ရန်ကုန်မြို့ကြီးပေါ်က လူမိုက်အုပ်စု ပြည်သူကိုအနိုင်ကျင့် ဆက်ကြေးကောက် သောင်းကျန်းနေ


ငမျိုး(ခ) ရဲမျိုးသိန်း ဆိုတဲ့ကောင်က ဘုရားတရားသမားလိုလို ဘာလိုလိုနဲ့ ဘာသာရေးလုပ်သယောင်ဆောင်ကာ ကြည့်မြင်တိုင်မြို့နယ်မှာ လူမိုက် ခေါင်းဆောင် လုပ်နေပြီး လှိုင်မြို့နယ်၊ ရွှေပိတောက်ငါးဈေးကြီးက ငါးဒိုင်တွေအပါအဝင် ဈေးသည်တွေဆီက ဆက်ကြေးကောက်နေတယ်။ လူမိုက်ခေါင်းဆောင် ငမျိုး(ခ) ရဲမျိုးသိန်း ရဲ့ တပည့်လူမိုက်တွေဖြစ်တဲ့ အောင်ကြီး၊ ဥက္ကာ တို့အပါအဝင် အခြားတပည့် တပန်းတွေက ငါးဒိုင်တွေဆီက တစ်လလျှင် ငွေကျပ် ၃ သိန်းမှ ၅ သိန်းအထိ ဆက်ကြေး ကောက်ခံနေပါတယ်…အဲဒီလူမိုက်အဖွဲ့ရဲ့တစ်လဝင်ငွေက သိန်း ၅၀၀ နဲ့ ၆၀၀ ကြားမှာရှိနေပါတယ်…ဆက်ကြေးမပေးတဲ့ ငါးဒိုင်တွေဆီကို သူ့တပည့် လူမိုက်တွေ လွတ်ပြဿနာရှာခိုင်းတယ်…ငါးဒိုင်တွေကိုယ် အသက်အန္တရာယ် အထိ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့တပည့်တွေက ငါးဒိုင်တွေဆီက ငါးတွေကို ပိဿာရာနဲ့ချီပြီးခိုးယူရောင်းချနေတာကို CCTV မှတ်တွေအရ သိနေပေမဲ့ လူမိုက် ငမျိုး(ခ)ရဲမျိုးသိန်း တို့လူမိုက်အုပ်စုရဲ့ အသက်အန္တရာယ်ရန်ရှာမည်ကို ကြောက်ရွံ့၍ ဘာမှမပြောရဲဘဲ အောင့်အီးသည်းခံနေရတဲ့ ငါးဒိုင်တွေအများကြီး ရှိနေပါတယ်။ နစ်နာသူများမှ သက်ဆိုင်ရာကို တိုင်ကြားပေမဲ့လည်း နယ်မြေခံရဲစခန်း က ရဲတွေကိုယ်တိုင်က လူမိုက်အဖွဲ့ရဲ့ အန္တရာယ်ပြုမှာကို ကြောက်ရွံ့ နေရတာကြောင့် အရေးယူမှုတွေ မပြုလုပ်ဘူးလို့သိရပါတယ်။ တာဝန်ရှိသူ လူကြီးမင်းများ ခင်ဗျာ ရန်ကုန်မြို့ကြီး ပေါ်မှာလူမိုက်တွေ အခုလို ပြည်သူတွေကို အနိုင်ကျင့် ဆက်ကြေး ကောက်သောင်းကျန်းနေတဲ့ အခြေအနေမျိုးက ဘယ်လိုမှ မဖြစ်သင့်တာမို့ နစ်နာသူ ပြည်သူများရဲ့ကိုယ်စား သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်

Post a Comment

Previous Post Next Post