1027 အပေါ် တရုတ်သဘောထားဘယ်လိုရှိလဲ


အင်တာဗျူးမှာ ပြောကြတာက
1027 ကို မျောက်သုံးကောင်က တရုတ်ကို
အသိပေးပြီးလုပ်တာလို့ဆိုတယ် ၊
ဒါကျိန်းသေတဲ့အချက်အလက် ၊

တရုတ်ဘက်က O ကိုတဆင့်ပြန်လွှဲပေးတာ
ဖြစ်နိုင်ခြေများတယ်လို့ ခွန်ဥက္ကာက ခန့်မှန်း
တာအတော်နီးစပ်တယ် ၊

သဘောက သုံးဖွဲ့နောက်မှာ
O နဲ့ တရုတ်ရှိနေတယ်လို့ဆိုလိုတာ ၊
ရုပ်လုံးပေါ်လာပါပြီ ၊

အသံသဲ့သဲ့ထွက်လာတာ

တရုတ်က One China Two Policy
ပုံစံရှမ်းမြောက်ကို လုပ်ခြင်တဲ့ဆန္ဒရှိတယ်
လို့ဆိုတယ် ၊ ဆိုလိုတာက

ရှမ်းမြောက်ဟာ မြန်မာအစိုးရလက်အောက်
ခံဖြစ်တယ် ၊ ဒါပေမယ့်   ရှမ်းမြောက်ဒေသ
တခုလုံးဟာ ဗဟိုအစိုးရအောက်မှာကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရှိရမယ် ၊
(ဖယ်ဒရယ်အရေခြုံကစားကွက်)

ကိုယ်ပိုင် တပ်ထားရှိရေး ၊
ကိုယ်ပိုင် ဥပဒေပြု တရားစီရင်ရေး ၊
ကိုယ်ပိုင် အာဏာကုန် အုပ်ချုပ်ရေး ၊
ကိုယ်ပိုင် ကုန်သွယ်ရေး
ကိုယ်ပိုင် သယံဇာတူးဖော်ရေး ၊
စတဲ့ အချက်အလက်တွေပါလာနိုင်တဲ့
အခင်းအကျင်းမျိုး

လက်ရှိ Hong Kong ပုံစံ
Hong Kong က ၁၉၉၉ မှာ တရုတ်ရဲ့
One China Two Policy အရ
တရုတ်ဗဟိုအစိုးရအောက်မှာ
သီးခြားလွတ်လပ်ခွင့်ပေးထားသလို
ပုံစံ ၊

ကွဲလဲတာက

ရှမ်းမြောက်ကို  ဒီလိုလုပ်လာရင်
မြန်မာအစိုးရ လက်အောက်ခံဆိုပေမယ့်
အဓိက ထိန်းချုပ်မှာ တရုတ်ဖြစ်နေတယ်
အမည်ခံအဆင့်ဘဲ ၊

ယဉ်ယဉ်လေး ခွဲထုတ်တာ ၊
လက်ခံရင် ရှမ်းမြောက်ကို ပြည်မက
သွားမယ့်သူတွေ ပြည်ဝင်ခွင့်လျှောက်ရ
မယ် ၊

တပ်ဘက်ကလေယာဉ်ဝင်ရင်တောင်
အကြောင်းကြားရမယ် ၊ စွတ်ဝင်လာလို့
မရဘူး ၊ Idea က ထွန်းမြတ်နိုင် ၊
သူပြောပြောနေတဲ့ Confederate က
အဲဒါဘဲ ၊
(အတုအယောင် fake Confederate)

နေပြည်အထိ သိမ်းမယ်ဘာညာဆိုတာ
အာတကေပြောတာ ၊ ရှမ်းမြောက်ကို
ယဉ်ယဉ်လေး ခွဲယူတာပါ ၊ ဒါကို
သဘောတူရင်တိုက်ပွဲရပ်မယ်
ဆိုတဲ့ အဓိပ္ပါယ် ၊

ဘယ်လိုတုန့်ပြန်မလံ
ဆိုတာ အဓိကကျတယ် ၊
ဘယ်လိုကိုင်တွယ်မလဲဆိုတာ
လိုရင်း ။

🇲🇲 Peter
ကိုကြီး စွန်း

Post a Comment

Previous Post Next Post