တစ်ပတ်အတွင်း PDF အကြမ်းဖက်သမား ၉၇ ဦး အထိ ဖမ်းဆီးရမိ


ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဦးဆောင်သူများနှင့် ပြည်ဖျက်မီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar now အစရှိသော ပြည်ဖျက်မီဒီယာများမှ NLD ထောက်ခံသူများကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား ဆောင်ရွက်လာကြရသည်။
ရက်သတ္တပတ်အတွင်း အကြမ်းဖက်သမားများ ဖမ်းဆီးရမိမှု စာရင်းများအရ ၁၈-၉-၂၀၂၃ ရက်နေ့မှ ၂၄-၉-၂၀၂၃ ရက်နေ့အထိ အကြမ်းဖက်နှိမ်နင်းမှုများ ဆောင်ရွက်ရာတွင် အကြမ်းဖက်သမား ၉၇ ဦး အထိ ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်သမား ၉ဦး ကို အရှင်ဖမ်းဆီးရမိပြီး အခြားသော အကြမ်းဖက်သမားများမှာ ရင်ဆိုင်တိုက်ခိုက်မှုအတွင်း အသေဖမ်းဆီးရမိခြင်းဖြစ်သည်။
အကြမ်းဖက်စခန်းများ ရှင်းလင်းလင်းဖယ်ရှားရာမှ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။

https://t.me/MyanmarNationalPost

Post a Comment

Previous Post Next Post