မူလသတ်မှတ်ချက်အတိုင်း အပ်ငွေစာရင်းဟောင်းများ ပြန်လည် အသုံးပြုနိုင်ဟု ကမ္ဘောဇဘဏ် (KBZ) ထုတ်ပြန်


နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး ငွေစုဘဏ်အပ်ငွေစာရင်းအပါအဝင် အပ်ငွေစာရင်းဟောင်းများကို မူလသတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ် (KBZ) ဘဏ်မှ ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အပ်ငွေစာရင်းဟောင်းများဖြစ်သည့် ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း၊ စာရင်းရှင်အပ်ငွေစာရင်း နှင့် စာရင်းသေအပ်ငွေစာရင်း တိုအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့ မှစတင်၍ မူလသတ်မှတ်ချက်များအတိုင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးထားတာ ဖြစ်ပါတယ်။

ယခုကဲ့သို မူလသတ်မှတ်ချက်များအတိုင်းပြန်လည်အသုံးပြုရာတွင် ငွေသားထည့်သွင်းခြင်း၊ ငွေလွှခြင်း နှင့် ငွေသားထုတ်ယူခြင်း စသည့်လုပ်ဆောင်ချက်များပါဝင်ကြောင်း လည်း သိရပါတယ်။

Post a Comment

Previous Post Next Post