"(၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး(20th AACC) ကျင်းပပြီးစီး"


“"ASEAN Air Forces’ Cooperation for Sustainable Environment" အကြောင်းအရာကို ဆွေးနွေးခဲ့ကြဟုဆို”
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး(20th AACC)ကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)ရှိ ပတ္တမြားခန်းမ၌ စက်တင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းထုတ်ပြန်မှုအရ သိရသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ဆောင်ရွက်၍ ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်သော "ASEAN Air Forces’ Cooperation for Sustainable Environment" အကြောင်းအရာကို အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာသည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတိုမှ လေတပ်ဦးစီးချုပ်များက အသီးသီးဆွေးနွေးခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်များက Video Message ပေးပို၍ ပါဝင်ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။
ထိုနောက် သီးခြား ဆွေးနွေးလိုသောအချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြကြောင်း သတင်းတွင် ဖော်ပြထားသော်လည်း အစည်းဆုံးဖြတ်ချက်အသေးစိတ်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

Post a Comment

Previous Post Next Post