အလင်းဝင်ရောက်လာသူများပြားလာရခြင်းအကြောင်းအရင်း


နစကရဲ့ ဖိတ်ခေါ်ချက်အရ တောထဲက PDF လေးတွေ အလင်းပြန်ဝင်လာတာ ကျား (၅၀၂) ဦး၊ မ(၁၄၆) ဦး၊ စုစုပေါင်း ၆၄၈ ဦး ရှိနေပြီဖြစ်ပါတယ်..

ယခုလအတွင်း PDF လေးတွေ မိဘရင်ခွင်ထံ ပြန်လည်ဝင်ရောက်လာသူ (၇၆) ဦး ရှိပြီး ယခင်လများထက် သိသိသာသာများပြားလာပါတယ်…

ဒီလိုဖြစ်ရခြင်းအကြောင်းရင်းများစွာထဲက အဓိကအချက်ကတော့ တောထဲမှာ ဘဝပျက် ရည်မှန်းချက်မဲ့နေတဲ့ PDF တွေကို နစကဘက်က နွေးနွေးထွေးထွေး ကြိုဆိုပြီး မိဘရဲ့ အရိပ်အာဝါသအောက်မှာ ဘဝပြန်လည်ရှင်သန်စေဖို့ အခွင့်အရေးပေးလို့ဖြစ်ပါတယ်…

ပြန်လည်ဝင်ရောက်လာသူ PDF တွေရဲ့ ပြောဆိုချက်များအရ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ချင်လို့ လက်နက်ကိုင်လမ်းစဉ်ရွေးချယ်ခဲ့တဲ့ လူငယ်အများစုဟာ တော်လှန်ရေးကာလ ၂ နှစ်ကျော်လာချိန်မှာ သူတို့ရဲ့ အသက်၊ ခန္ဓာပေးဆပ်ရမှုတွေဟာ သူတို့မျှော်မှန်းထားတဲ့ စစ်အာဏာရှင် တိုက်ထုတ်ရေးမဟုတ်ဘဲ လူလည်နိုင်ငံရေးသမားများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ အသုံးချခံအဖြစ် သိမြင်လာကြပြီဖြစ်ပါတယ်…

အထူးသဖြင့် တောထဲမှာ အသေခံတိုက်ခိုက်တဲ့ PDF တွေကို အကြောင်းပြပြီး နိုင်ငံကြီးတွေကို ထွက်ပြေးတိမ်းရှောင်နေတဲ့ နိုင်ငံရေးသမားများရဲ့ အလှူခံလုပ်စာ လုပ်ကွက်များ ပေါ်ပေါ်တင်တင် ထင်ထင်ရှားရှား သိမြင်လာကြပြီးနောက်မှာတော့ တောထဲက PDF လေးတွေ ရင်ထုမနာဖြစ်နေရပါတယ်….

ငါတို့ကတော့ ဘဝပျက်အသေခံတိုက်ပွဲဝင်နေရပြီး သူတို့ကတော့ လေလှိုင်းထဲက မြှောက်ပေး၊ အလှူခံငွေနဲ့ မိသားစုလိုက် လုပ်စားနေကြတာကို ထင်ရှားစွာ မြင်တွေ့နေကြပြီးဖြစ်ကြောင်း သိရပါတယ်…

ပြန်လည်ဝင်ရောက်လာသူများအတွက် ဝမ်းသာမိသလို သူတို့ရဲ့ မိဘတွေနဲ့ နိုင်ငံတော်အတွက်လည်း တန်းဖိုးရှိလူငဘ်များ ပြန်လည်ရောက်ရှိလာလို့ ဒီထက်များများ ပြန်လာကြပါစေလို့ ဆုတောင်းပေးပါတယ်…

ဒါပေမဲ့ အသည့်တရားရလို့ အလင်းဝင်တာဆိုရင်တော့

ဝမ်းသာတယ်နော်

မဟုတ်တယုတ်လုပ်လို့ကတော့ နားမယ်ဆိုတာမှတ်ထားကျ...
crd

Post a Comment

Previous Post Next Post