❝မဲခိုးမှု၊ လာဘ်စားမှု အစရှိတဲ့ အမှုတွေနဲ့ ထောင်ကျနေတဲ့ သမ္မတ(ပြုတ်) ဦးဝင်းမြင့် မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရပြီဟုဆို❞


ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးခဲ့ရာကနေ အဖမ်းခံရပြီး လာဘ်စားမှုတွေနဲ့ ဥပဒေမဲ့ မတော်မတရားအမှုတွေပါ ပေါ်ပေါက်ခဲ့လို့ ထောင်ကျနေတဲ့ သမ္မတ(ပြုတ်) ဦးဝင်းမြင့်ဟာ အောက်တိုဘာ ၂၈ ရက်နေ့က သူ့ရဲ့ မိသားစုဝင်တယောက်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရတယ်ဆိုပြီး အကြမ်းဖက်ဝါဒဖြန့်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာခံ သမ္မတ (ပြုတ်) ဦးဝင်းမြင့်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့က နေပြည်တော်ကနေ တောင်ငူအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီအကျဥ်းထောင်မှာဘဲ မိသားစုနဲ့ ပထမဆုံးအကြိမ် တွေ့ခွင့်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် အကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ဆုံခွင့်ပိတ်ထားတာကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပြီး ထောင်ဝင်စာတွေ့ဆုံရာမှာ အကျဉ်းကျခံနေသူရဲ့ အိမ်ထောင်စုစာရင်းတူ မိသားစုဝင်တယောက်က မိနစ် ၂၀ တွေ့ခွင့်ရမယ်လို့လည်း သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post