ငါတို့နိုင်......မနိုင်


NLD အမတ်တွေတော့
အော်စီ နိုင်ငံဆီ တသုတ်ပြီးတသုတ်ထွက်ကုန်ကြပြီ
ပြီးခဲ့တဲ့အပတ်က တသုတ်
အခု တသုတ် ဆိုပါတော့
သူတို့ပြောနေတဲ့ ဆင်ခြေကို နားထောင်ပြီး
တရားကျမိတယ်။

သူတို့က နိုင်ငံခြားမထွက်ချင်ပါဘူး
ကလေးတွေ အတွက်ပညာရေး အတွက်ပါတဲ့

ဟင်
ဒါဆိုရင် မြန်မာပြည်ထဲက
ကလေးတွေရဲ့ ပညာရေးအတွက် ဘာလုပ်ပေးမှာလဲ
ခင်ဗျားတို့က လွှတ်တော်အမတ် လို့ တာဝန်သိတတ်ရင်
ကိုယ့်ဒေသက လူတွေအတွက် တခုခု လုပ်ပေးရမယ်လေ

အခုဟာက
ကိုယ့်နယ်မြေအတွက်လဲ ဘာမှမလုပ်ပေးဘူး
ကျောင်းတက်တဲ့ကလေးတွေကိုကျတော့ ရန်လုပ်
ခင်ဗျားတို့ ကလေးတွေအတွက်ကျတော့
ပညာရေး ပြတ်မှာ စိုးရိမ်သလား

တကယ်တော့
ထိုင်းနိုင်ငံ အပါအဝင်
နိုင်ငံခြားရောက် NLD အမတ်အများစုက
အခွင့်ထူးခံတွေပါ ။

CDM တွေ ဒုက္ခရောက်နေချိန်
သူတို့က အိမ်တွေ၊
လစဉ်သုံးထောက်ပံ့ကြေးတွေနဲ့
ငြိမ့်နေကြတယ်။

CRPH အတွင်းရေးမှူး ကိုထွန်းမြင့် ဆိုရင်
ဆိုင်ကယ်အမြင့်ကြီး စီး
သူနဲ့ အဆင်ပြေတဲ့ အမတ် ဆိုရင်
တလ ဘတ် (၇) ထောင်
အဆင်မပြေရင် တလ ဘတ် (၃၀၀၀) တဲ့

ဟိုတလောကလဲ
မိန်းမရှုပ်လို့ ဆိုပြီး သူ့အမျိုးသမီးက အချွန်နဲ့ ထိုး
အိမ်ကနေ ဆင်းသွားတာ
ဘယ်အိမ် သွားတယ်ထင်သလဲ

မကွေးတိုင်းက အမတ်မလေး အိမ်ဆိုလား
တက်နေသတဲ့
ဟိုကလေးမ ခင်ဗျာ
စိတ်ညစ်နေသတဲ့
အတော်ရှုပ်တဲ့သူ

တော်သေးတယ်
မိန်းမဆီ ပြန်ရောက်သွားလို့

အောင်မယ်
မဲဆောက်က VIP အိမ်ကြီးတွေမှာ
ရုံးခန်းလိုလို လုပ်
ညွှန်ချုပ်ခန့်ထားသူက
ဘတ်တသောင်းခွဲ လခ ရတယ်ဆိုပဲ

တတိယ နိုင်ငံမထွက်ခင်လဲ လခယူ
အမေရိကား အော်စီရောက်တော့လဲ လခယူကြ

အဆင်ပြေချက်ကတော့နော်

အဆင်ပြေတာ ဝမ်းသာပါတယ်

ဒါပေမယ့်
ပြည်တွင်းက ပညာရေးကိုကျတော့
ရန်လုပ် ခြိမ်းခြောက်
ကိုယ့်သားသမီးကျတော့
အမေရိကန် ၊ အော်စီမှာ ပညာဆက်သင်

တရားသလား မတရားသလား
ကိုယ့်ဘာသာ စဉ်းစားကြ

“ တရားတဲ့သူသာ နိုင်ကြေးဟေ့” တဲ့

NLD ထွက်ပြေး အမတ်တို့ရေ
မင်းတို့ တသက်လုံး မနိုင်တော့ဘူးပေါ့
crd:Aung Moe Win

Post a Comment

Previous Post Next Post