နိုင်ငံတစ်နိုင်ငံမှာ သူပုန်အားကောင်းသွားသောအခါ


ကမ္ဘာမှာ မြန်မာနိုင်ငံလိုမျိုး သူပုန်ကိုအားပေးရင်းနဲ့ သူပုန်တကယ်အင်အားကောင်းသွားတဲ့ နိုင်ံငံတွေ ရှိတယ်။ ဟိုအဖွဲ့တွေစကားနဲ့ပြောရင် အရေးတော်ပုံ အောင်လုနီးနီးထိ ဖြစ်သွားတဲ့ နိုင်ငံတွေပေါ့..။

နံပါတ်(၁) ဥပမာက ဆူဒန်။ အာဖရိကမှာ အကြီးဆုံးနိုင်ငံ။ ရေနံထွက်လို့ ချမ်းသာတယ်။ အစိုးရက ဘာသာရေး အရ ဖိနှိပ်တာတွေရှိလို့ အစိုးရကို လက်နက်ကိုင်တော်လှန်ကြတယ်။ သူပုန်အဖွဲ့များလွန်းတော့ မျိုးနွယ်စုအလိုက် လက်နက်ကိုင်အဖွဲ့ မဖွဲ့ထားရင် မရတော့တဲ့ အခြေအနေမျိုးဖြစ်လာပြီး တစ်နိုင်ငံလုံး စစ်မီးတောက်တယ်။

နောက်ဆုံး ၂၀၁၁ မှာ ဆူဒန်ကနေ တောင်ဆူဒန်နိုင်ငံ ဆိုပြီး တရားဝင်ကွဲထွက်သွားတယ်။ အာဖရိကရဲ့အကြီးဆုံးနိုင်ငံကနေ တတိယအကြီးဆုံးဖြစ်သွားတယ်။ နိုင်ငံရဲ့ရေနံထွက်တဲ့နေရာ ၄ ပုံ ၃ ပုံလောက် တောင်ဆူဒန်ထဲ ပါသွားတယ်။ နိုင်ငံသာ နှစ်နိုင်ငံဖြစ်သွားတယ်၊ နှစ်နိုင်ငံလုံးမှာ သူပုန်အဖွဲ့တွေ ကိုယ်စီနဲ့..။
စီးပွါးရေးပါကျတော့ နိုင်ငံက ယက်ကန်ယက်ကန်၊ ဒီကြားထဲ အကြွင်းအကျန် သူပုန်တွေကတစ်မှောင့်။ ငြိမ်းချမ်းရေးကို အသဲအသန်လုပ်နေပေမယ့် နောက်ကျသွားပြီ။

နောက်တစ်ခုက လစ်ဗျား။ အာဏာရှင်ကိုဖြုတ်ချ ဒီမိုကရေစီရချင်တဲ့သူတွေက ကဒါဖီကိုမကြိုက်ဘူး၊    အနောက်အုပ်စုကလည်း မကြိုက်ဘူး။ ကဒါဖီအစိုးရကို မကြိုက်လို့ လက်နက်ကိုင်တော်လှန်ကြရင်းနဲ့ အာရပ်နွေဦးနောက်ပိုင်း သူပုန်က အားကောင်းလာတယ်။ အမေရိကန်နဲ့အနောက်အုပ်စုက လက်နက်တွေ ပုံပေးတော့ လစ်ဗျားမှာ သူ့ပြည်သူတွေထက် လက်နက်တွေက ပိုများသွားတယ်။ နိုင်ငံနှစ်ခြမ်းကွဲတယ်။  အစိုးရက နှစ်ခု။ စစ်မီးတွေက တောက်နေဆဲပဲ..။

နောက် ဆီးရီးယား။ သူလဲ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ အစိုးရကို မကြိုက်လို့ တော်လှန်ကြတာ။ အစိုးရကရက်ရက်စက်စက် နှိမ်နှင်းတော့ ဆီးရီးယားတပ်ကလူတွေ ဆန္ဒပြတဲ့သူတွေနဲ့ ပေါင်းတဲ့အထိ ဖြစ်တယ်။ free Syria Army ဆိုပြီး စင်ပြိုင်လက်နက်ကိုင်အဖွဲ့ဖွဲ့တယ်။ အမေရိကန်နဲ့ မဟာမိတ်အုပ်စုတွေက လက်နက်တွေ ရှယ်ဆင်ပေးတယ်။ သူပုန်ကြီးတော့ ဓားပြ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်။ အမေရိကန်လဲမနိုင်၊ ယူအန်လဲ မနိုင်။ ခံရတာက ဆီးရီးယားပြည်သူတွေ..။ ငွေဖောင်းပွတာက အရင် တစ်ဒေါ်လာကို ၇၀ လောက်ရှိရာကနေ ၃၀၀၀ ကျော်သွားတယ်။ တစ်နိုင်ငံလုံး မွဲပဲ..။

အဲ့ဒီနိုင်ငံ(၃)ခုလုံးက ခုထိစစ်မီးတောက်နေတဲ့ နိုင်ငံတွေ။ စစ်ဖြစ်တာတွေလဲ ဆယ်စုနှစ်တွေချီကြာနေပြီ။ သိကြားမင်း ဆင်းတားတောင် မရတော့ဘူး။

ကိုယ်တွေ မြန်မာနိုင်ငံလိုမျိုးပဲ..၊
မြှောက်ပေးတဲ့ကောင်တွေက ပြည်ပမှာ..၊
ပြေးနိုင်တဲ့သူတွေကဒုက္ခသည်စခန်းတွေမှာ..။
ဘယ်မှမပြေးနိုင်တဲ့ ပြည်သူတွေကတော့ လက်နက်ကိုင်ရတဲ့အရသာကိုကြိုက်သွားကြတဲ့ သူပုန်တွေကြားထဲမှာ..။

#ဦးတိမ်...🇲🇲
(crd)

Post a Comment

Previous Post Next Post