ရှမ်းမြောက်တိုက်ပွဲများ၏ နောက်ကွယ်နှပ်ကြောင်းပေး လက်မည်းကြီးများ


Htay Oung (NP News) 

လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ စစ်ပွဲများနဲ့ပတ်သက်ပြီး “တရုတ်နှင့်ထိစပ်နေ သော_နယ်စပ်ဒေသများကို ထိန်းချုပ်ရန် မြန်မာနစက_အစိုးရရ လမ်းပျောက်နေ” ခေါင်းစဉ်နဲ့ “ #Institute_of_Peace_and_the_Asia_Society (#USIP) (ခေါ်) အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ အာရှ လူ့အဖွဲ့အစည်းရေးဆိုင်ရာအင်စတီကျု့က ၈ ရက်၊ နို၀င်ဘာ ၂ဝ၂၃ ခုနှစ် ရက်စွဲပါ စာတမ်းတစ်စောင်ကို ဖော်ပြခဲ့ပါ တယ်။

စာလုံးရေ ၂၂ဝဝ ကျော်ရှိတဲ့စာတမ်းတစ်ခုလုံးကို အတိုချုံးရလျှင် မြန်မာစစ်တပ် ကျောထောက်နောက်ခံပြု နယ်ခြားစောင့်တပ်များက ကမကထပြုတဲ့ ရာဇဝတ်မှုဆိုင်ရာလှုပ်ရှားမှုများကို နှောင့်ယှက်ဖို့အတွက် ခုခံရေးတပ်ဖွဲ့ များရဲ့ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့် မြန်မာ့တပ်မတော်အနေနဲ့ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်ခြားတစ်လျှောက် အရေးပါတဲ့နယ်မြေများကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ လမ်းပျောက်နေကြောင်း၊ ၁ဝ၂၇ စစ်ဆင်ရေးလို့ အမည်ပေးထား တဲ့ အဲဒီလှုပ်ရှားမှုဟာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ရာဇဝတ်မကင်းတဲ့လုပ်ငန်းများကို တားဆီးဖို့ ကြိုးစားနေတဲ့ တရုတ်အစိုးရဲ့အားထုတ်မှုများနဲ့လည်း ဆီလျော်ကိုက်ညီနေကြောင်း၊ စစ်ဆင်ရေးရဲ့အောင်မြင်မှု အသီးအပွင့်တွေ ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအပေါ် ဆန့်ကျင်တိုက်ပွဲဝင်ခြင်းရဲ့အချိုးအကွေ့တစ်ခုဖြစ်ပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေးခေါင်းဆောင်များ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံများအတွက် စိန်ခေါ်မှုအသစ်များကို ပေါ်ပေါက်လာစေကြောင်း၊ တရုတ်အစိုးရရဲ့အပြုအမူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖွဲ့စည်းခြင်းအပေါ် သက်ရောက်မှုရှိပြီး အစိုးရဆန့်ကျင်ရေးတပ်များအပေါ် တရုတ်ရဲ့ပံ့ပို့ထောက်ခံမှုနဲ့ သြဇာလွှမ်းမိုးလေဟန် “အရွေ့” အဖြစ်နဲ့လည်း ပြသနေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ကတော့ အဓိကလူမျိုးစုများရဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်အပေါ် (အစိုးရက) အာမခံခြင်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်ကြောင်း၊ (ယခုအပြောင်းအလဲဖြစ်လာတဲ့အတွက်) မြန်မာနိုင်ငံဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ အသွင် ကူးပြောင်းရေးဆိုင်ရာလမ်းညွှန်ရာမှာ ခုခံရေးဦးဆောင်မှုများနဲ့ ပိုမိုထိရောက်စွာ ထိတွေ့ဆက်ဆံဖို့ စိန်ခေါ်မှုကို ရင်ဆိုင်လာရကြောင်း၊ နယ်စပ်ဒေသတလျှောက် အွန်လိုင်းဂိမ်း လိမ်လည်မှုများကို တရုတ်ရဲ့နှိမ်နင်းခြင်းဟာ မြန်မာနိုင်ငံအတွင်း သူ့ရဲ့လုံခြုံရေး သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ အနာဂတ် စေ့စပ်ညှိနှိုင်းမှုများအပေါ် သက်ရောက်မှုများ ရှိနေကြောင်း၊ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးလက်ဦးမှုနဲ့ ညွန့်ပေါင်းတည်ဆောက်ရေးတို့မှာ ဝါရှင်တန်အနေနဲ့ ပံ့ပိုးကူညီပေးဖို့ လိုအပ်ကြောင်း၊ လိမ်လည်လှည့်ဖြားတဲ့လုပ်ငန်းများကို နေရာရွှေ့ပြောင်းခြင်း၊ တရုတ်ရဲ့သြဇာလွှမ်းမိုးမှု အပါအဝင် ပြောင်းလဲ လာတဲ့အခြေအနေများနဲ့ပတ်သက်ပြီး စိုးရိမ်မှုများကို ဖြေရှင်းဖို့ အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါကြောင်း ရေးသားထားပါတယ်။

ပြဿနာ (သို့မဟုတ်) အရေးကိစ္စတစ်ခုမှာ ကာယကံရှင်မဟုတ်တဲ့ကြားလူက ဝင်ရောက်သုံးသပ်-အကဲဖြတ်-ဆောင်ရွက်ပေးခြင်းဟာ ယနေ့ကမ္ဘာမှာ အလွန်တွင်ကျယ်ပါတယ်။ များသောဖြင့် အဲဒီလိုကြားဝင်ဆောင်ရွက် ပေးလေ့ရှိတာ NGO များ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ကုသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၇၁ အရ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်း Non-Governmental Organization (NGO) လို့ ဝေါဟာရ ရှိပေမယ့် ပုံသေ (သို့မဟုတ်) တရား၀င် အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိပါဘူး။

နိုင်ငံတကာမှာ ဖြန့်ကြက်ထားတဲ့ NGO (ခေါ်) အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပုံစံ ၅ မျိုး ရှိပါတယ်။ (၁)အရပ်ဘက်_လူမှုဖွံဖြိုးရေးအဖွဲ့အစည်း၊ (၂) စေတနာ့ဝန်ထမ်း ဆန္ဒအလျှောက်လုပ်အားပေးသူများရဲ့အဖွဲ့ အစည်း၊ (၃) အရက်ဖြတ်သူများ_ကင်ဆာဝေဒနာရှင်များလို ဘုံပြဿနာ_(သို့မဟုတ်) စိတ်ပါဝင်စားသူများဖြင့် ကိုယ်ထူကိုယ်ထ_ဖွဲ့စည်းထားတဲ့ NGO (၄) ပုဂ္ဂလိက_စေတနာ့ဝန်ထမ်းအဖွဲ့များကို သက်ဆိုင်ရာ အစိုးရတို့က ဖွဲ့စည်းပေးထားပေမယ့် သီးခြားလွတ်လပ်ပြီး အကျိုးအမြတ်မယူ မူဝါဒအခြေခံ နာရေးကူညီမှုအသင်း၊ ပရဟိတလူနာသယ်ပို့ (၅) နိုင်ငံ_သို့မဟုတ်_အခြားသူတို့ရဲ့ မူဝါဒများ ကျင့်ထုံးများမှာ အကျိုးသက်ရောက်မှုကို လေ့လာဆန်းစစ်နေပြီး တိုင်းပြည်ကိုယ်စားပြုခြင်း မရှိတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့်သူများ၊ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ မြစိမ်းရောင်_ငြိမ်းချမ်းရေး သဘာဝပတ်၀န်းကျင် ထိန်းသိမ်း သူများ စသည်ဖြင့် (၅) မျိုး တွေ့ရှိနိုင်ပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ ပရောဂျက် ချမှတ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်းနဲ့ စေတနာ့၀န်ထမ်း ဗော်လံတီယာများလို့ NGO နှစ်မျိုးအဖြစ်သာ လက်ခံထားပါတယ်။ NGO အဖွဲ့အစည်းပေါင်း အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်း ဖို့တောင် အတော်ခက်ပါတယ်။ ၂ဝ၂၁ ခုနှစ် အမေရိကန်တစ်နိုင်ငံတည်းမှာပဲ အမှန်တကယ် လုပ်ငန်းလည်ပတ်နေ တဲ့ NGO ပေါင်း ၁.၅-သန်း ရှိနေပါတယ်။

အဲဒီအထဲမှာ USIP ပါဝင်ခြင်း မရှိပါဘူး၊ အမေရိကန်ကွန်ဂရက်လွှတ်တော်က ဥပဒေပြဌာန်းပြီး ဖွဲ့စည်းထားတဲ့ အဲဒီအင်စတီကျု့ဟာ #USAID လို အမေရိကန်အစိုးရနဲ့ဆက်နွယ်နေပြီး_သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ အာရှလူမှုရေးရာကိစ္စကို ဗန်းပြပြီး အမေရိကန်အစိုးရအနေနဲ့ ကိုလိုနီ လက်သစ် နယ်မြေထူထောင်ဖို့ အကြံဉာဏ်ပေးနေတဲ့ Think Tank အဖွဲ့အစည်းသာလျှင် ဖြစ်ပါတယ်။ ကွန်ဂရက် လွှတ်တော် မှ ဥက္ကဋ္ဌ ၃ ဦး၊ သမ္မတက ခန့်အပ်ပြီး ကွန်ဂရက်က အတည်ပြုရတဲ့ အခြားအဖွဲ့ဝင် ၁၂ ဦး ပါဝင်ပြီး ရုံး၀န်ထမ်း ၃ဝဝ ခန့် နဲ့ လုပ်ငန်းလည်ပတ်နေပါတယ်။

အရှေ့အနောက်စစ်အေးတိုက်ပွဲ ပြင်းထန်နေချိန် ၁၉၈၄ ခုနှစ် သမ္မတရော်နယ်ရီဂင်လက်ထက် ဒုတိယကမ္ဘာစစ် စစ်မှုထမ်းဟောင်းများ၊ သံတမန်ဟောင်းများနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ USIP ဟာ စစ်ရေးဆိုင်ရာ အင်စတီကျုရှင်းတစ်ခု အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းမှုများလည်း ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်း USIP ရဲ့ခြေလှမ်းတွေဟာ ကမ္ဘာ့ပဋိပက္ခ ဖြစ်ပွားရာ ဇုန်များအတွင်း ဖြန့်ကျက်လာခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်လွန် ဘောလ်ကန်ဒေသ စစ်ပွဲများနဲ့ စတင်ခဲ့ပါတယ်။

၂ဝဝ၁ ခုနှစ် 9/11 ဖြစ်စဉ်နောက်ပိုင်း အီရတ်နဲ့ အာဖဂန်နစ္စတန်တို့အထိ တိုးချဲ့ခဲ့ပြီး USIP ရဲ့ ငြိမ်းချမ်းရေးနဲ့ လူမှုရေးဆိုင်ရာ အကြံပြုတွေအပေါ် ဒေါသဖြစ်လွန်းတဲ့ ကွန်ဂရက်အမတ် ၄ ပုံတစ်ပုံက အဲဒီ Think Tank အဖွဲ့ကို ဘတ်ဂျတ် ချမပေးဖို့ တစ်နည်းအားဖြင့် ဖျက်သိမ်းပစ်ဖို့အထိ ၂ဝ၁၁ ခုနှစ်မှာ အဆိုတင်သွင်းခြင်းခံရပါတယ်။ USIP ဆိုတာ အမေရိကန်အစိုးရရဲ့စွန့်ပစ်အမှိုက်ပုံကြီး ဘယ်လောက်ကြီးမားနေတယ်ဆိုတာ လေ့လာနေခြင်းဖြစ်တယ် လို့ ပြောင်လှောင်ခြင်း ခံခဲ့ရပါတယ်။ ၂ လကျော်ကြာ ဘတ်ဂျက်ငွေ ဆိုင်းငံခံခဲ့ရပါတယ်။

ဒါပေမယ့် USIP အတွက် တစ်နှစ်စာ ဘတ်ဂျက်အသုံးစရ်ိတ်ဟာ အာဖဂန် စစ်ပွဲ သုံးနာရီစာသာ ရှိနေပြီး တိုက်လေယာဉ်တစ်စီးဖိုးထက် အဆမတန်နည်းပါးကြောင်း၊ တစ်ခြား အေဂျင်စီမျိုးနဲ့ အလွယ်တကူ အစားထိုးဖို့ မဖြစ်နိုင်တဲ့အပြင် အာဖဂန်မှာ အမေရိကန်စစ်သား ၄ဝ လောက် တစ်နှစ်စာ ချထားရဲ့စရိတ်လောက်သာရှိကြောင်း သာသာထိုးထိုး လျှောက်လဲချက်များနဲ့ USIP အနေနဲ့ သက်ဆိုးရှည်နေရခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူတစ်ပါးတိုင်းပြည်ရဲ့ပြည်တွင်းရေးမှာ နိုင်ငံရေး-စစ်ရေးအထိ ဝင်ရောက်စွက်ဖက်ရေးကို အမေရိကန်နိုင်ငံရေး သမားတို့ စွန့်လွှတ်နိုင်ခြင်း မရှိသေးကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

ယနေ့ ကွန်ဂရက်လွှတ်တော်ခွင့်ပြုငွေ ဒေါ်လာ ၅၅ သန်းရရှိနေတဲ့ USIP ဟာ အာဖရန်နစ္စတန်၊ အီရတ်၊ လစ်ဗျား၊ ပါကစ္စတန်၊ ဆူဒန်၊ တောင်ဆူဒန်တို့မှာ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပါတယ်။ ၂ဝ၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ အတွက် အကြံပြုတယ်လို့ပြောဆိုပြီး ဆန့်ကျင်ဘက် ဘာသာရေးအသင်းအဖွဲ့များ၊ လက်နက်ကိုင်သူပုန်တို့ရဲ့ ပြောဆိုချက်များနဲ့ သတင်းတု သတင်းမှားများကိုတွင်ဖော်ပြနေတဲ့ ပြည်ပလက်ဝေခံမီဒီယာလုပ်စားတို့ရဲ့ သတင်း များကိုအခြေခံပြီး ကောက်ချက်ချနေခြင်းးဖြစ်ပါတယ်။

မြန်မာနိုင်ငံနေရာအနှံ့_လုံခြုံရေး_မတည်ငြိမ်များ_ရှိနေကြောင်း_၀န်ခံပါတယ်။ ဒါပေမယ့် ဒေါ်လာစားမီဒီယာတို့ ကိုယ်တိုင် ပူးပေါင်းကျူးလွန်တဲ့ သတင်းတု သတင်းမှားများ၊ ကောလဟလများဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အရှိန်အဟုန်ပြင်းပြင်းနဲ့ ပျံ့နှံနေပြီး ရွှေငွေ လောင်စာဆီ၊ ငွေကြေးတန်ဖိုးနဲ့ အခြေခံစားကုန်စျေးနှုန်းများကို ပရမ်းပတာ ဖြစ်စေလျက်ရှိပါတယ်။

အဲဒီနေရာမှာ အမေရိကန်အစိုးရရဲ့ စစ်ခေါ် လက်ကိုင်ဒုတ် USIP ဟာ ကျွန်တော်တို့နိုင်ငံနဲ့ အိမ်နီးချင်းတိုင်းပြည် များ အရေးမှာ ဗြောင်ကျကျ ကျူးလွန် စွက်ဖက်လာကြောင်း တွေ့မြင်နေရပါတယ်။

၂ဝ၂၁ ခုနှစ် သြဂုတ်လ မြန်မာနယ်စပ်ဒေသ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ၊ ဒေသတွင်း အွန်လိုင်းရာဇ၀တ်မှု များ၊ မူးယစ်ဆေး ဆက်နွယ်သူပုန်အချင်းချင်း နယ်မြေလု စစ်ပွဲများအကြောင်းနဲ့ ၀င်ရောက်စွက်ဖက်ရန် အကြံပြုခဲ့တဲ USIP ဟာ ၂ဝ၂၃ ခုနှစ် နို၀င်ဘာလရောက်တော့ အဆိုပါမူးယစ်ဆေးဆက်နွယ်သူပုန်တို့ကို ခုခံရေးသမား၊ တရုတ် နယ်စပ်တစ်လျောက် နယ်မြေအများအပြားကို ထိန်းချုပ်နိုင်သူ ဟီးရိုးများအဖြစ်ဖော်ပြပြီး ဝင်ရောက်မွှေနှောက်ရန် အကြံပြုနေပြန်ပါတယ်။

အစဉ်လေးစားစွာဖြင့်...

#HtayOung, #OungMarine
#NPnews

Post a Comment

Previous Post Next Post