တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီကို လိုလားသည့် ပြည်သူလူထုနှင့် တစ်သားတည်းရှိ


==================================
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီကို လိုလားသည့် ပြည်သူလူထုနှင့် တစ်သားတည်းရှိကြောင်း၊ "ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ဦးဆောင်၍သွားမည်၊ ပြည်သူကလည်းလိုချင်သည့်အတွက် ပြည်သူနှင့်တစ်သားတည်းဖြစ်မည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်"ဟူသည့် ဦးတည်ချက်များကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယနေ့ကျင်းပပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၆/၂၀၂၃)မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိတွင် ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင် ဦးစီးသည့်အဖွဲ့သည် MNDAA လက်ကျန်အဖွဲ့နဲ့ ကိုးကန့်များကိုစည်းရုံး၍ အထူးဒေသအဖြစ် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း၊ ကိုးကန့်ဒေသအတွင်းရှိ တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် TNLA ၊ KIA ၊ AA အဖွဲ့တို့အပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ Drone ပညာရှင်များ စုစုပေါင်း အင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ TNLA ရဲ့ ရည်ရွယ်ချက်မှာ ပလောင်ဒေသ ရရှိရေးပင်ဖြစ်ကြောင်း၊ လောက်ကိုင်ဒေသတွင် ယခုကဲ့သို့ ရှုပ်ထွေးမှုများ ဖြစ်လာခဲ့ရခြင်းမှာ ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းလောင်းကစားများမှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းတို့ကိုလည်း ပြောကြားခဲ့ပါသေးတယ်။

Post a Comment

Previous Post Next Post