အစီစဉ်တကျနဲ့ ပလန်ချထားတာဒို့တွေမသိခဲ့ဘူး


လူမရောက်ခင် အိမ်ဆောက်ထားနှင့်ကတည်းက
မောင်ဘင်လာရင် အဆင်သင့်တက်နေ့ဘို့ မျက်ရည်စို့မှာသူမကြည့်ရက်ဘူးလေ

ဟိုဟိုသည်သည်နယ်တွေဆီက ပုံစံမျိုးစုံနဲ့ ဝင်လာကြပေမဲ့
ဥပဒေ ဖျက်ထားတာအကြောင်းမဲ့မဟုတ်ဘူး

နင်တို့ငါတို့က ခိုးဝင်လို့ထင်ကြပေမဲ့..ခိုးဝင်ကိုတန်ဖိုးတင်လိုက်တော့...အကျိုးရှင်ဖြစ်သွားတယ်

အမျိုးမြင်ရင်မတင့်တယ်တာသိပေမဲ့ အကျိုးမြင်တော့
ပေးဝင်ဆိုတာ သိသင့်နေကြပါပြီ..

မြို့ပြမြင်ကွင်းမလှလို့ မြေပိုင်ရှင်တွေက ကျူးအဖြစ်အမည်တပ်
ဖျက်ကြပြန်တော့..တိုင်းရင်းသားတွေဘဝက အရူးဖြစ်ကြရ..

လယ်ပိုင်ရှင် စပါးကျီထဲ စပါးမထည့်နိုင်တော့တဲ့ခေတ်မှာ..လက်လုပ်လက်စားငနင်းပြားတွေက ပြိန်းမြဲပြိန်းဆဲ..
ပြိန်းရင်းနဲ့ဆဲ ချိန်ရင်းနဲ့ လွဲခဲ့ရတဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့..

နှစ်ခြောက်ဆယ်အမုန်းတရားနဲ့ လက်တွေ့ခေတ်ကို အမုန်းတရားနဲ့ဆေးခြယ်..ဖျောင့်ဖျောင့်သွားရင် ရတဲ့လမ်းကို သမင်လည်ပြန် ဂဏန်းလို မျက်နှာအုပ်ပြီး
လမ်းလျောက်..

ခရီးမတွင်ခရီးမရောက်တော့..နွားတွေလို စားမြုတ်ပြန်
အဟုတ်အမှန် အလုပ်မမှန်တာကိုမစီစစ်
ဒီခေတ်မှာ မဆင်းရဲလျင် အရင်ခေတ်က စုဆောင်း ထားလို့ပေါ့..

ကပ်ရောဂါဟိုမှာဖြစ်နေပြီ ..၂လအလိုမှာ အဘတို့ကလွတ်တော်မှာမတ်တပ်ပြကြပေမဲ့ ငပေါတွေလို့ထင်ကြလှောင်ကြ..ခုတော့ဘယ့်နှယ်ရှိစ..

ရောဂါဘေးက စိတ်မချရသေးဘူး အနောက်တံခါး ဒလဟာနဲ့ ရောက်သွားပမာ နိုင်ငံမဲ့တွေက ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်..

အိမ်ကဆင်းရဲ ဧည့်သည်ကမပြတ် သူခိုးကမကင်း.
အိမ်တွင်းကအိမ်ရှင်တွေ ထမင်းငတ်ကြပေမဲ့

ဧည့်သည်နဲ့သူခိုး မျက်နှာမငြိုးရအောင်..ထဘီပေါင်.ပုဆိုးပေါင် မငတ်ရပေါင်ဂတိပေးလို့ ငပ်ိဆေးဆားဆန်ဆီ အပြည့်နဲ့ ဒီနေ့ထိ သူတို့တွေအဆင်ပြေနေစဲပေါ့..

သူတို့အဆင်ပြေကြဖို့ သူတို့နဲ့ဘာသာတူလူမျိုးတူတွေကပြည်ပကနေ နည်းမျိုးစုံနဲ့ စည်းလုံးကြထောက်ပံ့ကြတယ်.

နင်တို့ငါတို့ အဆင်မပြေတာ မစည်းလုံးကြလို့ မထောက်ပံ့ကြလို့မှတ်.အားကိုးလွဲလို့..အားကိုးစရာမရှိလို့မှတ်..

Post a Comment

Previous Post Next Post