ပြည်ဖျက်မီဒီယာများက မန္တလေး မတ္တရာဒေသဖက်မှာ သူတို့ပဲတဖက်သတ်အသာစီးရနေသယောင်ယောင်ရေးနေကြလို့ ပြောပြပါရစေ


TNLA. ပဒက်တွေဟာ မန္တလေးကို နှောက်ယှက်ဖို့ အင်အားထောင်ချီစုဖွဲ့ပြီး မတ္တရာမြို့နယ် ကင်းရွာမှာ အခြေပြု အခိုင်အမာစခန်းဆောက်ကာ စုစည်းရောက်ရှိနေကြောင်း သတင်းရတာနဲ့ မိမိတို့ တပ်မတော်စစ်​ကြောင်းများက လက်ဦးမှု့ရယူ ဟန့်တားနိုင်ခဲ့တယ်...

အင်အားထောင်ချီနေတဲ့ အကြမ်းဖက်တွေကို မိမိတို့တပ်မတော်စစ်ကြောင်း အင်အားအနည်းငယ်နဲ့ ရင်ဆိုင်ရာမှာ ကိုဘိုဟိန်း အပါအဝင် တပ်မတော်စစ်သည်အချို့ ရဲတပ်ဖွဲ့ဝင်အချို့ ပြည်သူ့စစ်အချို့ ဟာ တိုင်းပြည်အတွက်မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်...

မန္တလေးကို အချိန်ပိုင်းအတွင်းဝင်ရောက်နှောက်ယှက်မည့်အကြမ်းဖက်သူပုန်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်တယ်...  သူပုန်တွေရဲ့ လက်နက်ရိက္ခာလမ်းကြောင်းအားလုံးကိုဖြတ်တောက်ဟန့်တားပြီး အခုဆိုရင်ဝိုင်းပတ်ခြေမှုန်းခြင်းကိုသူပုန်တွေဟာ အကြီးအကျယ်ရင်ဆိုင်နေရသလို အလောင်းရာချီပြီး တောတောင်ထဲမှာ ယင်တလောင်းလောင်းနဲ့ မြင်မကောင်းအောင်ဖြစ်နေရတယ်.....

ဒီနေရာမှာ ပြည်ဖျက်မီဒီယာများက သရုပ်မှန်ကိုဖုန်းကွယ်ပြီး သူတို့ပဲအောင်နိုင်နေသလိုလို မြေပြင်အဖြစ်မှန်နဲ့ ကိုက်ညီမှု့မရှိပဲ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာကို အရှက်မရှိရေးသားနေကြတာကိုတွေ့နေရပါတယ်...

ပြောလိုတာက အကြမ်းဖက် သူပုန်တွေအနေနဲ့ ကင်းရွာကနေစွန့်ခွာထွက်ပြေးနေရတာက အဖြစ်မှန်ပါ....  အလောင်းတွေတောင်လိုပုန်နေတာကအဖြစ်မှန်ပါ....  တောထဲမှာ အစာပြတ်လတ်ပြီး လက်နက်ချအညံ့ခံနေတာတွေက အဖြစ်မှန်ပါ

ဇရှိရင် မင်းတို့တိုက်စစ်ဖွင့်နိုင်သေးတယ်ဆိုရင် ငါတို့ကင်းရွာမှာရှိတယ်.. လာတိုက်လှည့်ကွာ ...
မင်းတို့ ပြည်ဖျက်မီဒီယာတွေရေးနေသလို အောင်နေတယ်ဆိုရင် မန္တလေးကိုဖျက်ဆီးချင်​သေးတယ်ဆို အချိန်မရွေးလာခဲ့ ငါတို့ကင်းရွာမှာရှိတယ်.....  ငါတို့နဲ့အတူ ဘိုဟိန်းအပါအဝင် သူရဲကောင်းဝိဥာဥ်တွေ စောင့်နေမယ်

.

ကျဆုံးစစ်သည်များနဲ့ သူရဲကောင်းများအားလက်တင်အလေးပြုလျှက်။

Post a Comment

Previous Post Next Post