နိုင်မယ်ထင် လာလောင်း

အကောင့်ထဲက ကောင်မလေးတစ်ယောက်။ ဆယ်တန်းကို All D နဲ့အောင်။ နွေရူးတော်လှန်ရေးမှာ CDM လုပ်ရင်း ဆန္ဒပြတဲ့ကောင်တစ်ကောင်နဲ့ရ။ အခုတော့ ကလေးတစ်ယောက် ဗိုက်တစ်လုံးနဲ့။ ပြီးခဲ့တဲ့ရက်ပိုင်းက ပို့စ်တစ်ခုတင်ထားတယ်။ ဆေးတက္ကသိုလ်တက်ခွင့်ရလျက် မတက်ခဲ့ဘူး။ အခုတော့ ကလေးတစ်ယောက် တစ်ဗိုက်နဲ့ မိဘကလည်း မကြည့်တော့မတက်နိုင်တော့ဘူး ဘာညာ........။

ဟိုးရက်ပိုင်း ပွထသွားတဲ့ ငွေရှိရင် ဆယ်တန်းမအောင်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ ပို့စ် သတိရမိသွားတယ်။

စာမတတ်ဘူး။ ပိုက်ဆံရှိတယ်။ ပေါင်းတတ်သင်းတတ်လို့ ဘယ်သူ့မှသောက်ဂရုမစိုက်ဘူးဆိုတဲ့ကောင်တွေ ခွေးဖြစ်တာက ဘယ်အချိန်လဲဆို စာလည်းတတ် သောက်ဆံလည်းရှိ၊ အာဏာလည်းရနေတဲ့ကောင်တွေကြားမှာ သားသမီးက ခွေးဖြစ်နေမှ ဒိကောင့်မိဘက ပိုက်ဆံတစ်ခုကလွဲရင် ပညာမတတ်တော့ ငါတို့မိဘ လာကပ်ဖားနေတာကွာ။ သနားလို့ လုပ်ပေးထားတာ။ စာကလည်းမတတ် ငွေကလည်းငါတို့ဟ ပေးထားတာဆိုတာမျိုး အပြောခံရချိန်ပဲ။ သားသမီးကို မိဘအသိပညာမဲ့မှုကြောင့် ခွဲခြားဆက်ဆံခံရမှာ ပညာရေးအားပေးတော့တာ။ ဘွဲ့မရလည်း ငွေရှိရင်ဖြစ်တယ် သောက်သံတိတ်တာ။

ရှေ့ရက်တွေက ပြောသလိုပါပဲ။ KIA ရဲ့ မိုင်ဂျားယန်တောင် လူစဥ်မမှီသေးတာ မနေ့ကမှထဖွင့်၊ သူ့ဘာသာ အစိုးရပြောနေပေမဲ့ NUG အစိုးရလို့တောင် တစ်ကမ္ဘာလုံးကအသိအမှတ်အပြုမခံရတာကို သူ့ကျောင်းက ဘယ်သူစောက်ဖက်လုပ်မှာမို့လို့လဲ။

သိဖို့က

KIA ရဲ့ မိုင်ဂျားယန်ဘွဲ့လက်မှတ်ကိုင်ပြီး ကမ္ဘာကိုတိုးလို့မရဘူး။ NUG ရဲ့ အထက်တန်း​ပြီးဆုံးကျောင်းတို့ ပေါက်တတ်ကရလက်မှတ်တို့က KMD ရဲ့ ဆာတီဖီကိတ်လောက်တောင် အသုံးဝင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက ကမ္ဘာကလက်ခံတဲ့ တက္ကသိုလ်တစ်ခုခုက ဘွဲ့လက်မှတ်ကိုင်ထားရင်တော့ မင်းက အောက်ဆုံးအနိမ့်ဆုံးဘွဲ့ကို ခိုးချလို့ရထားဦး သူ့နိုင်ငံမှာတော့ ဘွဲ့ရခဲ့တယ်လို့ ကမ္ဘာက စဥ်းစားတယ်။

ပညာရေးက မြန်မာ့နိုင်ငံရေး မြန်မာအစိုးရနဲ့ မဆိုင်ဘူး။ ကမ္ဘာကအသိအမှတ်ပြုတဲ့နိုင်ငံက တက္ကသိုလ်တွေက အတည်ပြုထားတဲ့ ဘွဲ့လက်မှတ်နဲ့ပဲဆိုင်တာ။

လူတိုင်းက ကမ္ဘာအသိအမှတ်​ပြု ဘွဲ့ရနေတဲ့ခေတ်မှာ မင်းဘွဲ့မရရင် မင်းညံ့တာပဲ။

ကမ္ဘာကအသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံက အတန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ် ရအောင်မယူနိုင်ဘဲ ကမ္ဘာကတောင် မသိတဲ့ NUG ရဲ့ လက်မှတ်ကိုယုံလို့ဖြစ်တာ။

SAC ဟာ ဘွဲ့လက်မှတ်တွေကို သူကပေးခွင့်မရှိ၊ သူက လူငယ်​ယောက်ရဲ့ ဘဝတွေ အနာဂတ်တွေကို ဆုံးဖြတ်ခွင့်မရှိဘဲ ကမ္ဘာက သူတို့အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံက ဘွဲ့လက်မှတ်ကိုပဲ အသိအမှတ်ပြုတယ်ဆိုတာ မသိတဲ့ စောက်တုံးတွေနဲ့ပဲ ဆိုင်တာ။

NUG က ပေးတဲ့ အတန်းပြီးဆုံးကြောင်း လက်မှတ်တွေ လာမဲ့ ငါးနှစ်မှာ အသက်ဝင်လာမယ် ကမ္ဘာကအသိအမှတ်ပြုလာမယ်ထင်တဲ့ စောက်တုံးတွေ ကြိုက်ကြေးလောင်းလို့ရတယ်။ ဆယ်နှစ်အထိပေးမယ်။

နိုင်မယ်ထင် လာလောင်း 😏😏😏😏

မောင်ဆူးလှည်း

Post a Comment

Previous Post Next Post