အမုန်းတရားတွေလုပ်နေရင် တိုင်းပြည်နစ်နာဖို့ပဲရှိကြောင်း နစက ဥက္ကဋ္ဌပြောကြား

🇲🇲💙🇲🇲💙🇲🇲💙
နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးမှာကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၄/၂၀၂၃)တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နစက ကောင်စီဝင်တွေကို ပြောကြားရာမှာ ယင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်...

🎖️ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ 
🎖️ရသလောက်ကျွန်တော်လုပ်သွားမှာပဲ။ 
🎖️ရအောင်လုပ်သွားမယ်။ 
🎖️အဲ့ဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့ အားလုံး သံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော် တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှုရှုရောက်မယ်ဆိုတာကို တွေ့ပါ တယ်...
ဒါလေးတွေဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့ အတွက် တိုက်တွန်းလိုပါတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်...
#crd

Post a Comment

Previous Post Next Post