စစ်ဦးကျိုးသွားတဲ့မျောက်သုံးကောင်တို့အကွဲအပြဲစပြီလား


နောင်ချို အထိ စစ်ဦးကျွံလာတဲ့
​မျောက်သုံးကောင်ကတော့ စစ်ဦး
ကျိုးကျသွားခဲ့ပါပြီ။ဒီတစ်ခါ စစ်ဦး
ကျိုးတာ ရိုးရိုးကျိုးတာမျိုး မဟုတ်
ပါဘူး။သူတို့ အလောင်းတွေ ထောင်
ပေါင်း အလီလီထားခဲ့ပြီး ဦးတည်ရာ
ကို ထွက်ပြေးနေကြရတာပါ။

ဘယ်လောက်တောင် အထိနာသွား
သလဲ ဆိုရင် မိမိတပ်တွေ စစ်ကူမလာ
နိုင်အောင် လမ်းတွေ ဖြတ်ပြီး မြေဖြတ်
ကျင်း လုပ်ထားတဲ့ မြောင်းတွေ ဟာ
သူတို့ အလောင်းတွေ မြှုပ်ရာသင်းချိုင်း
ကြီး တွေ ဖြစ်သွားခဲ့တယ်။

အခုတော့ ကျောက်မဲ
အထိ အေးအေးဆေးဆေး သွားလို့
ရနေပါပြီ။မကြာမီ လာရှိူး မူဆယ်
လာရှိူး လောက်ကိုင် ကို သွားလို့
ရပါတော့မယ်။

မျောက်သုံးကောင်ဟာ လက်အောက်
ငယ်သားတွေကို စိတ်ကြွဆေးတွေကျွေးပြီး
၂၁ ရာစုမှာ ဗကပ ခေတ် က အသုံးပြုခဲ့
တဲ့ လူလှိုင်း စစ်ဆင်ရေး ဗျူဟာနဲ့
အသုံးပြု တိုက်ခိုက်ခဲ့တဲ့ အကျိုးဆက်ကို
ခါးခါးသီးသီးခံစား လိုက်ရပါပြီ။

စစ်ရှူံးလာသူ အထိနာသူတွေရဲ့ ထုံးစံ
အတိုင်းပဲ ၊ သူတို့အကြားအက်ကြောင်း
တွေ စ လာပါပြီ။ဒီစစ်ပွဲ မှာ အထိနာဆုံး
က TNLA ၊ ဒုတိယ အထိနာတာက ဝ
UWSA ၊ တတိယ အထိနာတာက AA
ဖြစ်ပြီး အမြတ်ထွက်သွားသူ က ကိုးကန့်
MNDAA ပါ။

ကိုးကန့် MNDAA အတွက် ၄၀၀၀ နီးပါး
သေပေးလိုက်ရတဲ့ TNLA ဟာ သူလူ့တွေ
ထိခိုက်မှုနဲ့ ပတ်သတ်ပြီး တပ်က ဓာတုကလျာ
သုံးတယ်ဆိုတဲ့ သတင်းအတု အလိမ်
ထုတ်ပြန်ပေးဖို့  ညှိနှိုင်းတာ ညှိမရလို့သူ့
တစ်ဖွဲ့ထဲ ထုတ်ပြန်လာတာ တွေ့ရတယ်။

သဘောကတော့ တပ်ရဲ့ ပြင်းပြင်း
ထန်ထန် တုံ့ပြန်လာမှာ ကို စိုးရိမ်နေလို့
ပူးတွဲ မထုတ်ပြန်ရဲတာပါ။

UWSA ကတော့ သူ့စစ်သား ၃၀၀၀ ပေး
လိုက်တာ ၂၀၀၀ ကျော်ကျသွားလို့
MNDAA အပေါ် ဒေါသူပုန်ထနေတဲ့
အပြင် ကျန်ရှိနေသေးတဲ့ သူ့ စစ်သား
တွေ ကို ပြန်ခေါ်သွားပါပြီတဲ့။

AA ကတော့ သူတို့ ရခိုင် လူငယ်တွေ
ကို ကိုးကန့် အတွက် သွားသေပေးခဲ့လို့
ရခိုင်ပြည်သူတွေ ရဲ့ အမြတ်ဒေါသထွက်
နေကြတယ်။မကျေနပ်ကြတော့ဘူး။

ကိုးကန့် MNDAA ကတော့ ရခိုင်
ပလောင် ဝ တွေကို အသေခံခိုင်းရင်းနဲ့
နယ်မြေတစ်ချို့ ရလိုက်တာမို့ တော်တော်
လေး အမြတ်ထွက်သွားခဲ့ပေမဲ့ AA ၊
TNLA ၊ UWSA တို့ရဲ့ အမြတ်ရှခြင်း
ခံနေရပါတယ်။

ရန်သူ့ထဲရောက်နေတဲ့ BPLA အမည်ခံ
ထောက်လှန်ရေး  ကွန်ယက်  ရဲ့
သတင်းတစ်ခု
အရ ဆိုရင် AA နဲ့ TNLA က လူငယ်တွေ
ဟာ MNDAA ခေါင်းဆောင်ပိုင်း ကို
လုပ်ကြံ ဖို့ ပြင်ဆင်နေကြပြီတဲ့။ဘယ်လို
ပုံစံ လုပ်ကြံကြမလဲ ဆိုတာကတော့
စောင့်ကြည့်ရမှာပေါ့။

ဒီပုံအတိုင်း ဆိုရင် အရှေ့ မြောက် EAOs
အကွဲအပြဲ က ဗကပ ခေတ်နောက်ပိုင်း
အကြီးမားဆုံး အကွဲ အပြဲကြီးအဖြစ် မကြာမီ
မြင်တွေ့လာရမှာ အသေချာပါပဲ။

Crd:အောင်နိုင်သူ(ဇွဲကပင်)(21.11.23)

Post a Comment

Previous Post Next Post