ချောင်းဖြတ်ကူးစဉ် ကျောင်းသားများကို ကယ်တင်ခဲ့သည့် ဆရာမ ရေနစ်သေဆုံးခဲ့ရ


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကျောင်းသားများနှင့် ချောင်းဖြတ်ကူးစဉ် ကျောင်းသားများကို ကူညီကယ်တင်ပေးခဲ့သည့် ဆရာမ ဒေါ်မြင့်မြင့်စန်း ရေနစ်သေဆုံးခဲ့ရကြောင်း သိရသည်။
စက်တင်ဘာလ(၁၁)ရက်နေ့ ညနေပိုင်းက ကျောင်းဆရာမ ဒေါ်မြင့်မြင့်စန်းဟာ ၎င်းအခမဲ့ စာသင်ကြားပေးနေတဲ့ G-5 ကျောင်းသား(၃) ဦး G-2 ကျောင်းသား(၁)ဦးကို ပြန်ပို့စဉ် ရုတ်တရက် ချောင်းကျရေများလာပြီး ရေစီးထဲ မျောပါသွားခဲ့ကြောင်း၊ ရေစီးသန်လာချိန် ချောင်းထဲတွင် မြေတူးထားသည့် ကျင်းထဲကို ခြေချော်ကျသွားတဲ့ ကလေးငယ်တွေကို ကယ်တင်ရင်း ဆရာမဒေါ်မြင့်မြင့်စန်း ရေစီးဖြင့် မျောပါသွားခြင်းဖြစ်ကြောင်း သိရသည်။
ဆရာမ ဒေါ်မြင့်မြင့်စန်းဟာ ကျောင်းသားတစ်ဦးကို ကမ်းပေါ်အထိ တင်ပေးနိုင်ခဲ့ပြီး အခြားကျောင်းသားတွေကတော့ ချောင်းဘေးရှိ ခြုံပေါ်တင်နေတာကြောင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

Post a Comment

Previous Post Next Post