တောထဲမှာသွားပြီး ချော်လဲရောထိုင်လုပ်နေကြတဲ့သူတွေ

NUG / NLD/ PDF တွေက စိတ်ကူးယဥ် သိပ်ဆန်ပါတယ်

လော်ဘီမီဒီယာတွေက စိတ်ကူးနဲ့ရူးနေတဲ့ စစ်သတင်းတွေ PDF အောင်ပွဲသတင်းတွေကို ချဲ့ကားပြီး ပြောဆိုကြတယ်

လက်တွေ့မြေပြင်ရင်ဆိုင်နေရတဲ့ ပြည်သူ တော်တော်များများက ရှက်ရွံ့စရာ မြှောက်ထိုးပင့်ကော် စာကားလုံးတွေလို ့တဖြေးဖြေး သိလာကြပါပြီ

NUG လော်ဘီမီဒီယာတွေက မြေပြင် တိုက်ပွဲဝင် PDF တွေ သေဆုံးနေတာကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားကြပါတယ်

တစ်နိုင်ငံလုံး အတိုင်းအတာအရ PDF လူငယ်တွေ မိုင်းထောင်ရင်း ထိခိုက်သေဆုံးရတဲ့အရေအတွက်တင် PDF ၅၀၀၀ ကျော်လောက် ရှိနေတယ်လို့ မြေပြင်သတင်းများက ဆိုပါတယ်

တိုက်ပွဲနယ်မြေ မြို့နယ်တွေက PDF တောတွင်းဆေးခန်းတွေမှာ ဒဏ်ရာရ PDF ၂၀ ဦးခန့်စီ နေ့စဥ်ရှိနေတယ်လို့ PDF ဆေးအဖွဲ့ CDM ဆရာဝန်တွေက ငြီးငြူကြတာတွေလည်း ရှိပါတယ်

၂၀၂၃ ခုနှစ်ကစလို့ PDF လူငယ်လေးတွေ ၁၀၀ နီးပါး နေ့စဥ် တိုးတိုးတိတ်တိတ် သေဆုံးနေရတာ ရက်ပေါင်း ၃၀၀ ကျော်ရှိနေပါတယ်

တစ်ချို့မြေပြင်သတင်းတွေက ဒါထက်ပိုများတယ်လို့ ဆိုပါတယ်

EAOs အခံရှိ ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်းအစွန်အဖျားက ကောလင်းလို နေရာမျိုးကလွဲရင် ကျန်ပြည်မတိုင်းဒေသက မြို့တွေ ရွာတွေကို PDF တွေ မစီးနင်းနိုင်သေးပါဘူး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်က မင်းရွာရဲစခန်း တိုက်ခိုက်စီးနင်းခံရတာကိုတော့ ချွင်းချက်အနေနဲ့ မှတ်တမ်းသွင်းရပါမယ်

ကျန်တဲ့ ရဲစခန်းရဲကင်းတစ်ချို့ကို တိုက်ခိုက်ခံရတာကြောင့် မဟုတ်ပဲ ဗျူဟာအရ ယာယီစွန့်လွှတ်ခဲ့တာမျိုး ရှိပါတယ်

တိုက်ခိုက်မှုတွေ ရှိနေပေမဲ့ တိုင်းဒေသက ပြည်သူ့စစ်ရွာတစ်ရွာကိုမှလည်း မဖြိုဖျက်နိုင်ပါ

ဒီနေ့ကြုံတွေ့နေရတဲ့ ရှမ်းမြောက်သတင်းတွေကိုလည်း လော်ဘီသတင်းဌာနတွေက လိမ်လည်ချဲ့ကား ဖော်ပြပြီး အရူးဆေးတိုက်နေတာကို ယုံကြည်နေသူတွေလည်း ရှိပါတယ်

မြန်မာ့ နေရာတစ်ချို့မှာ တိုက်ပွဲဖြစ်နေတာက လွဲရင် တပ်မတော်ကြီး ပြိုကွဲပျက်စီးရှုံးနိမ့်နေတာ မဟုတ်ပါဘူး

PDF တွေနိုင်တော့မယ်ဆိုတာက ရန်သူရဲ့ ဝါဒဖြန့်သက်သက်သာဖြစ်ပါတယ်

ဒီလိုဖြစ်ရတာရဲ့ အကြောင်းရင်းက တပ်မတော်က အနိမ့်ဆုံးအင်အားနဲ့ PDF တွေကို ညှာတာခဲ့တာနဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်နဲ့ တစ်ဖက်သတ် အပစ်ရပ်ခဲ့တာကို ရန်သူက အခွင့်အရေးယူခဲ့ကြလို့ပါ

ဒီလို အပစ်အခတ်ရပ်ဆိုင်းထားတာက ပြီးဆုံးပါတော့မယ်

မကြာခင်ကာလမှာ NUG ဂျင်းမိထားတဲ့ ပြည်သူတွေ အိမ်မက်တွေက လန့်နိုးလာကြတော့မယ်လို့ ရှုမြင်ရပါတယ်
Crd

#DGF

Post a Comment

Previous Post Next Post