ကိုယ်စိုက်ပျိုးသမျှ ကိုယ်ပြန်ရိတ်သိမ်းရတာလို့ပဲ မှတ်ပေါ့ဗျာ

၁။ ပြန်ဝန်ဟောင်း ဦးရဲထွဋ် Case က ဦးဌေးအောင် ဖြစ်စဉ်နဲ့ အလားသဏ္ဍန်တူတယ်။ ဦးဌေးအောင်လည်း အစိုးရကို ဒီလိုပြောခဲ့ဖူး၊ ရေးခဲ့ဖူးသေးတယ်။ အစိုးရအနေနဲ့ ငြိမ်ချက်သား ကောင်းနေတယ် ဆိုတာ ချက်ကောင်း မပိုင်သေးလို့ပါ။ ပုဒ်မ တပ်လို့ရနိုင်တဲ့ ကိစ္စလည်း ဖြစ်ရော အာမခံ မရနိုင်တဲ့ ပြစ်မှုနဲ့ နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့တာမျိုး လုပ်ခဲ့တယ်။
-----
၂။ ဦးရဲထွဋ်လည်း ရေးနေတာ ကြာပါပြီ။ စာရေးတတ်သူဖြစ်တော့ ပုံမှန်အားဖြင့် လွတ်အောင်ရေးနိုင်သေးတယ်။ တပ်မတော်သား တစ်ယောက်က ပုဂ္ဂိုလ်ရေး အမုန်းတရား တစ်ခုကို အခြေခံပြီး အဖွဲ့အစည်းအပေါ်မှာ မထီသလို ရေးရေးနေတာ အစကတည်းက ဘဝင်မကျခဲ့ဘူး။ သတိတချက်လွတ်ရင် ထောင် ၁၀ နှစ်ဆိုတာ ခုတော့ သူကောင်းကောင်း သဘောပေါက်လောက်ပါပြီ။ ပိုဆိုးတာက တပ်မတော်သားအချင်းချင်းအပေါ်မှာ Public နဲ့ စည်းဖောက်ပြတာတော့ အကျည်းတန်လွန်းတာပေါ့။
----
၃။ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်းဖြစ်တဲ့ ပုဒ်မ ၁၂၄ (ဃ)ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်က (၇)နှစ်ဖြစ်ပြီးတော့ ပြစ်မှုကျူးလွန်လာစေရန် သွယ်ဝိုက်အားပေးခြင်းဖြစ်တဲ့ ပုဒ်မ ၅၀၅(က)ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်က (၃)နှစ်ပါ။ စိတ်မကောင်းပေမယ့် ကိုယ်စိုက်ပျိုးသမျှ ကိုယ်ပြန်ရိတ်သိမ်းရတာလို့ပဲ မှတ်ပေါ့ဗျာ။

(နရီမိုး)

Post a Comment

Previous Post Next Post