မာရဝိဇယဘုရားကြီးဝင်​ကြေး​ကောက်ခံခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းချက်

မာရဝိဇယဘုရားကြီးမှာရှိတဲ့ ဝန်ထမ်းတွေဟာ ဘုရားဖူးတွေမရောက်ခင် နံနက် ၅ နာရီခွဲကနေ ဘုရားဖူးအားလုံးပြန်ပြီးတဲ့ ည ၉ နာရီအထိ တာဝန်ထမ်းဆောင်ကြရပါတယ်.... သန့်ရှင်းရေးဝန်ထမ်းတွေဆိုရင်လည်း တခြားကုမ္ပဏီဝန်ထမ်းတွေလိုမျိုး Aircon ခန်းထဲမှာ ဇိမ်နဲ့ သန့်ရှင်းရေးလုပ်ရတာမျိုးမဟုတ်ဘဲ အမိုးအကာမရှိ၊ နေပူပူ မိုးရွာရွာ လေတိုက်တိုက် တစ်နေကုန် အပူထဲ အစိုထဲမှာ ဖိနပ်မစီးဘဲ တာဝန်ထမ်းဆောင်နေကြရတာပါ
အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေဟာ သဒ္ဓါကြည်ဖြူစွာနဲ့ ဘုရားကြီးရဲ့ ဝေယျာဝစ္စအတွက် တစ်ထောင်ထက်မက လှူဒါန်းနေကြတာ အမှန်ပဲ... ဒါပေမဲ့ ဒီလိုမျိုး ဘုရားကြီးအတွက်ရည်စူးပြီး လှူဒါန်းတဲ့ အလှူငွေတွေကို ဝန်ထမ်းတွေအတွက် လစာပေးဖို့ မဖြစ်နိုင်ပါဘူး.... ဒီအလှူငွေတွေကို ရုပ်ပွားတော်ကြီးရင်ပြင်တော်နဲ့ ကျောက်စာရုံစေတီတော်တွေရဲ့ ဝေယျာဝစ္စအတွက် သုံးနိုင်ပေမဲ့ ဘုရားကြီးပရဝုဏ်ထဲက အပင်ပေါင်း ၁၀၀၀ ကျော်နဲ့ မြက်ခင်းတွေကို နေ့စဉ်ရေလောင်းဖို့တွေ၊ မီတာခတွေ၊ ဝန်ထမ်းပေါင်းရာကျော်အတွက် လုပ်အားခတွေကိုတော့ဖြင့် ဒီအလှူငွေတွေထဲက သုံးလို့မဖြစ်နိုင်ပါဘူး.... 
ဒါကြောင့်လည်း ဗုဒ္ဓဥယျာဉ်တော်ကြီးတစ်ခုလုံး ရေရှည်တည်တံ့ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့ ဝန်ထမ်းတွေရဲ့ လုပ်အားခအတွက် ဖုန်း၊ ကင်မရာ၊ အလှဓာတ်ပုံ၊ Video ရိုက်တာတွေနဲ့ ယာဉ်ရပ်နားခတွေကို ကုသိုလ်တော်အဖြစ် ပါဝင်နိုင်ဖို့ သတ်မှတ်ထားတာပဲဖြစ်ပါတယ်....ဒီသတ်မှတ်နှုန်းထားတွေဟာ ဘုရားဖူးခမဟုတ်တာကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ သဘောပေါက်နားလည်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်....

Post a Comment

Previous Post Next Post