KIA ရဲ့ အနိုင်ကျင့် စော်ကားမှုတွေခေါင်းငုံ့ခံနေရတဲ့ PDF တွေ ဘယ်လိုတုန့်ပြန်ကြမလဲ


ကောလင်းမြို့နယ်၊ ကျွန်းလှမြို့နယ်တို့မှာ လှုပ်ရှားနေတဲ့ PDF အဖွဲ့တွေကို KIA က ဦးဆောင်တာဖြစ်ပါတယ်။ KIA တပ်ဖွဲ့ဝင်တွေရဲ့ အနိုင်ကျင့်မှုတွေကို ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ PDF နဲ့ နီးစပ်သူတစ်ဦးက "PDF တပ်ဖွဲ့ဝင်တွေမှာ ဘာမှလုပ်ပိုင်ခွင့် မရှိပါဘူး။ တချို့ PDF အဖွဲ့ဝင်တွေက အရပ်သား အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် အလွန်အမင်း ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေ မလုပ်ချင်ကြဘူး။ သူတို့လေးတွေက PDF အပေါ် အများပြည်သူ အမြင်စောင်းစေမယ့် လုပ်ရပ်မျိုးတွေဆို တချို့ရှောင်ချင်တယ်ပေါ့ဗျာ။ KIA ရဲ့ ဦးဆောင်မှုနောက်မှာ လိုက်နေရတော့ KIA က သံဃာတော်တွေကို သတ်ဆိုရင်လည်း သတ်ရတယ်။ ဆရာ/ဆရာမ တွေကို ဖမ်းဆီးတဲ့ လုပ်ရပ်မျိုးတွေ မလုပ်ချင်ကြဘူးပေါ့ဗျာ။ အခုက တပ်မတော်ကို တော်လှန်ချင်လို့ KIA ကို အားကိုးတဲ့အဖြစ်က အင်္ဂလိပ်ကို တိုက်ဖို့ ဂျပန်ရဲ့ အကူအညီကို ရယူရင်း ဂျပန်ရဲ့ စော်ကားမှုကို ခံနေရတဲ့ သဘောမျိုး ဖြစ်လာတယ်။" လို့ ဆိုပါတယ်။

Post a Comment

Previous Post Next Post