နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ


==================================
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့တယ်လို သိရပါတယ်။
ထိုသို တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ တပ်မတော်ယဉ်ကျေးမှုအဖွဲများနဲ့ ချစ်ကြည်ရေး အားကစားအဖွဲများ အပြန်အလှန်စေလွှတ်သွားမည့် အခြေအနေများ၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများနဲ့ တပ်မတော်သားများ၊ မိသားစုဝင်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို သိရပါတယ်။

Post a Comment

Previous Post Next Post