တော်လှန်ရေးပြီးမှာ ကြောက်နေကြသူများနဲ့ ဒီမိုလောက အကွဲအပြဲများ


NUG/PDF အကြမ်းဖက်အဖွဲတွေရဲ့ နွေဦးတော်လှန်ရေးဟာ မအောင်မြင်နိုင်ဘူးလို အစကတည်းက ပြောခဲ့ပြီးသားပါ။ ဘာကြောင့် ဒီလို တပ်အပ်ပြောနိုင်တာလဲဆိုတော့ တော်လှန် ရေးအကြောင်းပြပြီး ကိုယ်ကျိုးစီးပွားရှာ လုပ်စားနေကြတဲ့ ကိုယ်ကျိုး အတ္တများတဲ့ သူခိုး ကြမ်းပိုးတွေ ပေါလိုပါပဲ။ NUG က ဝံချီးဆိုသူတွေနဲ့ ပန်ဆယ်လိုတိုလို Fundraiser တွေရဲ့ ငွေကြေးလိမ်လည်မှုတွေကအစ၊ မြေပြင်က PDF/CDM တွေ ငွေကြေးထောက်ပံ့မှု မရရှိလို ပြဿနာတွေ တက်နေကြတာတွေက အလယ်၊ ဘွန်းနဲ့ နွေဦးထီဆိုပြီး ဂျင်းထည့်ခဲ့ကြတာ အဆုံး အားလုံးက ယုံကြည်တဲ့ ပြည်သူတွေအပေါ် ဂျင်းထည့်ခဲ့ကြတဲ့ လုပ်ရပ်တွေဆိုတာ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ ဘူးပေါ်သလို ပေါ်လာနေကြပါပြီ။

တချိုကျတော့လည်း လူမှုကွန်ရက်ပေါ်မှာ ထောက်ပိုအမည်ခံကာ PDF တွေပဲ နိုင်နေ သယောင်ရေးသားပြီး တိုက်ပွဲဖြစ်စဉ်မရှိဘဲ တိုက်ပွဲဖြစ်သယောင်ဖန်တီးကာ လိမ်လည် အလှူခံ လုပ်စားနေကြတယ်။ တချိုဆိုရင် တော်လှန်ရေးကောင်းမှုကြောင့် ချမ်းသာတဲ့သူတွေက ချမ်းသာသွားကြသလို တချိုကျတော့လည်း ခပ်တုံးတုံးပြည်သူတွေကလှူတဲ့ ပိုက်ဆံတွေနဲ့ နိုင်ငံခြားမှာ မိသားစုလိုက် မသုံးဖူးတာတွေသုံး၊ မစားဖူးတာတွေစားပြီး လောကစည်းစိမ်ကို အပြည့်အဝ ခံစားနေကြတယ်။
ပြောရမယ်ဆိုရင် NUG မှာ ဝံချီးရာထူးယူထားတဲ့ ဇော်ဝေစိုးတို၊ ရည်မွန်တိုလို ကြောင်ဖားကြီးတွေပေါ့။ သူများသားသမီးတွေကိုတော့ ကျောင်းမတက်နဲ့ ကျောင်းထွက်ဆိုပြီး မြှောက်ပေးတာတွေနဲ့ လူငယ်လူရွယ်တွေကို PDF အဖွဲတွေထဲဝင်ဖို နည်းမျိုးစုံနဲ့ မြှောက်ပေး ထိုးကျွေးခဲ့ကြတယ်။  သူတိုရဲ့ သားသမီးတွေကိုကျတော့ PDF အဖွဲတွေထဲ မဝင်ခိုင်းတဲ့အပြင် ပြည်ပက ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ အလှူခံလိုရတဲ့ငွေတွေကို အရင်းပြုပြီး အဆင် ပြေပြေ ကျောင်းတက်ပညာသင်ခိုင်းနေကြတာ အားလုံးသိတဲ့အတိုင်းပဲ။ နောက်တစ်ယောက် ကတော့ တော်လှန်ရေးရန်ပုံငွေတွေနဲ့ တဏှာရမ္မက်စည်းစိမ်ကို အပြည့်အဝ ခံစားနေတဲ့ လွင်ကိုလတ်ပါပဲ။ မယားကြီးနဲ့ သမီးကို အမေရိကန်ပိုပြီး မြနှင်းရည်လွင်နဲ့ ခိုးစားတယ်။ နောက်တော့ စစ်ဘေးရှောင်စခန်းက စမောလေးတစ်ယောက်နဲ့ ထပ်ငြိပြီး ကလေးမွေး တယ်။ အခုဆိုရင် အဲဒီစမောလေးနဲ့ ကလေးကိုတောင် အမေရိကန်ကို ပိုပြီးသွားပြန်ပြီတဲ့။ ဒီသတင်းတွေကိုလည်း သူတိုအချင်းချင်းကဖော်လို သိရတာပါ။
ဒါ့အပြင် ပန်ဆယ်လိုနဲ့ ပိုးဖြူသန့်တိုလို ထောက်ပိုအကြီးစားတွေဟာ ရရှိထားတဲ့ အလှူငွေတွေကို PDF တွေဆီ အကုန်ထောက်ပံ့မပေးဘဲ သူတိုကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေကြတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ ပန်ဆယ်လိုဆိုရင် ပြည်ပရောက်ပြီး ၂ နှစ် အတွင်းမှာ ဘာအလုပ်မှ မည်မည်ရရမလုပ်ဘဲ အမေရိကန်လို နိုင်ငံမျိုးမှာ သူ့ရဲ့မိသားစုတွေ အကုန်လုံးကို ဇိမ်ကျကျတင့်တောင့်တင့်တယ် ကျွေးထားနိုင်ပြီး ကိုယ်ပိုင်စတိုးဆိုင်ကြီးပါ ပိုင်ဆိုင်နေပြီ။ ပိုးဖြူသန့်ဆိုရင်လည်း ရရှိထားတဲ့ အလှူငွေတွေနဲ့ မစားဖူးတာတွေစား၊ မသွားဖူး၊ မရောက်ဖူးသေးတဲ့ နေရာတွေကို အပန်းဖြေခရီးထွက်ပြီး ဇိမ်ကျကျနှပ်နေတာ မမြင်ချင်မှအဆုံး။  ပြောရမယ်ဆိုရင် ဒီလိုတွေ နေနိုင်လုပ်နိုင်တာက တော်လှန်ရေးအကြောင်းပြ ထောက်ပိုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကြောင့်ပဲဖြစ်ပါတယ်။ အဲဒီ အမာခံထောက်ပိုနှစ် ယောက်ဖြစ်တဲ့ ပန်ဆယ်လိုနဲ့ ပိုးဖြူသန့်တို တည့်လားဆိုတော့လည်း အလှူငွေကိစ္စတွေနဲ့ ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲ ရန်ဖြစ်နေကြတာ မကြာခဏဆိုသလိုပါပဲ။ သရဝဏ်(ပြည်) တို၊ ရန်ရန်ချမ်းတိုဆိုရင်လည်း တော်လှန်ရေးရဲ့ကောင်းမှုကြောင့် ပြည်ပမှာ သာယာနေကြပြီ။ တော်လှန်ရေးလုပ်နေတာချင်းအတူတူ ထားထက်ထက်တို၊ ဇွဲလှိင်မှီတိုဆိုရင်လည်း အခွင့်ထူး ခံတွေဖြစ်ပြီး သာယာနေကြပြီ။ ဒါတွေဟာ ကိုယ့်အချင်းချင်းအပေါ် ကတုံးပေါ်ထိပ်ကွက်ပြီး လည်သူစားစတမ်း ဖျံကျနေတဲ့အကွက်တွေပဲဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် အရင်က ချိုချိုတဲ့တဲ့နဲ့ မပြည့်မစုံနေခဲ့ရပြီး တော်လှန်ရေး ခေါင်းစဉ်တပ် လုပ်စားရင်းနဲ့ ကြီးပွားချမ်းသာလာကြတဲ့ နိုင်ငံရေးစားဖားတွေေအားလုံးဟာ တော်လှန်ရေး ပြီးဆုံးသွားမှာကို အကြောက်ဆုံးဂြိုလ်သားတွေပဲဖြစ်ပါတယ်။
ပြီးတော့ တော်လှန်ရေးလုပ်နေကြပါတယ်ဆိုတဲ့ အိုင်းရင်းနဲ့ ပန်ဆယ်လိုတိုရဲ့ ငွေကြေး အရှုပ်တော်ပုံ အကွဲအပြဲရန်စောင်မှုတွေ၊ ပန်ဆယ်လိုနဲ့ ဆေးသမား ရဲဝံ့သူတိုရဲ့ စကားလုံး စစ်ပွဲတွေ၊ ပန်ဆယ်လိုနဲ့ နဂါးတိုရဲ့ အောက်ဖဲလှန်မှု ငွေကြေးအရှုပ်တော်ပုံတွေ၊ ပန်ဆယ်လိုနဲ့ သက္ကမိုးညိုတိုရဲ့ ရန်စောင်မှုပြဿနာတွေ၊ ပန်ဆယ်လိုနဲ့ မြတ်အောင်တိုရဲ့ အပြန်အလှန် စကားစစ်ထိုးပွဲတွေ၊ မြတ်အောင်နဲ့ KNU၊ PDF တိုရဲ့ ငွေကြေးအရှုပ်တော်ပုံ အပြန်အလှန် စွပ်စွဲမှုတွေ၊ အခြောက်မ ဟိန်းဇော်ညိုနဲ့ အိုင်းရင်းတိုရဲ့ ရန်စောင်မှုတွေ၊ စလုံးနဲ့ ရဲမင်း၊ မိသင်း တိုရဲ့ ငွေကြေးအရှုပ်တော်ပုံတွေ၊ NUG နဲ့ Local PDF တိုရဲ့ ထောက်ပံ့ငွေ မရရှိမှု ပြဿနာ တွေဟာ မကြားချင်မှအဆုံး နေ့စဉ်နဲ့အမျှ လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့နေရတဲ့ ဟိုးလေး တကျော်ကျော် သတင်းတွေပဲဖြစ်ပါတယ်။ ဒါတွေဟာလည်း အချင်းချင်း အကွက်ကျော်လုပ်စား နေတာတွေကြောင့် မြွေမြွေချင်း ခြေမြင်လို အခုလို မဖုံးနိုင်မဖိနိုင် အကွဲအပြဲဇာတ်လမ်းတွေ ဖြစ်လာခြင်းဖြစ်ပါတယ်။
အဲဒီလိုမျိုးကွဲပြဲပြီး တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြတာက သူတိုတွေတင် ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ တစ်သံတည်းညီ တစ်ချီတည်းရုန်းပြီး အားလုံးပူးပေါင်း တော်လှန်ကြမယ်ဆိုတဲ့ NUG လက်အောက်ခံ ပကဖ၊ ပအဖ၊ ပလဖနဲ့ NUG လက်အောက်ခံ မဟုတ်တဲ့ PDF တွေဟာ အချင်းချင်းနယ်မြေလု၊ အာဏာလုပြီး အပြန်အလှန် ဖမ်းဆီး သတ်ဖြတ်တာတွေကလည်း မကြားချင်မှ အဆုံးပါပဲ။ ဒီလိုမျိုး ဖြစ်ပျက်နေတာတွေကို NUG က တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဖြေရှင်းပေးသလားဆိုတော့ သိသိချည်းနဲ့ မသိချင် ယောင်ဆောင်ပြီး အလှူငွေနောက်ကိုပဲ လိုက်နေကြတယ်။ NUG ဆီ အားကိုးတကြီးနဲ့ တိုင်ကြားကြတဲ့ အမှုအားလုံးဟာလည်း စုံစမ်းစစ်ဆေးအရေးယူပါ့မယ်ဆိုတဲ့ ပြန်ကြားချက် ကလွဲပြီး ဘာတစ်ခုမှ အဖြေတိတိကျကျ ထွက်လာတယ်ဆိုတာ မရှိပါဘူး။
ကျန်တာမကြည့်ပါနဲ့ ယင်းမာပင်နယ်မှာ PDF တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၂၀ ကျော်ကိုသတ်ခဲ့တဲ့ သံမဏိကိစ္စမှာ သက်သေအထောက်အထားစုံတာတောင် လက်နက်ပဲ ဖြုတ်သိမ်းမယ်ဆိုတဲ့ NUG ရဲ့ ဆုံးဖြတ်ချက်က အချိန်ကာလကြာမြင့်လာတဲ့အခါ အခုဆိုရင် သံမဏိဟာ ယင်းမာပင်ခရိုင် တပ်မဟာရဲ့ ဒုဥက္ကဋ္ဌတောင် ဖြစ်နေပြီဆိုပဲ။ နောက် ခိုးမှုနဲ့မိတဲ့ ကလေးတွေနဲ့ အမျိုးသမီးငယ်လေးတွေကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ ချောင်းဦး ပကဖတွေ ဟာလည်း သူတိုရဲ့ အဖွဲထဲမှာ သာမန်အဖွဲဝင်တွေလိုပဲ အေးအေးဆေးဆေး သွားလာခွင့်ရနေ တယ်ဆိုပဲ။ ပြီးတော့ နဂါးနဲ့ NUG တိုကြားက ပြဿနာကိုကြည့်မယ်ဆိုရင်လည်း NUG က နဂါးကို သူတိုအောက်ထဲကို ဆွဲသွင်းချင်တာ။ ဒါပေမဲ့ နဂါးက NUG အောက်ကို ဝင်ရမယ်ဆိုရင် တပ်ရင်းတစ်ရင်းစာ လက်နက်တပ်ဆင်ပေးရမယ်လို ပြောခဲ့တဲ့ပြဿနာကစပြီး အခုဆိုရင် နဂါးကို လုပ်ကြံဖိုအတွက် NUG က ပကဖတွေကို စေခိုင်းခဲ့တဲ့အဆင့်ထိပါဖြစ်လာခဲ့ပြီ။ ၈၈ တုန်းကအချိုးမျိုး လာမချိုးနဲ့ပြောပြီး ၈၈ တုန်းကလိုပဲ အချင်းချင်းတွေ ဖြုတ်ထုတ်သတ် လုပ်နေကြပြီ။
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အပေါ်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေအား လုံးဟာ “ငါတိုနိုင်နေပြီ” ကနေ “ငါတိုနိုင်မှာပါ” ဆိုပြီး ပြောင်းလဲလာတဲ့ တော်လှန်ရေးပြီးမှာ ကြောက်နေကြသူများနဲ့ ဒီမိုလောက အကွဲအပြဲများရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန် ဇာတ်လမ်း တွေပဲဖြစ်ပါတယ်။
နိုင်ထူး

Post a Comment

Previous Post Next Post