ကိုးကန့်ဒေသအတွင်းရှိ တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် ပြည်ပမှ Drone ပညာရှင်များ စုစုပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

အကြမ်းဖက်အုပ်စုက စစ်သုံးအဆင့် Drone များဖြင့် Drop Bomb အလုံးပေါင်း ၂၅၀၀၀ ကျော်ခန့် အသုံးပြုခဲ့သလို ၁၀၇ မမ ရှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆို≋


ပြီးခဲ့သည့်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ဒေသအတွင်းရှိ တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင်TNLA၊ KIA၊ AA အဖွဲ့တို့အပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ Drone ပညာရှင်များ စုစု ပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက ဖုန်တာရွှင် ဦးစီးသည့်အဖွဲ့သည် ၂၀၁၅ ခုနှစ်ကလည်း တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ၂၀၁၆ ခုနှစ်တွင် လည်း မုန်းကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးခစန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ ၂၀၁၇ ခုနှစ်တွင် ရန်လုံကျိုင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် အာဏာပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့် လက်တွဲဆောင်ရွက်နေသည့် TNLA အဖွဲ့အနေဖြင့်လည်း မန္တလေး-လားရှိုး-သိန္နီလမ်းကြောင်းပေါ်ရှိ နောင်ချို၊ သိန္နီမြို့များကို တိုက်ခိုက်ခဲ့သကဲ့သို့ လားရှိုးမြို့ကိုလည်း နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ အဓိကအားဖြင့် Drone ကြီးများသုံး၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း။

Post a Comment

Previous Post Next Post