MNDAA မှ ‌ဒေသခံများကို ဖမ်းဆီးမှုများ စတင်လာ


ပြီးခဲ့သည့် ( နိုဝင်ဘာ ၊ ၁၃ရက် ၊ ၂၀၂၃ခုနှစ် ) တွင် ရှမ်းပြည် မြောက်ပိုင်း မုံးကိုးမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုမှ ကိုရင်များကို MNDAA မှ ခေါ်ဆောင်သွားပြီး ကိုရင်အချို့ကို လူဝတ်လဲစေပြီး တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခိုင်းနေကြောင်း ဒေသခံများက သတင်းပေးပို့လာပါသည်။

ယခုရက်ပိုင်းအတွင်း သိန်းနီမြို့နယ် နမ့်ဇလပ်နှင့် စယ်အူကျေးရွာအုပ်စုမှ ဒေသခံလူငယ် (၂၀) ကျော်ကို MNDAA မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက သတင်းပေးပို့လာပါသည်။

MNDAA တပ်ဖွဲ့များသည် ပြီးခဲ့သည့် ( နိုဝင်ဘာ ၊ ၂၀ရက် ၊ ၂၀၂၃ခုနှစ် ) တွင် မုံးကိုးမြို့ဒေသခံပြည်သူများကို အိမ်ထောင်စုစာရင်းကောက်ယူပြီး ၊ မုံးကိုးမြို့ရှိ မိသားစုအိမ်တိုင်းမှ တစ်ယောက်သည် MNDAA စစ်တပ်တွင် တာဝန်ထမ်းဆောင်ရမည် ၊ လူငယ်မရှိသည့် အိမ်များမှ အသက်ကြီးသူများသည် တပ်ဖွဲ့ဝင်များအတွက် ထမင်းဟင်းချက်ပေးနိုင်သည်ဟု ပြောကြားခဲ့ကြောင်း မုံကိုးဒေသခံ ဦးလောက်ဖာက KSSM သတင်းဌာနကို ပြောကြားလာပါသည်။

နိုဝင်ဘာ ၊ ၂၃ရက် ၊ ၂၀၂၃ခုနှစ် တွင် မုံးကိုးမြို့ ဒေသခံများကို MNDAA တပ်၌ တာဝန်ထမ်းဆောင်ရ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ၊ အခုချိန်ဆို မုံးကိုးမြို့ပြည်သူအချို့ တရုတ်-မြန်မာနယ်စပ်မှာ စစ်‌‌ ရှောင်နေဆဲဖြစ်တယ် ၊ စစ်တပ်ကိုလည်း ကြောက်ရ ၊ အခုဆို ထပ်ကြောက်ရမည့်အဖွဲ့ဘယ်နှစ်ဖွဲ့ထပ် ပေါ်လာအုံးမယ် မသိသေးဘူးဟု မုံးကိုး ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ဆက်သွယ် အကြောင်းကြားလာပါသည်။

မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်စေ အာဏာရှင်ကိုတော်လှန်နေတာဖြစ်၍ တပ်ဖွဲ့အင်အားလိုအပ်သော်လည်း ပြည်သူလူထုများကို လေးစားမှုရှိပြီး ဝန်ထုတ်ဝန်ပိုး ထပ်မဖြစ်စေမိဖို့ အရေးကြီးတယ် ၊ အာဏာရှင်ကိုတိုက်ရင်း မိမိအဖွဲ့က အာဏာရှင်မဖြစ်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အထူးသတိပြုရမည်ဟု ရှမ်းမြောက် စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်နေသူ ရှေ့နေဦးဇော်ဆန်က KSSM သတင်းဌာနသို့ သုံးသပ်ပြောဆိုထားပါသည်။

ရှမ်းမြောက်ဒေသတွင် MNDAA, KIA, TNLA, SSPPနှင့် RCSS တပ်ဖွဲ့များသည် မိမိတို့ဒေသကို ကာကွယ်စောင့်ရှောက်ရန် အမျိုးသားရေးမူဝါဒ လမ်းစဉ်များအသီးသီးဖြင့် လှုပ်ရှားနေကြပါသည်။

မည်သည့်အဖွဲ့အစည်းဖြစ်စေ အမျိုးသားရေးတာဝန်များကို ပြည်သူသာအမိ ပြည်သူသာအဖဆိုသည့်အတိုင်း ဒေသခံမိဘပြည်သူများနှင့် သင့်သော်သော မူဝါဒ ဥပဒေများဖြင့် မျှမျှတတ လုပ်ဆောင်သင့်ပြီး ၊ အကြမ်းမဖက်မိဖို့အရေးကြီးကြောင်း နမ့်ခမ်းမြို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောဆိုလာပါသည်။

Photo Crd - Google

ဖမ်းဆီး
ကိုရင်(မုံးကိုး)
#MNDAA
#TheKachinSubStateMedia

ပုံ - MNDAA တပ်ဖွဲ့ဝင်များ

Post a Comment

Previous Post Next Post