မာရာဝီ ကပေးသော အနာဂတ်မြို့ပြစစ်ပွဲများအတွက် သင်္ခန်းစာ

၂၀၁၇ ခုနှစ်မေလ ၂၃ ရက်နေ့မှ အောက်တိုဘာလ၂၃ ရက်နေ့ထိ ၅လကြာ
ဖြစ်ခဲ့သော ဖိလစ်ပိုင် တောင်ပိုင်း အစ္စလာမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မာရာဝီ
Marawi မြို့သိမ်းစစ်ပွဲသည်  အစ္စလာမ်မစ်အစွန်းရောက်များက မြို့ကိုသိမ်း
ပိုက်ထားခြင်းကြောင့် ဖိလစ်ပိုင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပါအ
ဝင် မြေပြင်ထိုးစစ်ပါ သုံးလျက် မြို့ပြန်လည်ရရှိရေးတိုက်ပွဲဝင်ရခြင်းဖြစ်
သည်• မာရာဝီမြို့ ရှိ သမိုင်းဝင်အဆောက်အဦးများ , ဘာသာရေးအဆောက်
အဦ, စာသင်ကျောင်း , ဆေးရုံများနှင့်စစ်နှင့်မပတ်သက်သည့် အရပ်သားပိုင်
အဆောက်အဦးများ အားလုံးလိုလို ပျက်စီးသွားသည်• ဖိလစ်ပိုင်တပ်၏ လေ
ကြောင်းတိုက်ခိုက်မှု , အမြောက်ကြီးများပစ်ခတ်မှု ကြောင့်မြို့ပျက်ရသည်ဟု
အပြစ်တင်မရဘဲ  အစွန်းရောက်အကြမ်းဖက်တို့ မြို့မသိမ်းလျင် စစ်တပ်က
လည်းကြောင်းမဲ့ပစ်ခတ်မည်မဟုတ်•ဖိလစ်ပိုင်၏ အကြီးဆုံးရေအိုင်ကြီးဘေး
၄စတုရန်းမိုင်ရှိ  တစ်ချိန်က ကမ္ဘာလှည့်ခရီးသွားများစည်ကားရာ မာရာဝီမြို့
ကလေးသည် ယခုတော့  ကျည်ဆန်ရာဗလပွဖြင့်မြို့ပျက်ကြီး တစ်ခု ဖြစ်နေ
ပြီ• မြို့သိမ်းအကြမ်းဖက်သမားများ လက်မှ ပြန်လည်သိမ်းပိုက်ရန် အတွက်
ဖိလစ်ပိုင်စစ်တပ်သည် စရိတ်ငွေ ဒေါ်လာ၉၇ဒဿမ၂၁သန်းသုံးစွဲခဲ့ရကြောင်း
ကြေငြာခဲ့• အစ္စလာမ်မစ်အကြမ်းဖက်သမား ၁၀၀၀ ကျော်ခန့် ကမြို့တွင်း
နေရာယူတိုက်ခိုက်သော်လည်း စစ်ပွဲအပြီး တွင် အကြမ်းဖက်သမား ၉၇၀ ကို
အသေရ, ၁၂ ယောက် ဒဏ်ရာရ, ၁၅၀ က ဖိလစ်ပိုင်စစ်တပ်ထံအလင်းဝင်ခဲ့•
မာရာဝီတိုက်ပွဲပြီးဆုံးခြင်းနှင့်အတူ ဖိလစ်ပိုင်နိူင်ငံ ၏ အဘူဆေးယဗ်အစွန်း
ရောက်နှင့် Mute brotherhood အကြမ်းဖက်တို့နိဂုံးချုပ်သွားခဲ့သည်•

      မာရာဝီမြို့တိုက်ပွဲမဖြစ်မှီ လပိုင်းအလိုကမှ သမ္မတဖြစ်ခဲ့သူ ဒူတာတေး
က  အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲ တွင်  လူ့အခွင့်အရေးစကားအပြောမခံ
ဘဲ  ဖိလစ်ပိုင်စစ်တပ်ကို  လုပ်ပိုင်ခွင့် အပြည့်အဝပေးအပ်ထားပြီး ဖြစ်လာ
သမျှ သူ တာဝန်ယူကြောင်း အစိုးရအဖွဲ့အစည်းအဝေးတွင်တစ်ပါတည်းပြော
ကြားခဲ့•မာရာဝီမြို့တိုက်ပွဲအပြီး ပြန်လည်တည်ဆောက်ရေးကုန်ကျစရိတ်
တွက်ချက်ကြည့်ရာ ဒေါ်လာ ၁၉၅သန်း ဖြစ်သော်လည်း အစ္စလာမ်ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် မာရာဝီမြို့  ပြန်လည်တည်ဆောက်ရေး ရံပုံငွေ
ကို ဗဟိုအစိုးရမှ ကျခံမပေးကြောင်း နှင့် မည်သည့်ကြောင့် စစ်ဖြစ်ရသည်ကို
ပြန်လည်သုံးသပ်ဖို့လိုကြောင်း , သဘာဝဘေးအန္တရာယ်ကြောင့် ဆိုလျင် ပြန်
လည်တည်ဆောက်ရေးအတွက် ဗဟိုအစိုးရတွင် တာဝန်ရှိသော်လည်း အကြမ်း
ဖက်သမားတို့ကြောင့်မြို့ပျက်စီးခြင်းသည် ဖိလစ်ပိုင်အခွန်ထမ်းပြည်သူတို့၏
ငွေကြေးကိုမသုံးသင့်ကြောင်း ပြောခဲ့သည်•မာရာဝီမြို့ပြန်လည်တည်ဆောက်
ရေးအတွက် မာရာဝီမြို့တော်ဝန် Majul Usman Gandamra က ဖိလစ်ပိုင်
နိူင်ငံ၏ အကျော်ကြားဆုံး ဗိသုကာ Felino Palafox Jr အားဖိတ်ကြားပြီး
တွက်ချက်စေခြင်းဖြစ်သည်• ဗိသုကာ Felino သည် ဆူနာမီဘေး , ငလျင်
နှင့် သဘာဝကပ်ဘေးတို့ကြောင့်မြို့ပြပျက်စီးမှုကို ပြန်လည်တည်ဆောက်ရေး
စီမံချက်ရေးဆွဲသည့် ကဏ္ဌ တွင်ကျော်ကြားသူဖြစ်သည်• Felino ပြောသည့်
စကားက မှတ်သားလောက်ပါသည်• သူက -

    " သဘာဝဘေးကျရောက်လို့ ကတမျိုးပါ, အခုဟာက အကြမ်းဖက်စစ်ပွဲအ
တွင်း နှစ်ဘက် ပစ်ခတ်မှုကြောင့် မြို့ပြပျက်င်္စးရတာကျ  ဘယ်သူ့မှ တာဝန်မ
ရှိသလိုပါဘဲ• မြို့တော်ဝန်ရဲ့ကမ်းလှမ်းချက်ကို လူ့အဖွဲ့အစည်း ထဲက လူတစ်
ယောက်က လူ့အကျိုးကိုဆောင်ရွက်ဖို့လက်သင့်ခံရမှာပါ•ကျနော်က မာရာဝီ
ပြန်လည်တည်ဆောက်ဖို့အတွက် အနည်းဆုံး  ၃ နှစ်ကျော် အချိန်ယူရမည်
လို့ခန့်မှန်းပါတယ်• ( မာရာဝီ မြို့တော်ဝန်က. စစ်ပွဲမဖြစ်မှီ ၂၀၁၇ ခုနှစ်မေလ
အခြေအနေ ကိုပြန်ရောက်ဖို့  နှစ်ပေါင်း ၇၀ ကြာနိူင်မည်လို့ ခန့်မှန်းထား
သည်•) နောက်ပြီး Felino က -
    
      " we still believe that ground zero  should be preserved
as a lesson for future generation• The damaged ones ' they
can be retained  especially those  full of bullets  as a lesson
for the future how terrorism can destroy  a peaceful  city"

     ဒီလို မြေပြင်မှာ ဘာမှမကျန်တာကို ဒီအတိုင်းဘဲ ဆက်လက်ထားရှိစေခြင်
တယ်• ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်သမားတွေက ငြိမ်းချမ်းသာယာနေ
တဲ့ မြို့ ကို ဖျက်ဆီး တတ်ကြောင်း နှောင်းလူငယ်တို့ က ဒဏ်ရာပေါင်းများစွာ
ရတဲ့မာရာဝီကို မြင်တိုင်း သင်္ခန်းစာ ရစေခြင်တယ်ဗျာ• အဲသလိုကျနော်
ယုံကြည်တယ်ဗျ•

     မာရာဝီမြို့တိုက်ပွဲက ပြီးခဲ့တာ ၆ နှစ်ရှိသော်လည်း ယခု တိုင် ထိုမြို့ကို ပြန်
လည်ပြုပြင်တည်ဆောက်ခြင်းမလုပ်သည်မှာ အကြမ်းဖက်မှုက ရစေခြင်တဲ့
သင်္ခန်းစာ လား , သမ္မတ အဆက်ဆက် ပြောင်းသွားလို့လား , ဘာလားဆိုတာ
ဖိလစ်ပိုင်နိူင်ငံရေးသမားတွေဘဲ သိပေလိမ့်မည်•ဒါကြောင့်လည်း အခု မာရာဝီ
ကို  "တစ္ဆေမြို့ပျက်ကြီး Ghost city" ,ဟု နံမည်ကျော်နေခြင်းဖြစ်•

Post a Comment

Previous Post Next Post