အပန်းဖြေခရီးသွားရောက်ခဲ့သည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ရန်ကုန်မြိုသိုပြန်လည်ရောက်ရှိ


နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့်
တပ်မတော်သား အရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ချောင်းသာကမ်းခြေ၊ ပုသိမ်မြိုနှင့်
ရွှေသောင်ယံမြိုတိုရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို ပိုဆောင်ပေးခဲ့ပါတယ်။
အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အရာရှိ၊ စစ်သည်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများ၊ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ တန်ခိုးကြီးဘုရားစေတီများ၊ အထင်ကရနေရာများ၏ ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသခြင်းများကို ဆောင်ရွက်ပေးခဲ့လို ကောင်းမွန်တဲ့ခရီးစဉ်တစ်ခု ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခုကဲ့သို အပန်းဖြေခရီးစဉ် သွားရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်အကြီးအကဲများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းနှင့် စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိခဲ့ကြောင်း သိရပါတယ်။

Post a Comment

Previous Post Next Post