သမိုင်းတွေက ဒီလိုရှိခဲ့တယ်


၁။သမိုင်းတွေအရ ဂျေယုဆလင် မြို့ဟာ ဘာသာကြီး ၃ ခု ဆုံတဲ့နေရာဖြစ်ပါတယ်။ တဖက်မှာ ဂျူးလူမျိုးတွေ၊ တဖက်မှာ ခရစ်ယာန် ဘာသာကိုးကွယ်သူတွေနဲ့ တဖက်ကတော့ အစ္စလာန်ဘာသာ ကိုးကွယ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြို့မှာ ဂျုးဘာသာရေးကျောင်း ၁၀၀၀ ကျော်ရှိသလို ခရစ်ယာန် ဘုရားကျောင်း ၁၅၀ ကျော်နဲ့ ဗလီပေါင်း ၇၃ ခု ရှိပါတယ်။ ဂျေယုဆလင်မြို့ရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဂျုးလူမျိုးတွေဖြစ်ပြီးတော့ ၄၀ ရာခိုင်နှုန်းက ပါလက်စတိုင်းလူမျိုးတွေဖြစ်ပါတယ်။ ဘာသာရေးအရကြည့်မယ်ဆိုရင်လည်း ၅၉ ရာခိုင်နှုန်းက ဂျူးဘာသာကိုးကွယ်ကြပြီး အစ္စလာန်ဘာသာကိုးကွယ်သူ ၃၀ ရာခိုင်နှုန်းနဲ့ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။  ဂျေယုဆလင် မြို့တော်ကို ပါလက်စတိုင်းနဲ့အစ္စရေးတို့ က  အမြဲလိုလို  သူ့အပိုင်၊ ကိုယ့်အပိုင်နဲ့ ပြောနေကြဆဲ၊ ငြင်းခုန်နေကြဆဲပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုငြင်းခုန်ကြရသလဲဆိုရင် ဂျေယုဆလင်မြို့တော်ဟာ ဘီစီ ၆ ရာစုလောက် ကတည်းက ရောမအင်ပါယာ၊ ပါရှန်အင်ပါယာနဲ့ ဘိုင်ဇင်တိုင်း အင်ပါယာတို့ရဲ့ အပြန်အလှန်သိမ်းပိုက်ခြင်းကို ခံခဲ့ကြရပြီး ဘာသာရေးကိုလည်း သူ့တလှည့်ကိုယ်တလှည့် နဲ့ အပြန်အလှန်ဖျက်ဆီး တည်ထောင်ခဲ့ ကြလို့ဖြစ်ပါတယ်။

၂။နားလည်လွယ်အောင်ပြောရရင်တော့ အာရပ်တပ်တွေ အားကောင်းခဲ့ချိန်မှာ ဂျေယုဆလင်ဟာ အစ္စလာန်ဘာသာကိုးကွယ်သူတွေရဲ့ အထွတ်အမြတ်ထားရာ နေရာ ဖြစ်ခဲ့ပြီးတော့ ခရစ်ယာန်ဘာသာကိုးကွယ်သူတွေ အားကောင်းခဲ့ချိန်မှာ ခရစ်ယာန် ဘာသာရေးကျောင်းတွေ  အများအပြားဆောက်လုပ်ခဲ့ကြတဲ့ မြို့တော်တစ်ခု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘာသာရေးအရမှာလည်း ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေအနေနဲ့ ဂျေယုဆလင်မြို့တော်ဟာ ယေရှုခရစ်တော် ကာစင်တင်ခဲ့တဲ့နေရာနဲ့ ရှင်သန်ထမြောက် ရာ နေရာအဖြစ် သတ်မှတ် ယုံကြည်ခဲ့ကြသလို အစ္စလာန်ဘာသာအတွက် တမန်တော် မိုဟာမတ်ဟာ ကောင်းကင်ခရီးစဉ်ကို စတင်ခဲ့ရာနေရာအဖြစ်နဲ့ ယုံကြည်ကြတာလည်း ဖြစ်ပါတယ်။

၃။အလယ်ခေတ်မှာ အော်တိုမန်အင်ပါယာလက်အောက် ကျရောက်ခဲ့တဲ့ ဂျေယုဆလင်မြို့ ဟာ ၁၉ ရာစုမှာတော့ အင်္ဂလိပ်တွေလက်အောက်ကို ရောက်ရှိခဲ့ပြန်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ်မှာတော့ အစ္စရေးနိုင်ငံအဖြစ် တည်ထောင်ခွင့်ပြုဖို့ ကုလသမဂ္ဂဆီ လျှောက်ထားခဲ့ချိန်မှာ ထောက်ခံမဲ ၃၃ မဲနဲ့ နိုင်ငံအသစ်တစ်ခုအဖြစ် တည်ထောင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အစ္စရေးနိုင်ငံဟာ ပါလက်စတိုင်း နယ်မြေထဲက တဝက်လောက်နီးပါးကို ဂျုးလူမျိုးတို့နေထိုင်ရာ နိုင်ငံတစ်ခုအဖြစ်နဲ့ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးနိုင်ငံပတ်ပတ်လည်မှာရှိတဲ့ အာရပ်တွေ အနေနဲ့ကတော့ အစ္စရေးနိုင်ငံဖြစ်ပေါ်လာတာကို ကျေနပ်ခြင်းမရှိခဲ့သလို အစဉ်တစိုက် အစ္စရေးနိုင်ငံကို ချေမှုန်းဖို့ ကြိုးစားနေခဲ့ကြတာဖြစ်ပါတယ်။
၄။အစ္စရေးနိုင်ငံစတင် ပေါ်ပေါက်ခဲ့ချိန်မှာ ဂျေယုဆင်မြို့တော်ကို နိုင်ငံတကာက ထိမ်းသိမ်း တဲ့ နယ်မြေတစ်ခုအဖြစ်နဲ့ သတ်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ မိုရှေးဒါယန် ဦးဆောင်တဲ့ အစ္စရေးဟာ ဂျေယုဆလင်ဟာ အစ္စရေးတို့ရဲ့ မြို့တော်အဖြစ် သိမ်းပိုက် ကြေငြာခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ ဒီလုပ်ရပ်အပေါ်မှာ မထောက်ခံကြပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်မှာတော့ ဂျေယုဆလင်မြို့တော်ကို အစ္စရေး မြို့တော် အဖြစ် အတိအလင်းကြေငြာ သတ်မှတ်ခဲ့ပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ဟာ အမြဲလိုလို စစ်ပွဲတွေဖြစ်ပွားနေပြီး ဒီကနေ့ထိတိုင် ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေဆဲ နိုင်ငံတွေဖြစ်ပါတယ်။

၅။အရိုးရှင်းဆုံး ပြသနာကတော့ အာရပ်ကမ္ဘာထဲက နယ်မြေတွေကို သိမ်းပိုက်ပြီးနိုင်ငံ တည်ထောင်ထားတဲ့ အစ္စရေးအတွက် ဒီပြသနာတွေဟာ အမြဲလိုလိုပေါ်ပေါက်နေဦး မှာပါပဲ။ ပိုဆိုးတာက ဘာသာရေးအရ ပါလက်စတိုင်းနဲ့ အစ္စရေး တို့ အပြန်အလှန် အငြင်းပွားတဲ့နေရာတွေဟာ သမိုင်းမှာ သူတလှည့်၊ ကိုယ့်တလှည့် ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေဖြစ်လို့ ဘယ်ဖက်ကမှ အလျော့ပေးဖွယ်မရှိပါဘူး။ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာလည်း အစ္စရေးဖက်က ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မှာသိသိနဲ့ ဟားမတ်တွေဘက်က လက်ဦးမှုယူပြီးတိုက်ခိုက်တာဟာ ဒီအငြိုးအတေးတွေကို အခြေခံ တာဖြစ်ပါတယ်။  ကိုယ်လက်ဦးမှုရရင် ကိုယ်ယူမယ်၊ ပြန်ပေးဆပ်ရလည်း တန်တယ်ဆိုတဲ့ အယူအဆမျိုးဖြစ်ပါတယ်။ သန်း ၁၀၀ ကျော်ရှိတဲ့ အာရပ်နိုင်ငံတွေကြားမှာ သူတို့နိုင်ငံ မပျောက်အောင် မီးကျိုးမောင်းပြတ် သေနတ်တွေကိုင်ပြီး ခေတ်အဆက်ဆက် ကာကွယ်ခဲ့ရတဲ့ အစ္စရေးတပ်တွေအနေနဲ့ ခုလို ခေတ်မှီနည်းစနစ်တွေ ပိုင်ဆိုင်ပြီးချိန် မှာတော့ အပြင်းအထန် ပိုပြီး ကာကွယ်ကြမှာတော့ မလွဲမသွေပါပဲ။  နိုင်ငံကို ကာကွယ်တဲ့ နေရာမှာ ဘယ်လူ့အခွင့်အရေးဥပဒေသမှ မရှိဘူးဆိုတာကို အစ္စရေးတို့အနေနဲ့ နှလုံးမူထားတာ ဖြစ်ပါတယ်။ တရက်တည်းမှာတင် ဂါဇာဘက်မှာ ရှိတဲ့ အဆောက်အဦများစွာ၊ အရပ်သားများစွာကို ဒုံးကျည်တွေနဲ့လက်တုန့်ပြန် ပစ်ခတ်ခဲ့တာက နိုင်ငံကို ကာကွယ်တဲ့လုပ်ရပ်မို့ မှန်တယ်လို့ ယူဆရင်  ရခိုင်မှာဖြစ်ခဲ့တဲ့ ဘင်္ဂလီအရေးကိစ္စ မှာ တပ်မတော်ရဲ့ လုပ်ဆောင်ချက်ဟာ မမှားဘူးဆိုတာ ဒီအချက်အလက်တွေက သက် သေပြလို့နေပါတယ်။

(နရီမိုး)
#Crd

Post a Comment

Previous Post Next Post