ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ဖမ်းဆီးထိန်းသိမ်းကာ ၅၀၅ ဖြင့်အမှုဖွင့်စစ်ဆေး


ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ထွက်ပေါ်နေသော သတင်းများမှာ မှန်ကန်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုထုတ်ပြန်လိုက်သည်။

“ အလုံမြို့နယ်၊ (၁၁)ရပ်ကွက်တွင် နေထိုင်သူ ဦးရဲထွဋ်(၆၄)နှစ် ဗမာ/ဗုဒ္ဓ (ဖ)ဦးရွှေသန်း၊ ရဲထွဋ် (Ye Htut Facebook Acount ပိုင်ရှင်)သည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် အောက်တိုဘာလ ၂၈ ရက် ည ၈နာရီခွဲအချိန်ခန့်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်  စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်” ဟု  သတင်းထုတ်ပြန်ရေး အဖွဲ့က ပြန်လည်ဖြေကြားထားသည်။
#Vital

Post a Comment

Previous Post Next Post