စာနာတတ်ခြင်း ဆိုသည်မှာ


လမ်းစည်းကမ်းမလိုက်နာလို့ဆိုပြီး
အသက်မပြည့်သေးတဲ့ သွေးနှောအမျိုးသားတစ်ဦးကို
ပြင်သစ်ရဲတွေက သတ်ပစ်လိုက်တယ်။

ပြင်သစ်အစိုးရကို ပြင်သစ်ပြည်သူတွေက ဆန္ဒပြ
ကြတယ်။
ဆန္ဒပြပြင်သစ်ပြည်သူတွေကို ပြင်သစ်ရဲတွေက ရက်
ရက်စက်စက် နှိမ်နှင်းဖြိုခွဲတယ်။

အဲ့ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ ဆန္ဒပြတဲ့
ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နှင်းဖြိုခွဲခဲ့တဲ့
ပြင်သစ်သမ္မတမက်ခရွန်က၊

လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဘင်တွေကို ကူညီဖို့
ICJ မှာ ဂမ်ဘီယာကို အကူအညီ ပေးမလို့တဲ့။

ရုရှား - ယူကရိန်း စစ်ပွဲမှာ ယူကရိန်း စစ်တပ်က ရုရှား
စစ်တပ်ကို မနိုင်တော့ အမေရိကန်က ယူကရိန်းစစ်တပ်
ကို Cluster ဗုံးတပ်ဆင်ထားတဲ့ ဒုံးကျည်တွေကို ယူက
ရိန်း ကို ပို့ပေးတယ်။

Cluster ဗုံးဆိုတာ လူအမြောက်အမြားကို သေစေနိုင်
ဒဏ်ရာရစေနိုင်လို့ ကုလသမဂ္ဂကတောင် အသုံးမပြုဖို့
တားမြစ်ထားတဲ့ ဗုံး။

အဲ့ဒီ ဗုံးကို အသုံးပြုနေတဲ့ အမေရိကန်က အကြမ်းဖက်
PDF တွေကို တန်ပြန်နှိမ်နှင်းနေတဲ့ တပ်မတော်က ပဇီကြီးကိုဗုံးကြဲတဲ့ အတွက် တပ်မတော်ကို အကြမ်းဖက်
စစ်ကောင်စီဆိုပြီး စွပ်စွဲနေလေရဲ့။

ပြင်သစ်လို ၊ အမေရိကန်လို စစ်ရေးအင်အား ၊စီးပွားရေး
အင်အားတောင့်တင်းတဲ့ နိုင်ငံတွေကို မလွန်ဆန်နိုင်တဲ့
စက်ာပူ၊မလေးနဲ့အင်ဒိုကလည်း နေပြည်တော်မှာလုပ်မယ့်
အာဆီယံလေကြောင်း အစည်းအဝေးကို မတက်နိုင်ပါဘူးတဲ့။

ပြောချင်တာက
ရဟန်းရှင်လူ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်
နေတဲ့ NUG PDF တွေက ဒီမိုကရေစီရရှိရေးအတွက်
အကြမ်းဖက်စစ်ကောင်စီ တော်လှန်နေတဲ့သူတော်ကောင်း
ဖြစ်သွားပြီး ၊

အကြမ်းဖက် သတ်ဖြတ်မှုတွေကို ကျူးလွန်နေတဲ့ NUG PDF တွေကို တန်ပြန်နှိမ်နှင်းနေတဲ့ တပ်မတော်ကသူယုတ် မာဖြစ်သွားတယ်။

UN နဲ့ US အပါအဝင် အနောက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံ
အချို့ဟာ ဖြစ်ရပ်မှန်ကို သိပါလျှက်နဲ့ နစကကို ဖိအားပေးနေကြတယ်။
စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေလုပ်တယ်။

နစက ဟာ မတရားအနိုင်ကျင့်ခံနေရတာကို အနိုင်ကျင့်
ခံနေရကြောင်း ကမ္ဘာကြီးကို  ပြောပြခွင့်မရခဲ့ဘူး။

ပြောပြခွင့် ရပေမယ့်လည်း နစက ပြောတာကို အဖြစ်မှန်
အဖြစ်လက်မခံကြဘူး။

အလားတူပါဘဲ
ရဟန်းရှင်လူ မြန်မာပြည်သူပြည်သားတွေဟာလည်း NUG PDF တွေရဲ့အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း၊ စစ်ဘေးဒဏ်ခံရခြင်းနဲ့ စားဝတ်နေရေးကြပ်တည်းခြင်းတွေကို နေ့စဉ်ရက်စက် တွေ့ကြုံ ခံစားနေရတယ်။

တွေ့ကြုံ ခံစားနေရတာကို ခံစားနေရပါတယ် ၊ အဲ့ဒီ ဘေး
ဒုက္ခတွေက အမြန်ဆုံး လွတ်မြောက်လိုပါတယ်လို့ ပြော
ချင်ကြပါသော်လည်း!

(ဆီမီးအိမ်)

Post a Comment

Previous Post Next Post