုံရေးတပ်ကပဲ ဖြစ်တယ်။

အဲဒီ့အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်းမှာပဲ အကြမ်းဖက်နဲ့ လုံခြုံရေးတပ်က အဖွဲ့တွေဟာ နိူင်ငံတကာကို အထူးတပ်ဖွဲ့ရဲ့စွမ်းရည်တွေဟာ
ကမ္ဘာ့အဆင့်မှီကြောင်းပြသနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အမျိုးသမီး အထူးတပ်ဖွဲ့သင်တန်းသားတွေပါဝင်လာပြီး အထူးတပ်ဖွဲ့တာဝန်တွေကို
တွဲဖက်တာဝန်ထမ်းဆောင်နေကြပါပြီ။

အမှန်တကယ်တော့ အကြမ်းဖက်နှိမ်နင်းနဲ့လုံခြုံရေးဟာ သဘောတရား
တူသယောင်ရှိပါတယ်။

အကြမ်းဖက်နှိမ်နင်းရေးသင်ခန်းစာမှာ
လုံခြုံရေးဘာသာရပ်ဟာ မိုင်နာဘာသာရပ်ဖြစ်ပြီး
လုံခြုံရေးဘာသာရပ်မှာကြတော့ အကြမ်းဖက်နှိမ်နင်းရေးဘာသာရပ်ဟာ
မိုင်နာဘာသာရပ်
ဖြစ်တယ်။

အခုဆိုရင် အထူးတာဝန် တပ်ဖွဲ့သင်တန်းဟာ အပတ်စဉ်(၁၁)ထိရောက်ရှိနေပြီဖြစ်တယ်။

ဒါ့အပြင်
၂၀၁၃ခုနှစ်ကစပြီး အကြမ်းဖက်နှင့်လုံခြုံရေးတပ်ရင်းတွေကို အဓိကကျသော မြို့တွေမှာ
ထပ်မံတိုးချဲ့ဖွင့်လှစ်ထားခဲ့ပြီးဖြစ်တယ်။

ဒါပေမဲ့ ''အထူးတပ်ဖွဲ့တာဝန်စစ်ဆင်ရေးဌာန'' ကိုမဖွင့်နိူင်သေးပါ။

၂၀၁၆ခုနှစ်က တင်ပြခဲ့ကြတယ်။
လက်ရုံးတပ်ဖွဲ့တစ်ခုလို အထူးတပ်ဖွဲ့တွေ ဖွဲ့သင့်ကြောင်း။

အခုတော့
ဖွဲ့စည်းပြီးပြီလို့ ထင်မိပါတယ်။

အထူးတပ်ဖွဲ့ တွေထွက်လာမှ မြို့ပြကိုပိုင်နိုင်အောင်
ထိန်းနိုင်မှာဖြစ်တယ်။

မနေ့က မန်းလေးမှာ
လိုက်လံပြီးကစ်တဲ့ တပ်ဖွဲ့ဟာ အထူးလုံခြုံရေးတပ်ဖွဲ့( SSF) ဖြစ်ပြီး တပ်မှုးက DSA(48) ကပါ။

မြေပြင်မှာနောက်က
လိုက်ပြီး
ဆော်ခဲ့သူကတော့
DSA(55) ကဖြစ်တယ်။

အထူးလုံခြုံရေးတပ်၏ဆောင်ပုဒ်မှာ
''The homeland of guardians of security.''
ဖြစ်တယ်။

အခုအချိန်မှာ
သူတို့ကိုစတင်အသုံးပြုနေပါပြီ။

အထူးတပ်ဖွဲ့တွေကို လျို့ဝှက်စွာ
ကိုင်တွယ်ခိုင်းထားတဲ့ စစ်ဆင်ရေး(operation)အများကြီး
ရှိနေပါပြီ။

ပြည်တွင်းကိုဝင်ရောက်နေတဲ့
ဝင်ရောက်လာတဲ့
မည်သည့်အကြမ်းဖက်အဖွဲ့မဆို
အလွယ်တစ်ကူချေမှုန်းခံရမှာပါဘဲ။

ဒါ့အပြင်
မိမိဆန္ဒအလျှောက်စာရင်းပေးပြီး
PDF ချေမှုန်းရေးမှာ
ပါဝင်လာမယ့်
ပြင်ပကလူငယ်တွေ မိန်းခလေးငယ်တွေဟာလည်း
အထူးတပ်ဖွဲ့တွေနဲ့အတူတူ
ပူးတွဲလေ့ကျင့်နေကြပါပြီ။

ပြည်သူတွေကလည်း
တက်ကြွစွာပါဝင်ကူညီဖို့အသင့်ပါ။

မကြာမှီမှာ
သတင်းကောင်းများစွာကို ကြားသိရတော့မည်ဖြစ်ပါကြောင်း

crd



ချစ်စွာဖြင့်

ဒဿကြီး

Post a Comment

Previous Post Next Post