ပင်မရေသောက်မြစ်ကိုဖြတ်နိုင်ခဲ့တဲ့အကျိုးဆက်


တစ်နေ့က ရန်ကုန်မှာ တက်ဆီစီးတော့
ရန်ကုန်အခြေအနေလေးကို လိုက်ကြည့်
မိတယ်။ဈေးရောင်သူကရောင်း၊ သွားသူ
က သွား ၊ လာသူကလာ ၊ ကားတွေမှာလည်း
လူတွေ ကပြည့်ညပ်ကျပ်လို့။ဒါနဲ့ စိတ်ထဲမှာ
ရန်ကုန်က တော်တော်လေး ဟုတ်နေပြီးရော
ဆိုတဲ့ အတွေးနဲ့ အတူ ကားဆရာကို ဆရာ
ရေ ရန်ကုန်က တော်တော်လေး အခြေအနေ
ကောင်းနေပြီး နော် လို့ စကားစကြည့်မိလိုက်
တယ်။

ကားဆရာက ဘယ်အချိန်ထဲ က ပြောချင်
နေလည်းမသိဘူး။ဟုတ်တယ် အကို ရေ
ကျွန်တော် တို့ ရန်ကုန်က ပုံမှန် အခြေအနေ
ပြန်ရောက်သွားတာတော်တော်ကြာလာပါပြီ။
ဒီအချိန်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုလည်း
ကျင်းပလို့ရနေပါပြီ။တကယ်တော့ သူတို့ပြောတဲ့
တော်လှန်ရေး အိမ်မက်ဆိုးကြီး ကနေ ရန်ကုန်
သားတွေ လွတ်မြောက်ကုန်ပါပြီတဲ့။

သူဆက်ပြောတာက
တော်လှန်ရေးကျဆုံးတာလည်း မပြောနဲ့လေ
အကို။ကျွန်တော်ဆိုရင် NLD ကို မဲထည်ခဲ့ပေ
မဲ့ နိုငိငံရေး အပြောင်းအလဲ ဖြစ်တော့ သံဗုံး
မတီးလို့ ဒလန် ဆိုပြီး လိုက်သတ်လို့ မနည်း
ပုန်းအိပ်ခဲ့ရတယ်။လုံးလုံးမတီးတာ မဟုတ်ပါ
ဘူး။ကားမောင်းပြီး ပြန်လာတော့ ပင်ပမ်းလို့
မတီးဖြစ်တဲ့ ည မတီးဖြစ်ဘူးပေါ့။ဒါလည်း
မရဘူး ဆိုပြီး ဒလန် အတပ်ခံရလို့ မနည်း
လွတ်အောင်ပုန်းအိပ်ခဲ့ရတယ်။အခုတော့
ရန်ကုန် ဟာ အခက်အခဲဆုံး အချိန်တွေကို
ကျော်ဖြတ်နိုင်ခဲ့ပါပြီ အကိုတဲ့။

သူ့စကားဆုံးတော့ ကျွန်တော် တွေးမိတာက
ရန်ကုန် တည်ငြိမ်သွားတာဟာ သူပြောသလို
NUG PDF တွေရဲ့ အစွန်းရောက် အကြမ်းဖက်
စရိုက်တွေကို ရန်ကုန်သားတွေ က လက်မခံတာ
ပါသလို အဓိက ပင်မရေသောက်မြစ်ကို ဖြတ်နိုင်
ခဲ့တာလည်း ပါပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော် ဒေါန
အရှေ့ခြမ်းမှာ ရှေ့တန်း စိတ်ဓာတ်စစ်ဆင်ရေး
တာဝန်ထမ်းဆောင်စဥ် ရန်ကုန် က အကြမ်းဖက်
လူသတ် ပစ်ခတ်မှုတွေ ထူပြောနေတဲ့အချိန်ပေါ့။
ဒါကြောင့်
ရန်ကုန်ကို လူသတ်လက်နက်တွေ ဖောက်ခွဲရေး
ပစ္စည်းတွေ ဘယ်က ဝင်လာသလဲ လို့ အဖြေ
ရှာကြည့်တဲ့ အခါ KNU တပ်မဟာ ၆ နယ်မြေ
ထဲရှိ လေးကေကော် ဒေသ တစ်ဝိုက်ဖြစ်နေတယ်။

ဖမ်းမိတဲ့ သူတွေ ကို စစ်မေးလိုက်တိုင်းလည်း
လေးကေကော် မှာ စစ်ပညာသင်ခဲ့တယ်၊ လက်နက်
တွေရတယ် ပဲ ဖြေကြတယ်။ဒါကြောင့်
လေးကေကော် ကို တပ်မမှူး ဦးစီးပြီး
သွားရှင်းရတယ်။
သွားရှင်းစဥ်ကလည်း ငြိမ်းချမ်းရေး မပျက်အောင်
ထိန်းထိန်းသိမ်းသိမ်းလုပ်ကြတာပဲ။သွားရှင်းတဲ့
ရည်ရွယ်ချက်ကလည်း
ပြည်ပြေးခိုအောင်းသူတွေနဲ့ လက်နက်တွေကို ရှာ
ဖွေစစ်ဆေးဖို့ပါပဲ။KNU ကို ပစ်မှတ်ထားတာ
မဟုတ်ပါဘူး။PDF နဲ့ NUG ကိုသာ ပြောထား
ပါလျက်နဲ့ KNU/KNLA ဟာ သူ့ စားကျက်ကို
လာထိလို့ဆို ပြီး တပ်မတော်ကို အလစ်အငိုက်
စတိုက်ပြီးငြိမ်းချမ်းရေး ဖျက်ဆီးပစ်လိုက်တယ်။

အဲဒီကစလို့ အဲဒေသကြီး တစ်ခုလုံး စစ်မီးကြီး
တောက်လောင်လိုက်တာ ဒေသခံကရင်ပြည်သူ
တွေ လည်း ယိုးဒယားထဲ ပြေးသူပြေး၊ ရွာတွေ
လည်း ပျက်၊ နှစ်ဖက်အဖွဲ့ တွေ လည်း ထိခိုက်
ကျဆုံးနဲ့ ၁၀ စု နှစ်တစ်စု ကျော် ငြိမ်းချမ်းခဲ့တဲ့
မြဝတီတောင်ခြမ်း ဒေသ တစ်ခု လုံး စစ်မီးကြီး
ဟုန်းဟုန်းတောက်ခဲ့ရတယ်။

ဒါပေမဲ့ ရန်ကုန်အပါအဝင် မြန်မာပြည်အောက်
ပိုင်း က မြို့တော်တော်များများကတော့ လေးကေ
ကော် က လက်နက်တွေ ရောက်မလာတော့တဲ့
အတွက် ငြိမ်းချမ်းသွားခဲ့တယ်။

စစ်ဆိုတာ ဒါပါပဲ။အနန္တသူရိယ အမတ်ကြီးရဲ့
မျက်ဖြေအလင်္ကာထဲ က လို သူတည်း
တစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊ သူတစ်
ယောက်မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း
ဆိုသလိုပဲ။ ဒေသတစ်ခု ၊ ငြိမ်းချမ်းပြုဖို့ ၊ရင်းလု
ဖွေရှာ ၊ ထိုနေရာကို ၊ ရှင်းကာထိန်းသိမ်း ၊
မရှောင်တိမ်းမှ ၊ ငြိမ်းချမ်းမည်မှာ ဓမ္မတာတည်း
လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းနဲ့ မြန်မာပြည်အလယ်
ပိုင်း ငြိမ်းချမ်းဖို့ ဆိုရင်တော့ လေးကေကော်နဲ့
တူတဲ့ ဒေသဟာ ဘယ်ဒေသ များ ဖြစ်နေမလဲ
ဆိုတာကတော့ ကော်မန့်မှာပဲ ရေးပေးခဲ့ကြ
ပါတော့။

အောင်နိုင်သူ

Post a Comment

Previous Post Next Post