မန္တလေးမှ မြစ်ကြီးနားအထိ ၂၂ ဘီး တွဲကား တစ်စီးလျှင် ဆက်ကြေးအဖြစ် KIA/PDF ကျပ်သိန်း ၃၁ သိန်း ပေး ဆောင်နေရ


မန္တလေးမှ မြစ်ကြီးနားအထိ ၂၂ ဘီး တွဲကားတစ်စီးလျှင် ဆက်ကြေးအဖြစ် KIA/PDF ကျပ်သိန်း ၃၁ သိန်း ပေး ဆောင်ရသည်။

KIA/PDF အဖွဲ့များ ဆက်ကြေးကောက်ယူသည့်နေရာသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၏ ဆုံချက်ဖြစ်သည့် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ စီဘိန်းကျေးရွာ ဖြစ်သည်။

"မဘိမ်းမြို့နယ်၊ စီဘိန်းရွာမှာ KIA/PDF အဖွဲ့က ဂိတ်ဖွင့်ထားတာ အဲ့ဒီ့မှာ တွဲကားတိုင်း ကျပ်သိန်း ၂၀ ကျော် ကနေ သိန်း ၅၀ အထိ ပေးရတာ။ ပါလာတဲ့ ကုန်ပေါ်မှာ မူတည်ပြီး ပေးရတာ" လို့ ယာဉ်မောင်းတစ်ဦးက People Media သို့ ပြောဆိုသည်။

၂၂ ဘီး တွဲကားတစ်စီးမှ KIA/PDF ထံ ဆက်ကြေးပေးဆောင်ခဲ့ရသည့် ပြေစာရွက်များကို နိုင်ငံ့ခေါင်းဆောင် များ၊ တပ်မတော်ခေါင်းဆောင်များ၊ လုံခြုံရေးတာဝန်ရှိသူများသိရှိရန် People Media မှ ဖော်ပြပေးလိုက်သည်။

#PeopleMedia

Post a Comment

Previous Post Next Post