၀ဋ်လည်ပြီလို့သာ မှတ်လိုက်ကြပါ


ဒီစစ်ပွဲကြီးမပြီးစေချင်သေးဘူး၊ ငါကြည့်လို့မဝသေးဘူး တဲ့

သူကိုကြည့်ရင်း သူပြောတာနားထောင်ရင်း စိတ်တွေ တုန်လှုပ်ကြောက်ရွံ့ ဝမ်းနည်းနေခဲ့ရတယ်

လူတစ်ယောက်ရဲ့ အမုန်းနဲ့ဒေါသက ကြောက်စရာသိပ်ကောင်းပါတယ်

ကုန်ဈေးနှုန်းတွေတက်တာ၊ စစ်ကြောင့် ရွာတွေမီးလောင်တာ ၊ လူတွေနေရပ်စွန့်ခွာကြရတာ စစ်ရဲ့ အနိဌာရုံတွေ

မကြည့်ရက်စရာပါပဲ

ဒီဦးလေးကြီးက လူရိုးလူအေးကြီး၊ သူ ဘယ်လိုခံစားချက်နဲ့ ပြောတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်

သူက ရွာသားကြီး၊ သူ့မှာ ဇနီးနဲ့ သား ၂ ယောက် သမီး ၁ ယောက်ရှိတယ်

ငါ့သမီးလေးက ကျောင်းဆရာမလေးလေ၊ သူက သူ့အလုပ်ကို ဝါသနာပါတယ်၊ တန်ဘိုးထားတယ်

သူ့အကိုတွေက ညီမကို သိပ်ချစ်တာ၊ သူတို့ ကျောင်းဆရာ မဖြစ်ခဲ့လို့ ညီမကျောင်းဆရာမလေးဖြစ်တာကို ကြည့်ပြီး ဂုဏ်ယူနေကြတာ

ဦးလေးကြီးမျက်လုံးများက ရီဝေနေသည်။

သူတို့အားလုံးပေါ့၊ ငါတို့ကို သတ်မဲ့လုပ်ကြတယ်၊ ငါ့ အမျိုးတွေ ၊ ငါ့ရွာသားတွေက ငါတို့ကို ဒလန်တဲ့

တစ်ရွာလုံး ငါ့အိမ်ရှေ့မှာ သံပုံးလာတီးတော့ သမီးလေးဆို ရှက်လို့ငိုလိုက်တာ

ညဆို ခဲနဲ့ပေါက်တယ်၊ ငါရော ငါ့သားတွေ ယောက်ကျားတန်မဲ့ ခေါင်းငုံ့ခံခဲ့ရတယ်၊

အကြောက်ကြောက် အလန့်လန့် အိပ်မပျော်တဲ့ ညတွေ၊ အားလုံး မျက်တွင်းဟောက်ပက်လိုက်လို့

တစ်ရွာလုံးက ကျဥ်ဖယ်တယ်။ ကူသူကယ်သူမရှိဘူး၊ ငါတို့ ရှိသမျှ ပိုင်ဆိုင်သမျှ အကုန်ထားပြီး ထွက်ပြေးခဲ့ရတာ

မြို့ရောက်လို့ အိမ်ငှားမဲ့သူမရှိဘူး

သနားညှာတာခြင်း၊ မေတ္တာမပြခဲ့ကြဘူး ၊ ငါတို့ ရွာကထွက်ပြေးလို့လွတ်တာ မသတ်လိုက်ရလို့ တောက်တခေါက်ခေါက်

ဘယ်သူကမှ ဘယ်သူကမှ မကယ်မကူကြဘူး

ငါတို့အိမ်ကို ဖျက်ဆီးတယ်၊ ငါတို့ ပစ္စည်းတွေကို ယူကြတယ် ၊ ငါတို့လယ်ယာမြေတွေကို သူတို့သိမ်းကြတယ်

ငါ့သမီးလေး
သူ့ကျောင်းဆရာမ လစာလေးနဲ့ ငါတို့မလောက်မင စားရတယ်

ငါက ငါ့ရွာ ငါ့အိမ်မှာ ငါ့မိသားစုအတူ သိုက်သိုက်ဝိုင်းဝိုင်း နေချင်တယ်

ငါ့သားသမီးတွေ ငါ့အနားမှာ မရှိကြတော့ဘူး၊ မိသားစုအတွက် ပြည်ပကို စွန့်ပြီး စီးပွားရှာကြရတယ်

၂ နှစ်၊ ဘာကြာတာမှတ်လို့၊ ခြေမဲ့လက်မဲ့ ရုန်းကန်ခဲ့ကြရတာ

အခု သားငယ်က ဂျပန်မှာ ၊ သားကြီးနဲ့ သမီးက ကိုရီးယားမှာ
သမီးက သူမြတ်နိုးတဲ့ ကျောင်းဆရာမအလုပ်ကို စွန့်ခဲ့ရတယ်

တစ်လတစ်လကို သားသမီးတွေက သိန်း ၁၀၀ ကျော်ပို့တယ် ၊ သိန်း ထောင်ဂဏန်းဆိုတာ မပူမပန်ရတော့ဘူး

အခု ငါတို့ရွာ မီးလောင်ပြီ၊ အားလုံး ရွာကို စွန့်ပြေးကြရပြီ၊ လူတွေ သတ်ခံရ သေကြရပြီ

ဘုန်းကြီးလဲမရှိ၊ စာသင်ကျောင်းမဖွင့်ကြဘူး

ဒါတွေကြားတော့ ငါပြုံးမိတယ်
ဒါ ငါမှားသလား

ရွာကလူတွေကို ငါပြောလိုက်တယ်
ငါ့ဝိုင်း ငါ့မြေတွေကို ရောင်းပြီး မင်းတို့တော်လှန်ရေးအတွက် သုံးလိုက်ပါလို့ ၊ ဘယ်သူမှ မဝယ်ရဲကြဘူး

အဲဒါ ငါချစ်လို့မဟုတ်ဘူး
စစ်ကို ရှည်စေချင်လို့၊ တိုက်စေချင်လို့
သူတို့တွေ အဲလို တပ်စစ်ကြောင်းလာလို့ ပြေးကြ ပုန်းကြရင် ငါပျော်တယ်

ငါတို့ ကြောက်ခဲ့ရသလို သူတို့ကို ကြောက်စေချင်သေးတယ်

ဒါက အကုသိုလ်စိတ်
ငါသိတာပေါ့၊ဒီအကုသိုလ် ငါခံရဲတယ်

ငါက ပြုံးယုံလေးပြုံးတာလေ
သူတို့လို ငါမယုတ်မာခဲ့ဘူး

အရင်က ငါ့မိသားစု ခွဲခွာရမှာကို ငါကြောက်ခဲ့တာ ၊ အခု ဘာအစွဲမှမရှိဘူး၊ ငါမကြောက်တော့ဘူး

ဒါပေမဲ့
ငါကို ဒုက္ခပေးခဲ့တဲ့သူတွေကို ငါမှပြန်မပေးတာ

သူတို့ဝဋ်လည်တာကို ငါပြုံးယုံပြုံးတာ
ပြုံးယုံလေး ပြုံးမိတာပါ
ငါ မှားသလား

စစ်မပြီးသေးဘူး၊ ဝဋ်ကြွေးတွေ ကြေတဲ့အထိ စစ်ပွဲက ရှိနေလိမ့်မယ်၊ မကြေကြသေးဘူး

ထိုဦးကြီးကို ကြည့်၍ ကျွန်တော်တုန်လှုပ် ခြောက်ခြားနေခဲ့သည်။

သင်သာဆို မည်သို့နေမည်နည်း။ ထိုဦးကြီးကို မှားသည်ဆိုရက်ပါမလား။

ဒီလိုပဲ

ငါတို့ ရှမ်းနီစာ ငါတို့သင်တာ စာသင်လို့ သဋ်ခံ
ရတယ် ၊ အမိန့်မနာခံလို့တဲ့  စာချဘုန်းကြီးကဘုန်း
ကြီးအလုပ် လုပ်တာအပြစ်လား တွေးကြည့်ပါ ၊မနက်ကမှ ဖုန်း‌ပြောသေး ညနေ၊pdf
ခေါ်ပြီး ငါတို့ကိုးကွယ်တဲ့ ဆရာတော်ကို လည်
လှီးခံလိုက်ရတဲ့  ခံစားမှု မင်းတို့ ခံစားဖူးသလား
စာနာ နာလည်ပေးဖူးသလား မေးကြည့်ချင်မိပါ
တယ်။

တောက် 1000 ငါခေါက်မိသလို  တန်ပြန်စိတ်တွေ
တစ်ရေးရေးပေါ်လာမိခဲ့ရင်၊ တန်ပြန်အကြွေး‌ေတွပြန်ယူစိတ်ဖြစ်ခဲ့မိရင်၊  လက်နက်က မောင်းခလုတ်တွေပေါ် ငါလက်တွေရောက်ခဲ့မိရင်၊  ငါရဲ့ခံစားချက်က PDF‌ေတွကို ပြန်သဋ်မိခဲ့ရင်၊ မင်းတို့တွေဝဋ်လည်ပြီလို့သာမြင်စေချင်မိပါတယ်။
😭😭😫

အိုက်ဖီလုံ
မိုင်းတုံ၊ ဟွေအော၊ ဝတောက်ပိုင်း။

1 Comments

Post a Comment

Previous Post Next Post