အမျိုးကိုချစ်တယ်ဆိုတဲ့ စကားလုံးတွေနဲ့ အမျိုးကိုနှစ်နေတဲ့ AA


ရခိုင်ပြည်နယ်မှာ AA အကြမ်းဖက်အဖွဲ့က လူမျိုးရေးအကြောင်းပြပြီး လူသစ်စု၊ ရန်ပုံငွေလို့ခေါင်းစဉ်တပ်တဲ့ ဆင်းရဲသားကနေ လုပ်ငန်းရှင်တွေထိ လစဉ်၊ နှစ်စဉ် ဆက်ကြေးကောက်၊ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်လုပ်ငန်းကရတဲ့ ငွေတွေနဲ့ လက်နက်ဝယ်ပြီး တိုက်ပွဲဖော်ဆောင်တယ်၊ အကျိုးဆက်က ရခိုင်ပြည်သူတွေ တိုက်ပွဲရှောင်ဘဝကို ရောက်ကြရတယ်၊ AA က မြို့တွေ၊ ရွာတွေမှာ တိုက်ပွဲဖန်တီးတော့ မြို့ပျက်၊ ရွာပျက်တယ်၊ ဒုက္ခပင်လယ်ဝေရတယ်၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းနဲ့ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ကုန်တယ်၊ ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့အချိန်မှာ ရိုက်ချခံလိုက်ရသလို  အကျိုးဆက်တွေပဲရလိုက်တယ်။ အကြမ်းဖက်အားပေး မီဒီညာတွေနဲ့ လော်ဘီတွေကလည်း နောက်ဆုံးတိုက်ပွဲတို့ ပြည်သိမ်းတိုက်ပွဲတို့ ခေါင်းစဉ်တပ်ပြီး လှုံ့ဆော်နေကြတာ တော်တော်လေးကို ရွံစရာကောင်းတယ်။ အဲဒီလှုံ့ဆော်နေတဲ့သူတွေကို မေးချင်တာက AA အကြမ်းဖက်အဖွဲ့ရဲ့ အခုလိုမျိုး မြို့တွေ ရွာတွေမှာ တိုက်ပွဲဖော်ဆောင်လို့ အိုးမဲ့ အိမ်မဲ့နဲ့ ဒုက္ခရောက်နေကြရတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ခင်ဗျားတို့တွေ ဘာတွေများ ကူညီထောက်ပံ့ ပေးခဲ့ပြီးပြီလဲ??? ခင်ဗျားတို့ လေနဲ့မြှောက်ပေးလို့ ခံစားနေရတာဟာ ရခိုင်တိုင်းရင်းသားတွေပဲဆိုတာ သိစေချင်တယ်။ နောက်ပြီး AA အနေနဲ့လည်း အမျိုးကိုချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်လူမျိုးကိုယ် ပြန်နှစ်နေတာတွေ ရပ်သင့်ပြီ။ ထွန်းမြတ်နိုင်လို ကိုယ့်မိသားစု ဆွေမျိုးကိုပဲချစ်ပြီး ငွေတစ်မျက်နှာပဲကြည့်တတ်တဲ့ကောင်ကြောင့် ရခိုင်တိုင်းရင်းသားတွေ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတာ။ အသေအချာဆုံးကတော့ AA အကြမ်းဖက်ကောင်တွေကြောင့် ရခိုင်တိုင်းရင်းသားတွေ ဘာကောင်းကျိုးမှ မရဘဲ အမြဲတမ်း ဒုက္ခရောက်နေကြရတယ်ဆိုတာပဲ။

Post a Comment

Previous Post Next Post