သက်ဆင်ရှင်နာဝပ်ကို ထောင်ဒဏ် ၈ နှစ်မှ ၁ နှစ်သို့ ထိုင်းဘုရင် လျှော့ပေါ့ပေး


ထိုင်းနိုင်ငံ၏ ဘုရင် မဟာဝိဇယလောင်ကွန်းသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား ထောင်ဒဏ် ရှစ်နှစ်မှ တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

ထိုင်းနိုင်ငံမှ ၁၅ နှစ်ကြာ ထွက်ခွာနေခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ်က ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလွှာကို တင်သွင်းခဲ့သည်။

ထို့ကြောင့် ထိုင်းဘုရင့် နန်းတော်မှ ယနေ့ သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဘုရင်သည် သက်ဆင်၏ သစ္စာတရားကို အသိအမှတ်ပြုပြီး “ဘုရင်မင်းမြတ်၏ ကြင်နာသနားမှုဖြင့် သက်ဆင်ရှင်နာဝပ်ထရာအား ပြစ်ဒဏ် ၈ နှစ်မှ ၁ နှစ်သို့ လျှော့ချလိုက်သည်” ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဘုရင်စနစ်အပေါ် သစ္စာစောင့်သိမှုနှင့် ၎င်း၏အတိတ်လုပ်ရပ်များကို ထည့်သွင်းစဉ်းစားကာ သက်ဆင်က တိုင်းပြည်အတွက် ဝန်ချတောင်းပန်ခြင်းကို အတည်ပြုလိုက်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Popular News Journal

Post a Comment

Previous Post Next Post