Drone အသုံးပြုပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိဟု နစကပြောခွင့်ရဆို


အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေ၊ ရှမ်းပြည်နယ်(အရှေ့မြောက်)ပိုင်းရှိ အချို့သော တပ်မတော်စခန်းများအား ပြောင်းလဲလာသည့် စစ်နည်းဗျူဟာများအရ Drone အသုံးပြုပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်)တွင် ပြောကြားထားပါတယ်။

လောက်ကိုင်နားရှိ ရှင်ခုတ်ထန်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုရှိပြီး အမှတ်(၂၉ဝ) ခြေလျင်တပ်ရင်း တာမိုးညဲကိုလည်း Drop Bomb အလုံးရာချီဖြင့် တိုက်ခိုက်မှုများရှိခဲ့ကြောင်း နစက ပြောခွင့်ရက ပြောပါတယ်။ 

ထို့ပြင် ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ တပ်မတော်စခန်းအချို့အား Drone များဖြင် Drop Bomb များပစ်ချတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ယင်းကဲ့သို့ တိုက်ခိုက်မှုများကြောင့် အချို့သော စခန်းများကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းခဲ့ရပြီး ပြောင်လဲလာသည့် စစ်နည်းဗျူဟာများအရ Drone သုံးပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောပါတယ်။ 

Post a Comment

Previous Post Next Post