နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက်


========================================
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ နောက်ကွယ်တွင် အင်အားစုစည်းတည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ အပြိုင်အဆိုင် တည်ဆောက်ထုတ်လုပ်ခြင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ ရောင်းချပေးခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် တာဝန်ရှိသည့်အတွက် သောင်းကျန်းသူချေမှုန်းရေးကို ဖိဖိစီးစီးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် မထိခိုက်ရေးတို့အတွက်ကိုလည်း တပ်မတော်သားများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျက်ရှိသည်။

Post a Comment

Previous Post Next Post