ပျော်ပျော်ကြီး လူသတ်ကြတဲ့ နိုင်ငံမှာ ဒီမိုကရေစီမရတာ ဘာဆန်းလို့လဲ


◾️ဒီလိုဖြစ်ရပ်တွေကို မြင်နေရတာ ခပ်စိတ်စိတ်ဖြစ်လာတော့ ဒီကောင်တွေ  ပြောတဲ့ တော်လှန်ရေးဆိုတာ လူသတ်ပွဲ ကျင်းပနေကြတာလားလို့တောင် ထင်မိပါတယ်။   လူတစ်ယောက်ကို လွယ်လွယ်သတ်ဖို့ ဒီလောက်လွယ်သလားပေါ့။ ဒီမိုကရေစီဆိုတဲ့ အကြောင်းပြချက်ဟာ လူသတ်ဖို့မဟုတ်ပါဘူး။ ကိုယ်ထင်တဲ့ အယူအဆကိုလည်း ပြောခွင့်ရှိသလို သူယုံကြည်တဲ့ အယူအဆတွေကိုလည်း လေးစားဖို့လိုပါတယ်။ ကိုယ်ကြိုက်သလို လိုက်မကြိုက်တာနဲ့။ ကိုယ်နဲ့ ယုံကြည်ရာ သဘောထားခြင်း မတိုက်ဆိုင်လိုက်တာနဲ့ .... မင်းဟာ ဒလန်။ မင်းဟာ  စစ်ကောင်စီ အားပေးလို့ သတ်မှတ်လိုက်တာမျိုးဟာ အတော်နုံအ ပြီး သိမ်ဖျင်းတဲ့ စိတ်ရှိသူပါပဲ။ ပါးစပ်ကသာ ဒီမိုကရေစီပြောပြီး လုပ်ရပ်တွေက ကွန်မြူနစ်ဆန်တဲ့ အတွေးအခေါ်တွေပါပဲ။


◾️ခုဆို  ပိုပြီး သိသာလာတာက နှောင်းပိုင်း လူငယ်တွေမှာ Social အားကောင်းလာတာနဲ့အမျှ  ဘာသာတရားတစ်ခုကို လွယ်လွယ် လှောင်ရီမောတတ်လာကြတယ်။  ဝိနည်းသိက္ခာနဲ့ နေထိုင်ရတဲ့ ဆရာတော်တွေကိုတောင် ၅ ပါးသီလတောင်မထိမ်းနိုင်တဲ့ လူပုဂ္ဂိုလ်တွေက ခပ်လွယ်လွယ်နဲ့ ဝေဖန်တတ်လာကြတယ်။ တဖြည်းဖြည်း အရှက်တရားလည်း မရှိတော့ဘူး။ အကြောက်တရားလည်း မရှိတော့ဘူး။

◾️Sex ကိစ္စပြောနိုင်မှ ပွင့်လင်းတယ်လို့ထင်လာတယ်။ ကလပ်တက်နိုင်မှ လူအထင်ကြီးခံရတယ်လို့ မြင်လာတယ်။ ဝိုင်ပုလင်းနဲ့ အရက်ပုလင်းတွေ သောက်ပြတာကို မိဘဆွေမျိုးမြင်သာ အောင် လွယ်လွယ်ပဲ ချပြနေကြတယ်။ ဒါတွေဟာ လစ်ဘရယ်ဘက်ကို ယိမ်းတဲ့ အစိုးရတွေအားကောင်းခဲ့ချိန်က စနစ်တကျ ဖျက်စီးခဲ့တဲ့ ရလာဒ်တွေပါပဲ။

◾️ယဉ်ကျေးလိမ်မာသင်တန်းတွေ မဖွင့်နိုင်ဖို့ စာသင်ချိန်တွေကို ဆန့်ပြီး ဆွဲထားကြတယ်။ ဘုရားနဲ့တဂိုဏ်းတည်း တန်ဖိုးထားအပ်တဲ့ ရဟန်းသံဃာတွေကို ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တန်းညှိခဲ့ကြတယ်။ အမျိုးဘာသာကို ထိမ်းသိမ်းစောင့်ရှောက်ရမဲ့ တာဝန်ရှိသူတွေက "မဘသ"မလိုဘူးလို့ ပြသနာရှာလာခဲ့ကြတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရဲ့ကနဦး အသင်းချုပ်ဖြစ်တဲ့ YMBA အဖွဲ့အစည်းတွေကိုတောင် လူငယ်တွေက ပျက်ရယ်ပြုတတ်နေကြတယ်။ လပြည့်နေ့မှာ ဘုရားမဖူးဖို့ တားမြစ်တဲ့ မောင်တွေက ဗုဒ္ဓသင်တန်းတွေ ဖွင့်ပြီး လူတွင်ကျယ် လုပ်နေကြတယ်။ CDM အလုပ်ဘူးဆိုတဲ့ အကြောင်းပြချက် တစ်တခုတည်းနဲ့ ကိုယ့်သင်ပေးတဲ့ ဆရာမကိုတောင် သေနတ်နဲ့ပစ်သတ်ဖို့ ကြိးစားခဲ့ကြတယ်။

◾️တော်သေးတယ်...။  ဒီတိုင်းပြည်ဟာ လူသတ်ဖို့ကို အားမပေးတဲ့ ဗုဒ္ဓဘာသာ နိုင်ငံကြီး တစ်ခုဖြစ်လို့သာပဲ။ မဟုတ်ရင် တွေးကို မတွေးရဲတော့ဘူး။ ကိုယ့်နဲ့ အမြင်မတူတာတစ်ခုတည်းနဲ့  အပြင်မှာရော.... Facebook Social တွေမှာရော  မပြောနိုင်မဆိုနိုင် ခပ်တန်းတန်း ဖြစ်သွားတဲ့ ဒီနိုင်ငံကြီးအတွက်.....။ ကိုယ်အားပေးတဲ့ အဖွဲ့အစည်းကို မထောက်ခံလိုက်တာနဲ့ မင်းဟာ  အဓမ္မဆိုပြီး လက်ညိုးထိုးတတ်တဲ့ ဒီနိုင်ငံကြီးအတွက်....။ ပြီးရင် ပျော်ပျော်ကြီး လူသတ်ကြတဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီမရတာ ဘာဆန်းလို့လဲ....။။။


(နရီမိုး)

Post a Comment

Previous Post Next Post