ဖြစ်ခဲ့သမျှရဲ့ 360*


တရုတ်နယ်စပ်မှာဖြစ်ပျက်မှုတွေအပေါ်ရတတ်သမျှလေ့လာကြည့်ပါတယ်၊
တရုတ်အစိုးရရဲ့သဘောထား၊
စိတ်ဝင်စားကြတဲ့တရုတ်ပြည်သူအများစုရဲ့သဘောထား၊
ကာယကံရှင် ပိုင်အုပ်စု ဖုန်အုပ်စု မင်အုပ်စု တွေရဲ့အခြေအနေ၊

အိမ်တအိမ်မှာလူကြီးရဲ့သဘောထားကိုသိချင်ရင်အယ့်ဒီအိမ်ကကလေးကိုမေးကြည့်ဆိုကြပါတယ်၊
မလိမ်မညာမခြွင်းမချန်မဖုန်းမကွယ်ပြောမယ့်သူတွေဆီကသာခံစားချက်အမှန်ရနိုင်ပါလိမ့်မယ်။
****
ဖြစ်စဥ်ဖွင့်
****
အတိုပြောရရင်
ကျာ့ဖြန်ဆိုတဲ့အွန်လိုင်းဒုစရိုက်လုပ်ငန်းတွေကနေဟိုဖက်ကရာဇဝတ်သား​ တွေရှောင်တိမ်းလာတာကိုလက်ခံကာကွယ်ပေးထားတာမျိုးတွေအထိတဖက်နိုင်ငံထိခိုက်လာတဲ့အခါမှာ၊
မြန်မာဖက်ကကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကိုအုပ်ချုပ်ဖို့တာဝန်ပေးထားတဲ့ ပိုင်စော်ချန် ဦးဆောင် တဲ့ပိုင်မိသားစုကို တဖက်နိုင်ငံက အဓိက ရန် အန္တရာယ် တစ်ခုလိုရှုမြင်လာပါတယ်၊

တရုတ်အစိုးရအနေ့နဲ့ကတော့သံခင်းတမန်ခင်းအရ ပုဂ္ဂိုလ်နံမည်တပ်မပြောပေမယ့် ဒီရာဇဝတ်ဂိုဏ်းတွေကိုထိထိရောက်ရောက်နှိမ်နင်းပေးဖို့ ကျနော်တို့အောက်ချေကမိတ်ဆွေများကတဆင့်ကနေဝန်ကြီးအဆင့်၊နိုင်ငံတော်အကြီးအကဲအဆင့်အထိ တွေ့ဆုံတောင်းဆိုမှုတွေလုပ်ခဲ့ပါတယ်။

ဒီဖက်ကမိမိတာဝန်ပေးအပ်ထားတဲ့ပိုင်စော်ချန်ဦးဆောင်တဲ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပူးပေါင်းပြီးအွန်လိုင်းလိမ်လည်မှုတွေလောင်းကစားဝိုင်းတွေကိုဖမ်းဆီးခဲ့ပါတယ်။

တကယ်တော့ဒီလောက်ဆောင်ရွက်မှုဟာအနာတခြားဆေးတခြားဖြစ်နေခဲ့တယ်ဆိုတာ ဖုန်အုပ်စုကတိုက်ပွဲတွေပြင်းပြင်းထံထံဆင်နွှဲလာတော့မှဘဲစသိသာလာတော့တယ်။
တဖက်နိုင်ငံမှာဖုန်အုပ်စုကဟီးရိုးဖြစ်လာပြီးပိုင်အုပ်စုကဗီလိန်ဖြစ်လာတာကိုပြတ်ပြတ်သားသားကိုမြင်နေရပါပြီ၊
တဖက်ကရှုမြင်ချက်မှာက လက်ရှိ ပိုင်မိသားစုဦးဆောင်တဲ့အုပ်ချုပ်ရေးအဖွဲ့အာဏာရနေသမျှဒီဒုစရိုက်မျိုးစုံကဘယ်လိုမှအဆုံးသတ်နိုင်မယ်မဟုတ်ဘူးလို့သဘောထားရှိသွားခဲ့ပါပြီ။
ဒီအုပ်စုကိုဖယ်ယှားအရေးယူဖို့အထိတောင်းဆိုချက်တွေရှိလာနေခဲ့လိုက်ပါပြီ၊
ပိုဆိုးရွားသွားစေတာက ပိုင်မိသားစုလိုဘဲတန်ခိုးထွားလာတဲ့မင်မိသားစုရဲ့ရာဇဝတ်မှုတွေ၊
မင်မိသားစုဝင်ကိုးကန့်ရဲမှုးတယောက်က တရုတ်နိုင်ငံကရဲ၄ယောက်ကိုသတ်ဖြတ်လိုက်တဲ့အခါမှာတော့ တဖက်နိုင်ငံကအကြီးအကျယ်ပေါက်ကွဲတော့တယ်၊ ဒီရဲလေးယောက်သာမက ကိုးကန့်ဒေသကဒုစရိုက်လုပ်ငန်းတွေကိုဖော်ထုပ်ဖို့ကျိုးစားတဲ့သတင်း​ထောက်တွေအပါအဝင် ဒီဖက်မှာသတ်ဖြတ်ခံရတဲ့ပျောက်ဆုံးနေတဲ့တရုတ်နိုင်ငံသားတွေအများအပြားရှိတယ်ဆိုတဲ့သတင်းကတဖက်မှာမီးလောင်ခဲ့ပြီ၊
ဒီသတ်ဖြတ်သူကိုယူနန်အစိုးရကသူတို့ဆီဖမ်းပြီးအပ်ဖို့တောင်းဆိုခဲ့တယ်၊
ကိုးကန့်အုပ်ချုပ်ရေးကပထမမရှိကြောင်းညင်းတယ်၊
တဖက်ကရှိနေကြောင်းအထောက်အထားနဲ့ပြလာတော့မအပ်နိုင်ကြောင်းဗျောင် အကြောင်းပြန်တယ်။
ဒီမှာတင်ပေါက်ကွဲခန်းစတယ်။
အဆိုးဆုံးကတော့ဒီလောင်းကစားမှုတွေကိုအရေးမယူရတဲ့အကြောင်းရင်းထဲမှာ လက်ရှိကိုးကန့်အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသ
စစ်ဖက် (လက်ရှိ/အညိမ်းစား)အရာရှိကြီးတွေအကြားအခြိတ်အဆက်အပေးအယူတွေရှိနေတယ်ဆိုတဲ့စွပ်စွဲချက်​တွေကတဖက်မှာကျယ်ကျယ်လောင်ထွက်ပေါ်နေတယ်၊
ပိုင်မိသားစု၊မင်မိသားစုတို့အပေါ်ထားတဲ့အမျက်တွေကမြန်မာစစ်ဖက်ဆီ
ဦးတည်သွားတယ်။
ဒီအုပ်စုနဲ့စစ်ဖက်နဲ့တတွဲထည်းဖြစ်နေသမျှ(အထူးသဖြင့်တပ်ဖက်ကနိုင်ငံတော်ကိုအုပ်ချုပ်နေချိန်မှာ) ဘာမှညှိနိုင်းတောင်းဆိုလို့မရနိုင်ဘူးဆိုတဲ့အမြင်အထိရောက်သွားတယ်။
ဒီအထိကအောက်ချေကဖြစ်ပေါ်မှုတွေကိုလေ့လာစုံစမ်းဖော်ထုပ်လို့ရသမျှ၊

ဒီလိုအခြေအနေမှာဖုန်အုပ်စုကတပ်မတော်စခန်းတွေကိုအင်နဲ့အားနဲ့တိုက်တယ်၊
ဘယ်လိုဖြစ်စေတရုတ်ဖက်မှာ ပိုင်၊မင်တို့လက်ရှိအုပ်ချုပ်ရေးအဖွဲ့ကဗီလိန်၊
ဖုန်အုပ်စုကဟီးရိုးဖြစ်သွားတာကတော့မဆန်းတော့ပါဘူး၊
****
ရိုက်ခတ်ချက်များ
****
မြန်မာဖက်ကတော့အများစုကဘာမှရေရေရာရာသဲသဲကွဲကွဲမသိနိုင်တာသေချာပါတယ်၊ဒါပေမယ့် တရုတ်ဖက်က စစ်လက်နက်နည်းပညာနဲ့သတင်းအချက်အလက်မရယူဘဲနဲ့ဖုန်အုပ်စုကဒီလောက်ကြီးကျယ်တဲ့စစ်ဆင်ရေးမလုပ်နိုင်ဘူးဆိုတာကိုလူပြိန်းတွက်သုံးချက်တွက်လောက်နဲ့တင်တွက်ဆနိုင်ကြတယ်။
ဒီပွဲဟာတရုတ်ဖက်ကမြှောက်ပေးလို့ဖြစ်တဲ့စစ်လို့တထစ်ချတွက်ကုန်ကြတယ်၊
တပ်မတော်ဦးဆောင်မှုနဲ့တပ်ရဲ့တိုက်စွမ်းရည်အပေါ်လည်းစိတ်ပျက်အားလျှော့ပစ်တင်သံတွေမိုးမွှန်ကုန်တယ်။
ကျန်လက်နက်ကိုင်တချို့လက်တွဲပါလာတယ်၊
လမ်းပျောက်နေတဲ့ပဒပ်တွေအတွက်အတွက်အားတက်စရာဖြစ်လာတယ်၊
အခြေအနေတစ်ခုရောက်တော့မှနောက်ကလက်မဲကြီးတွေထွက်လာတယ်၊
အနောက်မီဒီယာမျိုးစုံကဒီပွဲအတွက်နှစ်ထောင်းအားရထောပဏာပြုသံတွေညံမစဲပါ၊
VOA ရဲ့သုံးသပ်ချက်မှာဖုန်ရဲ့တိုက်ပွဲတွေဟာအွန်လိုင်းဒုစရိုက်ဂိုဏ်းတွေနှိမ်နင်းရေးမှာထိရောက်ကြောင်းကနေဒီမိုကရေစီတော်လှန်ရေးအတွက်
မြန်မာ့တပ်မတော်ချိနဲပြိုလဲရေးအတွက်ဘယ်လောက်ကြီးတဲ့တွန်းအားဖြစ်တယ်သုံးသပ်လာတယ်၊
အနည်းဆုံးဖုန်အုပ်စုရဲ့ဒီစစ်ဆင်ရေးဟာအမေရိကန်ရည်မှန်းချက် US Agenda ကိုတိတိပပဖြည့်စွမ်းပေးလိုက်တယ်ဆိုတဲ့လဒ်တော့ထွက်လာတယ်။

****
အစိုးရ၂ရပ်လက်တွဲဖြေရှင်းမှု
****
ဒီတိုက်ပွဲစဥ်တွေကာလမှာဘဲတရုတ်ဖက်ကနိုင်ငံတော်အတိုင်ပင်ခံနဲ့ဝန်ကြီးမြန်မာပြည်ကိုလာပြီးနှစ်နိုင်ငံလုံခြုံရေးပူးပေါင်းမှုစာချုပ်ချုပ်တယ်၊
နိုင်ငံတော်အကြီးအကဲနဲ့တွေ့တယ်၊
ဒီနောက်ပိုင်းမှာမြန်မာအစိုးရဖက်ကဆောင်ရွက်ချက်တွေပြန်ကြည့်ရင်
၁ ကာလုံခေါ်တယ်။
၂ ကိုးကန့်ဒေသကိုစစ်အုပ်ချုပ်ရေးကျေညာတယ်။
၃ လက်ရှိကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုတာဝန်ကရပ်နားပြီးဗိုလ်မှုးချုပ်ထွန်းထွန်းမျိုးကိုယာယီဥက္ကဌအစားထိုးတယ်။

ကာလုံခေါ်တာတို့ စစ်အုပ်ချုပ်ရေးကျေညာတာတို့က ရှေ့ကဆွေးနွေးထားတာတွေနဲ့မခြိတ်မိရင်ဘာတွေလျှောက်လုပ်နေသလဲနားမလည်စရာပါ၊
ဖုန်အုပ်စုစလိုက်တဲ့စစ်ကိုဘာလို့ အကြီးအကဲကိုယ်တိုင် နိုင်ငံတော်အဆင့်စစ်ကြေညာပြီးတောက်တောက်ခါးခါးမတုန့်ပြန်သလဲတွေးမရစရာပါ။
****
Compliance Game
နာလည်လက်ခံ လိုက်လျောရေး
****
မြန်မာအစိုးရဟာနဲနဲအသိနောက်ကျကောင်းနောက်ကျပါလိမ့်မယ်၊
သို့သော်မြေပြင်မှာတကယ်ဖြစ်ပျက်နေတာတွေကိုတော့သဘောပေါက်သိမြင်လိုက်ပြီဆိုတာတွက်ဆနိုင်ပါတယ်။
စစ်အုပ်ချုပ်ရေးကျေညာလိုက်ကထည်းက ပြသနာအားလုံးရဲ့ပင်မဖြစ်တဲ့ လက်ရှိကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ကိုရပ်စဲဖို့ဖြစ်တယ်ဆိုတာကျနော်တန်းသဘောပေါက်လိုက်တယ်၊
ဦးမြင့်ဆွေနေရာမှာဗိုလ်မှုးချုပ်ထွန်းထွန်းမျိုးအစားထိုးတာက နောက်ဆက်တွဲပုံဖော်မှုသာ၊
ကာလုံမှာကိုးကန့်အုပ်ချုပ်ရေးမှုးကအထူးဖိတ်ကြားခံရသူအဖြစ်ပါလာတယ်၊
ညိမ်းချမ်းညင်သာစွာအာဏာလွှဲပြောင်းရေးအတွက်ဆိုတာမြင်လောက်မှာပါ။
နှစ်နိုင်ငံလုံချုံရေးပူးပေါင်းမှုသဘောတူညီချက်အရတရုတ်လုံခြုံရေးတပ်ဖွဖွဲ့တွေလောက်ကိုင်မှာမြန်မာတပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ကြတယ်ဆိုတဲ့သတင်းထွက်လာတယ်၊
ဒီလိုဆောင်ရွက်မှုတွေကဖွဲ့စည်းပုံအခြေခံဥပဒေကိုမကျော်လွန်ဖို့လိုပြနေတယ်။
ကာလုံခေါ်ရခြင်းအကြောင်းရင်းတွေရှိပါလိမ့်မယ်၊
ကျနော်ညာဏ်မှီသလောက်ကလေးနဲ့တင်ဒီအချက်တွေရှိနေတာကိုတင်ပြလိုတာပါ၊ အကြောင်းမဲ့မဟုတ်နိုင်ပါဘူး၊
မနေ့ကတော့တရုတ်ဖက်မှာဖမ်းဝရမ်းအထုပ်ခံထားရတဲ့ မင်အိမ်က ပုဂ္ဂိုလ်
မိမိကိုယ်မိမ်သတ်သေသွားတယ်။
ဒါဆိုရင်ဒီအုပ်ချုပ်ရေးအပြောင်းအလဲရဲ့သက်ရောက်မှုကိုသိသာလောက်ပါပြီ။
အစိုးရဟာအခြေအနေအရပ်ရပ်ကိုသိမြင်နားလည်ဖြေရှင်းပေးနေတယ်ဆိုတဲ့ကောက်ချက်ကိုတော့ကျနော်ရဲရဲချနိုင်ပါပြီ၊
နောက်တရုတ်ဖက်ကကျေညာချက်လည်းထုပ်သံအမတ်ကလည်းလာတွေ့ရှင်းပြပါတယ်။
(အားလို့လာတွေ့တာမဟုတ်ဘူး ထုပ်ပြန်မှုအပေါ်အကောက်အယူမမှားစေချင်လို့ဆိုတာသံရေးတမန်ရေးကိုနားလည်ရင်သဘောပေါက်မှာပါ)

တိုက်ပွဲတွေရပ်ဖို့
ဆွေးနွေးညှိနိုင်းအဖြေရှာဖို့
နယ်စပ်ဒေသလုံခြုံညိမ်းချမ်းရေးကိုမြန်မာဖက်ကတာဝန်ယူဖို့

****
ဘယ်လိုဆက်လှမ်းမှာလဲ
****

တိုက်ပွဲတွေရပ်ဖိုကနှစ်ဖက်လုံးကရပ်မှရတာ၊
ဟိုဖက်ကရပ်အောင်ဘာတွေဘယ်လိုလုပ်ကြမယ်စောင့်ကြည့်ရန်သာ၊

ညှိနိုင်းဖို့ကဘယ်သူနဲ့လဲ ဖုန်အုပ်စုနဲ့လား? TNLA AA ပါဆွဲထည့်မလား?
ဒီဖက်ကတာဝန်ယူပါလို့ဆိုတာကဟိုဖက်ကတာဝန်မယူဘူးလို့ဆိုတာလို့သဘောပေါက်ပါတယ်၊
ကိုယ့်စည်းဘောင်ထဲကကိုယ်ပိုင်ပိုင်နိုင်နိုင်ကိုင်ဖို့သာ၊

လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်တစ်ခုမိုးထဲရေထဲမှာလာချုပ်တာအလကားတော့မဟုတ်နိုင်၊
ဖုန်အုပ်စုရဲ့ရုန်းကန်မှုကိုသိမှတ်ပြုစေချင်တာရယ်ကိုးကန့်ဒေသရဲ့အနာဂါတ်မှာချန်လှပ်ထားလိုမရတာရယ်ဆိုတဲ့အငွေ့အသက်တွေ​ တော့ဒီတောင်းဆိုချက်တွေမှာပါနေတယ်။

ကျနော်ကလေ့လာသိမှတ်သမျှတင်ပြခြင်းပါ၊
****
တွေးဆမျော်မြင်ဆင်ခြင်ကြပါ
****

ဒီစစ်ကိုတရုတ်အစိုးရကတွန်းပေးလိုက်တာလား? ဒေသခံတွေရဲ့ခံစားထောက်ခံမှုရယ် အချိန်အခါအခြေအနေတွက်ဆမှုအရ ဖုန်အုပ်စုက Calculated Risk ယူလိုက်တာလား မိမိတွေးဆဆင်ချင်မှုနဲ့သာဆုံးဖြတ်ကြပါ၊
အနောက်တိုင်းလိုလားချက် Western Agenda နဲ့တထပ်ထည်းဖြစ်နေတဲ့အပေါ်နက်နက်ရှိုင်းရှိုင်းတွေးပါ၊
အရာရာဟာမရိုးရှင်းလှပါဘူး၊ အထူးသဖြင့်အနောက်ယိမ်းတဲ့ KIA ရဲ့ ကဏ္ဍ။
တပ်မတော်အကြီးအကဲဟာချွန့်ဖွင့်အပြတ်တိုက်ရေးသဘောထားဖက်အခုအထိမပြောင်းသေးပါဘူး၊အကန့်အသတ်နဲ့တုံ့ပြန်ရေးဘဲကျင့်သုံးဆဲပါ၊
ဘာကြောင့်ဆိုတာသူနေ့ရာကဝင်တွေးကြည့်နိုင်ဖို့ အခြေအနေတချို့ခင်းပြခြင်သာ၊ကျန်တာကတော့ ပူပန်မှုအားမရမှု အနာဂါတ်မျှော်တွေးပြင်ဆင်မှုတွေကကိုယ်ပိုင်ဆင်ချင်ခံစားလက်ခံမှုများအရသာ၊၊

Crd:မောင်ကောင်းရိပ်(၁၇.၁၁.၂၃)

Post a Comment

Previous Post Next Post