လွိုင်ကော်တက္ကသိုလ်ကနေ ဖမ်းဆီးသွားတဲ့ ဆရာ၊ ဆရာမတွေကို နစကနဲ့ မပတ်သက်ဖို့ ခြိမ်းခြောက်ပြီး ခံဝန်ဂတိထိုးခိုင်း


လွိုင်ကော်တက္ကသိုလ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ Non-CDM ဆရာ၊ ဆရာမ ၂၀၃ ဦးကို နစကနဲ့ မပတ်သက်ဖို့ အကြမ်းဖက်သမားတွေက ခြိမ်းခြောက်ပြီး ခံဝန်ဂတိထိုးခိုင်းနေတဲ့ဓာတ်ပုံအချို့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။

ပထမ အသုတ်အနေ နဲ့ ဝန်ထမ်း ၇၀ ကျော်နဲ့ မိသားစုဝင် ၃၀ ကျော်တို့ကို ကယားလက်နက်ကိုင် အကြမ်းဖက်သမားတွေက စစ်ဆေးခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက်က နေရပ်ကို ပြန်ပို့ခဲ့တယ်လို့လည်း ကယားအကြမ်းဖက်အုပ်စုက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် CDM မလုပ်ခဲ့တာအတွက်ကိုပါ တောင်းပန်ရမယ်ဆိုပြီး သေနတ်ထောက် စေခိုင်းခဲ့တာကြောင့် အတွက်ဝန်ချတောင်းပန်ခိုင်းခဲ့တယ်လို့လည်း သိရပြီး ကျန်ရှိနေတဲ့ Non-CDM ဝန်ထမ်းတွေကိုလည်း လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးရင် နေရပ်ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။

အဆိုပါ Non-CDM ဝန်ထမ်းတွေကို ၁၁၁၁ တော်လှန်ရေးဆိုတဲ့ အကြမ်းဖက်စစ်ရေးလှုပ်ရှားမှုအတွင်းမှာ အကြမ်းဖက်သမားတွေက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post