တရုပ် တီးလုံးအတိုင်း က နေတော့မှာလား?


    သူပုန်၃ ဖွဲ့ကို အသုံးချပြီး  မြန်မာပြည်မြေပုံ ကိုပြင်ဖို့ တရုပ် က လုပ်နေတာ
တစ်လကျော်သွားပြီ• မြန်မာတပ်မတော်လည်း " အောင်မြင်စွာဆုတ်ခွာ " နေတာ  ဖရိုဖရဲ အခြေအနေမှာ• မြန်မာ - တရုပ်နယ်စပ်မှာ  ဘေဂျင်းအစိုးရ
က စစ်ရေးလေ့ကျင့်မှုလုပ်နေတယ်• မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ် အတိုက်ခံရပြီး ကုန်ကား အစီးရာချီကို ဖျက်စီးတယ်• ကိုးကန့်အဖွဲ့က ၁၀၂၇
စစ်ဆင်ရေး နောက်တစ်ဆင့်တက်ဦးမယ် တဲ့• မြန်မာကို စစ်ရေး , စီးပွားရေး
အမှောင်တိုက်ထဲ ပို့ဖို့  လုပ်နေတယ်• ပြောတဲ့အတိုင်း လုပ်ပြလိမ့်မယ်လို့ ယူဆ
မိတယ်• နစက အစိုးရ ပြိုလဲအောင် တရုပ်က လုပ်တယ်• ပါးစပ်ကပြောတော့
" ပေါက်ဖေါ် ဆက်ဆံရေး" တကယ်တန်း လုပ်နေတာက " အသေသတ် ,
အပြောင်ရှင်း" ဆက်ဆံရေး•

    ၂၀၁၁ခုနှစ် ဆီရီးယား မှာ  သူပုန်ပေါင်းစုံ အဖွဲ့ ဆီးရီးယား နိူင်ငံရဲ့ ၆၃ဒဿမ၄ ရာနှုန်းကို သိမ်းပိုက်လိုက်ပြီး  သမ္မတ အာဆတ် ကို ဆင်းပြေးဖို့
တိုက်တွန်းနေပြီ•ဆီးရီးယား တပ်မတော်ကလည်း မြို့တော် ဒမတ်စကပ်
ဝန်းကျင်တဝိုက် ကိုသာ ကာကွယ်နိူင်တော့တယ်• ခြောက်ထဲကျဖို့လက်တစ်လုံး
အလို ( ဗမာစကား ) မှာ ယခင်ကတည်းကမဟာမိတ် ခိုင်မာထားတဲ့  ရုရှား
ကို ကယ်ခိုင်းလိုက်ရတယ်• အခုတော့ ဆီးရီးယား သူပုန်နဲ့ အစိုးရ occupied
Ratio က ပြောင်းပြန်ဖြစ်သွားတဲ့အပြင် သူပုန်တွေ နယ်ကျဉ်းသွားပြီ•

    တရုပ်အတွက် ရေကြောင်းတံခါးဝ မှာရှိသည့် ပထဝီအားသာချက်ကို နစက
က အသုံးမချတော့ဘူးလား? တရုပ်တီးလုံး အတိုင်း  က နေတော့မှာလား?
ဆုံးရှုံးပြီးလျင် သနားလို့ ဘယ်သူမှ ပြန်မပေးတော့ဘူးနော်• ငိုပြီးတောင်းနေ
လျင်လည်း သနားလို့ပြန်ပေးတာ  မိဘ ဘဲရှိတယ်• "die for something is
better than nothing live " စကားလို , (အမျိုးသားရေး ဆရာကြီး အချုပ်
တန်း ဆရာဖေ ဟု ကျနော်ထင်သည်•သူပြောသလို ထီးသုဉ်း နန်းသုဉ်း ကြငှန်းသုဉ်း  ဘဝ  သေသော်မှတည့် ဪ ကောင်း၏ ) စကားလို တစ်ဖက်
က  ခေါင်းကိုနင်းထားတာ ငြိမ်ခံနေရမလား? အသက်ရူပေါက် ကို ပိတ်လိုက်
စမ်းပါ• လူပါးဝ အနိူင်ကျင့်တဲ့  ဇိန တွေ ခံနိူင်ဦးမှာလား?•

   သူပုန်ကနိူင်ပြီး အစိုးရဖွဲ့ နိူင်တာ ရှိခဲ့လို့လား? ရှိခဲ့လျင်လည်း တည်ဆဲအစိုးရရဲ့
အားနည်းချက်ပေါ့•

   ( ကျနော်ချစ်တဲ့ တိုင်းပြည်အတွက် ဝမ်းနည်းစိတ်ဖြင့်ရေးလိုက်ရသည်•)

Post a Comment

Previous Post Next Post