အမေ့ခံသူရဲကောင်းတို့အတွက်သမိုင်းတွင်မယ့် ဒီဇင်ဘာ


မေ့လိုသူတွေ မေ့ကြပေမယ့်
လွန်ခဲ့ပြီးတဲ့ အစဉ်အဆက်တွေကို
ဘယ်လိုဖျက်ဖျက်မပျက်မယ့်
သူရဲကောင်း တို့ရဲ့သမိုင်းတွေ
မြန်မာ့မြေပေါ်မှာ အထင်အရှားရှိခဲ့
တာငြင်းမရပါဘူး

မလိုသူတွေ ဘယ်လိုပဲသွေးခွဲကြပါ
စေ
ပြည်ထောင်စုမပြိုကွဲရေးအတွက်
ရင်ကြားစေ့ပေးရင်း
အမိမြေရဲ့စည်းရိုးတွေလုံဖို့ အသက်
စွန့်ကာကွယ်ပေးနေတဲ့အညတရတို့ရဲ့
ဝိဥာဉ်တွေ အညိုရောင်မြေမှာဝဲနေ
တုန်းပါပဲ

ကိုယ်ချင်းစာတရား နည်းပါးခဲ့သူ
တွေကြားမှာ
ပေးဆပ်ခြင်းတွေကိုချပြပြီး.....
မျက်ရည်မချူ တတ်တာဟာ
အားနည်းချက်တစ်ခု ဖြစ်မှန်းမသိ
ဖြစ်ခဲ့ရတယ်လေ
ဒါပေမယ့် လူမသိသူမသိကြွေခဲ့တဲ့
ကြယ်တွေ တကယ်ရှိပါတယ်

လူ့ဘဝဆိုတာဟာ ရခဲမှန်းသိနေပါ
လျက်နဲ့
မိမိအသက်ထက် သစ္စာလေးချက်ကို
တန်ဖိုးထားခဲ့သူတွေမို့
"သူရဲကောင်း "ဆိုတဲ့ နာမ်စားတစ်ခု
ဟာ သူတို့တွေအတွက်တကယ်ထိုက်
တန်တဲ့ ဂုဏ်ပုဒ်တစ်ခုပါ

အဲ့ဒီ အမေ့ခံသူရဲကောင်းတွေအတွက်
သမိုင်းတွင်ကျန်ရစ်မယ့်ဒီဇင်ဘာဖြစ်
ဖို့

ဘဝမမေ့တဲ့တပ်မတော်သားဟောင်း
ကြီးတွေဦးဆောင်ရင်း
သူရဲကောင်းစစ်သည်ဗိမာန်မှာနှစ်စဉ်
အလေးပြုသွားမှာပါ

ဘယ်သူတွေ အသိအမှတ် ပြုပြု
မပြုပြုပါ
ငြိမ်းချမ်းရေးအတွက် ပြန်လမ်းမဲ့ခဲ့
ရတဲ့ဘဝတွေ
ငြိမ်းချမ်းရေးအတွက် မသန်မစွမ်း
ဖြစ်ခဲ့ရတဲ့ဘဝတွေ
ငြိမ်းချမ်းရေးအတွက်ဆက်လှမ်းနေ
ဆဲခြေလှမ်းတွေအတွက်
ရင်ဘတ်ချင်းတူသူတွေ ဂုဏ်ယူစွာ
ဦးညွှတ်ကြရအောင်

#အလင်းရောင်

သူရဲကောင်းစစ်သည်များအား
ဒဿမအကြိမ်မြောက်ဂါရဝပြုပွဲ
အခမ်းအနား
=======================

နေ့ရက် - ၃- ၁၂-၂၀၂၃(တနင်္ဂနွေနေ့ )

နေရာ - သူရဲကောင်း စစ်သည် ဗိမာန်

အချိန်- နံနက် ( ၉ ) နာရီ

kyawswar

Post a Comment

Previous Post Next Post