Legitimacy ဆိုတာ


xxxxxxxxxxxxxxxxxxxxxxxxxx
၁။  ဒီကနေ့ စစ်ပွဲတွေနဲ့ ပတ်သက်ရင် တပ်မတော် ထောက်ခံသူတွေ အားမလို ၊ အားမရ ဖြစ်ရတဲ့ အချက်တစ်ချက်ရှိတယ်။ ဒါက ရန်သူ့ကျဆုံးသတင်းကို တပ်မတော်ဖက်က ချပြ တာမျိုး လုံးဝ (လုံးဝ) မရှိတာပဲ။ လေယာဉ်နဲ့ ဗျင်းရင် နောက်တနေ့ စစ်ပွဲအောင်နိုင်ရေး ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးအတွက် သီးသန့် ဓာတ်ပုံတွေရိုက်ရင်တောင် အလောင်းတွေ ရာနဲ့ ချီ ရှိနိုင်တာတောင် တပ်က မလုပ်ခဲ့ဘူး။ ဒါက Legitimacy ဆိုတာ ဘယ်လောက် အရေးပါသလဲ ဆိုတာ မီးမောင်းထိုးပြတာဖြစ်ပါတယ်။
-----------
၂။ဒါက ထောက်လှမ်းရေးကဏ္ဍအတွက် စစ်ရေးစစ်ရာ လုံ(၄)လုံ အပိုင်းမှာ တပ်က သိုသိုသိပ်သိပ် လုပ်နေတာလား။ အင်ဒင်ကိစ္စတွေကို နမူနာ ယူနိုင်ခဲ့ပြီလား ဆိုတာကိုတော့ တပ်မတော်က တရားဝင် ထုတ်ပြန်မှသာ ပြည်သူတွေ သိနိုင်တော့မယ့် အချက်လည်းဖြစ်တယ်။
------------
၃။။ စစ်ပွဲသတင်းတွေဆိုရင် တက်နိုင်သမျှ ရှောင်ရေးလေ့ရှိပါတယ်။ ဒါက မြေပြင်တိုက်နေတဲ့ ကိုယ့်တပ်တွေအတွက် သတင်းလုံခြုံမှု ဖြစ်စေနိုင်အောင်လို့ပါ။ ရေးလို့ မကောင်းတဲ့ အရာတွေထဲမှာ စစ်သတင်းက Up to Date ဖြစ်စရာမလိုပါဘူး။  သာမာန် သတိပြု နိုင်ရုံလောက်ပဲ သုံးသပ်ရေးတာမျိုးလုပ်ခဲ့တာများတယ်။ ဥပမာ ကွမ်းလုံဟာ သံလွင်အရှေ့ခြမ်းအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာမျိုး။ MNDAA အနေနဲ့ ကိုးကန့်ဒေသကို လွတ်မြောက် ဒေသအဖြစ်နဲ့ ကြေငြာချင်ရင် လောက်ကိုင်ကို မဖြစ်မနေ တိုက်မှ ရလိမ့်မယ်ဆိုတဲ့ အချက်တွေလောက်ပဲ  သုံးသပ်ရေးပြခဲ့ဖူးတယ်။
----------------
၄။ ခုလည်း ဗမာလူမျိုး PDF တွေကို တချက်ပြောပြချင်မိတာပါ။ တိုင်းရင်းသား EAOs တွေဆိုတာ သူတို့မှာ အလီဘိုင်ပြစရာ တောင်းဆိုချက်တွေရှိပါတယ်။ ဒါတောင်  တချို့လုပ်ရပ်တွေက သူတို့ရဲ့ Autonomy ပျောက်သွားစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ MNDAA ရဲ့ တိုက်ပွဲ လက်တံဆိုတာက မြေပြန့် ပြည်မကြီးအထိ  ဆင်းလာစရာ အကြောင်းမရှိပါဘူး။  ဒါကို NUG ထိပ်ပိုင်းခေါင်းဆောင်တွေ စကားယုံပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပါပြီဆိုတာမျိုးက မဖြစ်နိုင်တဲ့ False Hope ဖြစ်ပါတယ်။ ကဲ ဒီမြို့ကို သိမ်းနိုင်ပြီ ပဲ ဆိုပါစို့။ NUG က ရုံးလာထိုင်နိုင်သလား။ PDF တွေကရော အစိုးရပုံစံ  အုပ်ချုပ်ရေး ယန္တရားတွေကို လည်ပတ်နိုင်မှာလား။ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုကို အသက်တွေနဲ့ ရင်းပြီး မိုက်လုံးကြီးတာက ရူးမိုက်မှု တစ်ခုပါပဲလို့ ပြောချင်မိတော့တာပါပဲ။ 

(နရီမိုး)

Post a Comment

Previous Post Next Post