လက်တလောဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွါရသူ ၂၆,၀၀၀ နီးပါးထိတိုးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်တို့တွင် လတ်တလောဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွါရသူ ၂၆,၀၀၀ နီးပါး တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၂၂) မြို့နယ်ရှိသည့်အနက် (၉) မြို့နယ်တွင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွါးနေသည့်အတွက် နေရပ်စွန့်ခွါရသူအသစ်များ တိုးပွါးလာပြီး လူနာချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း မြင့်တက်နေကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) နှင့် PDF တို့အကြား အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံ၏ အရှေ့မြောက်နှင့် အရှေ့တောင် ဒေသများကို သိသိသာသာ သက်ရောက်မှု ရှိနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် လတ်တလော လူပေါင်း ၂၅,၇၀၀ ခန့်သည် နေရပ်စွန်ခွာခဲ့ရကြောင်း သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်သည့် အရေးကြီးသော ဖြတ်သန်းလမ်းကြောင်းများကို ပိတ်ဆို့ထားမှုများလည်း ရှိနေပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးထံမှ သိရသည်။

Post a Comment

Previous Post Next Post