ရပ်နားထားပြီး ပြန်လည်ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လူ (၁) သန်းကျော် လာရောက်လည်ပတ်ခဲ့ဟုဆို


ကိုဗစ် -၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ၃ နှစ်ကြာရပ်နားထားခဲ့တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့က တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ယခု ၂၀၂၃ ခုနှစ်မှာ (၇၁) ကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပခဲ့ပါတယ်။

ယခုလို ပြန်လည်ကျင်းပတဲ့ ပွဲတော်ကို နိုဝင်ဘာ (၂၁) ရက်နေ့ကနေ (၂၇) ရက်နေ့အတွင်းမှာ ညမီးကြီး (၃၈) လုံး၊ စိန်နားပန် (၂၅) လုံး၊ နေ့လွှတ်အရုပ် ခြေလေးချောင်း (၁၇) လုံး၊ အရုပ်အုပ်စု (၉) အုပ်စုတို့ လွှတ်တင်ခဲ့ပြီး လာရောက်လည်ပတ်သူဦးရေဟာ (၁၀) သိန်းကျော်အထိ ရှိခဲ့တယ်လို့ ရိုးရာမီးပုံးပျံပညာရှင်များအသင်း (ရှမ်း/တောင်) က ဆိုပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ ရှမ်းပြည်နယ်ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများလည်း အေးချမ်းတည်ငြိမ်စွာ၊ ပျော်ရွှင်ကြည်နှုးစွာ ပူပေါင်းပါဝင် ဆင်နွဲခဲ့ကြတယ်လို့ သိရပြီး အဆိုပါ မီးပုံးပျံပွဲမှာ ဆုရတဲ့ သူတွေကို ဒီနေ့ညနေမှာ ဆုပေးသွားမယ်လို့ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post