တရားသောစစ်အောင်ရမယ်လို့အပြည့်အဝယုံ ကြည််တယ်


ကိုယ့်အချုပ်အာဏာကို ကာကွယ်စောင့်ရှောက်ဖို့
အချိန်တန်ရင် ရန်သူသိမ်းပိုက်ထားတဲ့ မြို့  ရွာ
တွေကို ပြန်လည်သိမ်းပိုက်ယူရမှာက အသေချာပါ။
ဒီလို ပြန်လည်တိုက်ခိုက်တဲ့နေရာ မှာ အခက်အခဲ
မရှိစေဖို့နဲ့ လွယ်ကူစေဖို့ အခုချိန်မှာ အလုပ်သင့်ဆုံး
အလုပ်က ရန်သူ သိမ်းယူထားတဲ့ မြို့ရွာတွေကို
ခံစစ်ပြင်ဆင်ချိန် တည်ဆောက်ချိန်မရအောင်
လူမရောက် ကျည်ရောက်စနစ်တွေနဲ့ ကြိုတင်
ချေမှူန်းထားသင့်ပါပြီ။

ဒီလို တိုက်ခိုက်တဲ့ နေရာမှာ
လည်းထိထိရောက်ရောက်ဖြစ်စေချင်တယ်။ပစ်မှတ်မှတ်ပုံတင်ပြီး ပစ်ခတ်တာမျိုးထက် UAV တွေနဲ့
ကင်းထောက်ကာ ရန်သူတကယ်ရှိတဲ့ နေရာတွေ
ကိုပဲ လေယာဥ်တွေ သုံးပြီး
ထိထိရောက်ရောက်ကျဲချစေချင်တယ်။

နောက်တစ်ချက်စင်းစားမိတာ က ပထဝီအငိုက်
လူအငိုက်ပါ။ရန်သူဘယ်နေရာကနေ ခုခံရမှန်း
မသိအောင် တိုက်နိုင်တဲ့ စစ်ဗိုလ်ကို တိုက်စစ်ကျွမ်း
တယ်စစ်ဗိုလ်လို့ ခေါိပြီး ရန်သူက ဘယ်နေရာကနေ
တိုက်ရမှန်းမသိအောင် ခုခံနိုင်တဲ့ စစ်ဗိုလ်ကို ခံစစ်ကျွမ်း
တဲ့ စစ်ဗိုလ် လို့ ခေါ်သတဲ့။ဒါက ဆွန်ဇူ ပြောခဲ့တဲ့
စကားပါ။

ပြောချင်တာကတော့ ရန်သူကို မျက်နှာချင်းဆိုင်
ပြီး မတိုက်နိုင်သေးခင်မှာ ကိိုယ့်ရဲ့ လူမရောက်
ကျည်ရောက် စနစ်တွေ ထိရောက်ဖို့ ဆိုရင်တော့
ကိုယ်ဘယ်အချိန်မှာ ဗုံးကျဲရမလဲ၊ ရန်သူက ဘယ်လို
အနေအထားမှာ ရှိနေသလဲ၊ ကိုယ့်လက်နက်တွေ ရဲ့
ထိရောက်မှု က ဘယ်လောက်ရှိသလဲ ဆိုတာတွေ ကို
အသေးစိပ်တွက်ချက်လေ့လာပြီး ဒီစစ်ရေးစီမံချက်
ကို လက်တွေ့ရေးဆွဲကာ ကြိုတင်ချေမှူန်းထားသင့်
ပြီ။

ရန်သူကို သိရင် စစ်ပွဲ ၅၀% နိုင်သတဲ့။
မိမိတပ်ကို သိရင် စစ်ပွဲ ၅၀% နိုင်သတဲ့။
ရန်သူရော မိမိတပ်ပါ သိရင် စစ်ပွဲ ၁၀၀%နိုင်ပါသတဲ့
ဒါလည်း ဆွန်ဇူစစ်ပညာကျမ်းမှာ ပါပါတယ်။

ဒါကြောင့် ရန်သူကို သိဖို့
ရှမ်းမြောက်မှာ စစ်ဆင်ရေး တာဝန်
ထမ်းဆောင်စဥ် က ကြုံခဲ့ဖူးတဲ့
ရန်သူ့ အလေ့ အထ လေးကို နည်းနည်းဖောက်
သည်ချ ချင်တယ်။

ရှမ်းမြောက် က ရန်သူ ( ၆၅% ) က မူးယစ်ဆေးဝါး
သုံးပါတယ်။အရက်သောက်သူ ခပ်ရှားရှား။မူးယစ်ဆေးမှာ တောင် ရာဘလို ပန်းရောင်ဆေးပြားက မတိုးကြတော့လို့ ဘိန်းဖြူကို သုံးကြတာအများစုပါ။
ညဘက်ဆိုရင် ဒီဆေးတွေ သုံးပြီး မှိန်းကြတယ်။
မနက် ၄ နာရီနဲ့ ၆ နာရီ ကြားဆိုရင် ရင်းထ ပြီး
ဆေးပြန်သုံးဖို့ ဂနာ မငြိမ်  ဖြစ်တတ်ကြတယ်။
အဲဒီချိန်မှာ ဗုံးကျချဖို့ သင့်တော်သလို
ညဘက် က သာ တည်ငြိမ်နေတဲ့ ပစ်မှတ် ဖြစ်လို့
ညဘက်မှာ လေယာဥ်နဲ့ ဗုံးကျဲတာ ၊ အသုပ်စုံကျွေး
တာတွေလည်း လုပ်သင့်ပါတယ်။ညဘက် က
ပုံသေ ပစ်မှတ်လည်း ဖြစ်နေတာကိုး။

နောက်တစ်ချက် ရန်သူ စခန်းတွေ နယ်မြေတွေကို
အနီးကပ်ပြန်လည်သိမ်းယူဖို့ တိုက်ခိုက်တဲ့အခါ
မှာ ၂၀ ရာစုမှာ သုံးခဲ့ကြတဲ့ ဝက်ခေါင်းထိုးဗျူဟာတွေ
၊ Dog Fight တိုက်ခိုက်နည်း တွေ ၊ ဗီယမ်နမ်တွေ
သုံးခဲ့တဲ့ ခါးပတ်ဗျူဟာတွေ ကိုတော့ တက်နိုင်
သရွေ့ရှောင်သင့်ပါတယ်။၂၁ ရာစု မှာ စခန်းထဲက
ရန်သူ ဘယ်လိုနေသလဲ ၊ ဘယ်နေရာမှာ ရှိသလဲ၊
ဘယ်လို လှုပ်ရှားနေသလဲ က အဆုံး အကုန်ဒရုန်းတွေနဲ့ ကင်းထောက်လို့ ရနေတာမို့ ဒရုန်းတွေနဲ့
စိတ်ကြိုက်ကျဲချပြီး ရန်သူ အရူးမီးဝိုင်းဖြစ် နေတဲ့
အချိန်မှ မြေပြင်တပ်တွေ ဝင်သိမ်းတဲ့ ဗျူဟာ
မျိုးကျင့်သုံးသင့်ပါတယ်။ဒီနေ့ ခေတ် မှာ အမေရိကန်
တောင် ရဲဘော်သစ် စုရဖို့ ခေါင်းစာနေရတာမို့
လူအားထက် ခေတ်မီလက်နက်နည်းပညာအား
တွေယူပြီး ကိုယ့် ပိုင်နက်နယ်မြေကို ပြန်လည်
သိမ်းပိုက်ဖို့ ဆောင်ရွက်သင့်ကြောင်း အကြံပြု
ချင်ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ
ဒီကာလမှာ   နိုင်ငံတစ်ဝန်း စစ်မျက်နှာ
ပတ်ချာလည်ဖွင့်ထားရမှု ၊ မြန်မာတွေ အမျိုးသား
စည်းလုံးညီညွတ်မှုပြိုကွဲနေမှုနဲ့ သံတမန်စစ်မျက်နှာ
မှာ နိုင်ငံတကာကို ထိုးဖောက်နိုင်ရေး ရုန်းကန်နေရ
မှု တွေ ကို အခွင့်အကောင်း ယူပြီး ရန်သူ ဟာ
ပြည်ပနိုင်ငံ ရဲ့ လက်နက်နည်းပညာ အကူအညီ
တွေနဲ့ မတရားကျူးကျော်လာလို့ ခေတ္တ ဆုတ်ပေး
ခဲ့ရပေမဲ့ ကိုယ့်အချုပ်အခြာအာဏာအတွက် တန်ပြန်
ထိုးစစ်ကတော့ မဖြစ်မနေ လုပ်ရမှာပဲ။

ဒီလို တန်ပြန်ထိုးစစ်ကို ဆင်နွှဲတဲ့နေရာ မှာ စစ်ရေး
မျက်နှာစာ တစ်ခုတည်းကိုသာ အားပြုနေတာထက်
ရန်သူ ဘက်စုံစစ်ပွဲ ဆင်နွှဲရင် ကိုယ်လည်း တန်ပြန်ဘက်စုံ
စစ်ပွဲ ဆင်နွှဲနိုင်အောင် ပြင်ဆင်ထားသင့်တယ်။ရန်သူ
ဒရုန်း ဆိုရင် ကိုယ်က တန်ပြန် ဒရုန်းတွေနဲ့ တိုက်ဖို့လည်းပြင်ဆင်ထားသင့်တယ်။

ဒါမှသာ ကျွန်တော်တို့ရဲ့ ဘိုးဘွားပိုင်အမိမြေကို
ကမ္ဘာတည်သရွေ့ တည်တံ့အောင် ဆက်လက်ထိန်း
သိမ်းနိုင်မှာ ဖြစ်တယ်။

ဒါကြောင့်
တပ်မတော် ရဲ့ တရားသောစစ်အောင်မြင်မှာ
ကိုလည်း အပြည့်အဝ ယုံကြည်တယ်။

Crd:အောင်နိုင်သူ(24.11.23)

Post a Comment

Previous Post Next Post