ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City ဆုကို ပြန်ရုတ်သိမ်းဖို့ ထပ်မံ စီစဉ်နေ


ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City ဆုကို ပြန်လည်ရုတ်သိမ်းဖို့အတွက် လာမယ့် အောက်တိုဘာ ၁၉ ရက်မှာ ဗြိတိန်နိုင်ငံ Brighton and Hove မြို့ကောင်စီဝင်များကြား မဲခွဲဆုံးဖြတ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့လက်ထက်အတွင်း ဘင်္ဂါလီတွေအပေါ် လူအခွင့်အရေးချိုးဖောက်မှုတွေ၊ လူမျိုးသုန်းသတ်ဖြတ်မှုတွေ ရှိခဲ့တဲ့အတွက် ဆုပြန်ရုတ်သိမ်းဖို့ တစ်ကျော့ပြန်စီစဉ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါမြို့ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ဆုကို ပြန်ရုတ်သိမ်းဖို့ ၂ဝ၁၈ ခုနှစ်က မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် လုံလောက်တဲ့ မဲအရေအတွက် မရတဲ့အတွက် ဆုကို ပြန်လည်ရုတ်သိမ်းနိုင်တာမျိုးမရှိဘူးလို့ သိရပါတယ်။

Post a Comment

Previous Post Next Post